နိုဝင်ဘာ ၂၇၊ ၂၀၁၂၊ YPI
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေရှိ ဖွင့်လှစ်ထားသည့် သပိတ်စခန်းများ ယနေ့ည ၁၂ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် နှင့် ဖယ်ရှားခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ယနေ့ည ၈ နာရီ သတင်းတွင် ထုတ်ပြန်ကြေညာသွားသည်။
သပိတ်စခန်းများ ဖယ်ရှားပေးရန် သတိပေးရသည့် အကြောင်းရင်းမှာ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ ဒေသခံတို့၏ လူနေမှုဘ၀၊ နိုင်ငံအကျိုးစီးပွားတို့ ရေတို ရေရှည် ထိခိုက်မှု အကျိုးရှိခြင်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းစစ်ဆေးမည်ဟု ဖေါ်ပြကာ ယင်းသို့ စစ်ဆေးနိုင်ရန် အလို့ငှာ စီမံကိန်းပုံမှန်လည်ပတ်နေမှသာ စစ်ဆေးနိုင်မည်ဖြစ်ကြောင်းနှင့် သပိတ်စခန်းများဖွင့်လှစ်ထားပါက စစ်ဆေးခြင်း မပြုနိုင်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။
သပိတ်စခန်းများ ဖွင့်လှစ်ထားသဖြင့် ကြေးနီစီမံကိန်း ယခုလ ၁၈ ရက်နေ့ကတည်းက မလည်ပတ်နိုင်ကြောင်းနှင့် စုံစမ်းစစ်ဆေးရေး ပြုလုပ်နိုင်ရန် သပိတ်စခန်းများ ဖယ်ရှားဖို့ လိုအပ်ခြင်းဖြစ်သည်ဟု လည်း မြန်မာ့ရုပ်မြင်သံကြား သတင်းကြေညာ ချက်တွင် ပြောဆိုသွားသည်။
လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း နှင့် ပတ်သက်၍ ယမန်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြသည့် တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၆ ဦးကို နိုင်ငံတော် အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်သို့ ယနေ့ပို့ဆောင်လိုက်ကြောင်း ယင်းလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် အမျိုးသမီးကွန်ရက်ဝင်တစ်ဦးက ပြောသည်။
Yangon Press International

မုံရွာမြို့ ချင်းတွင်းမြစ် ကမ်းနားတားရိုးပေါ်က သံဃာတော်များ၏ ထိုင်သပိတ်စခန်း ။ ။ Photo Credit : Aung Nay Myo |
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ယနေ့ည ၁၂ နာရီနောက်ဆုံးထား ဖယ်ရှားဖို့ သတိပေးပြီ
Reviewed by သစ်ထူးလွင်
on
21:01
Rating:
5 comments:
နိုင်ငံတော်မှကြမ်းတမ်းစွာပြုမှုပါက လုံးဝလက်ခံမည်မဟုတ်ကြောင်းသိစေချင်ပါသည်
ကဲအခု မှဇာတ်ကောင်းခန်းရောက်ပြီ။ ပြည်သူတွေကတော့ လိုအပ်ချက်အတွက်တိုက်ပွဲဝင်ခဲ့ပြီးပြီ။တစ်ချိန်ကပြည်သူတွေကိုဦးဆောင်ချင်ခဲ့သူတွေ ပါတီတွေ လူထုခေါင်းဆောင်လို့ ကိုယ့်ကိုကိုယ်ခံယူထားသူတွေ။ပေးအပ်ခံထားခဲ့ရသူတွေ ပြည်သူ့မျက်နှာကြည့်မယ့်သူတွေ ခုဘာလုပ်ကြမလဲ။ တော်ရုံတန်ရုံ အရည်အချင်းနဲ့တော့ အောင်ပွဲမရနိုင်ဘူး။
ပြည်သူချစ်တဲ့သမ္မတ ကြီးကော ဘယ်လိုဖြေရှင်းမလဲ။ပွဲကအရမ်းလှ သွားပြီ။
ည ၁၁ နာရီက မီးပျက်သွားတယ်
ခုချိန်ထိ မလာသေးဘူး
ဘုရား ဘုရား ဘာမှမဖြစ်ပါစေနဲ့
အခုလေးတင်အဲဒီေ၇ှ့ကပြန်လာခဲ့တာပါ။နဂိုအတိုင်းအေးအေးဆေးဆေးပါဘဲ။စိတ်မပူကြပါနဲ့။
နိုင်ငံတော်က အသရေရှိလို့လား အသရေဖျက်မှုနဲ့တရားစွဲရအောင်
Post a Comment