ရန်ကုန်တက္ကသိုလ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အဆို အနိုင်ရ

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် တင်သွင်းတဲ့ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အရေးကြီး အဆိုကို ချက်ချင်းဆွေးနွေး၊ ချက်ချင်း မဲခွဲဆုံးဖြတ်ရာမှာ မဲအပြတ်သတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဆိုကတော့ “ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်အား ပြုပြင်မွမ်းမံပြီး သင်ထောက်ကူပစ္စည်းများနှင့် ဘာသာရပ်ဆိုင်ရာ ပစ္စည်းများဖြင့် အဆင့်မီ တက္ကသိုလ်ကြီး တခု ဖြစ်မြောက်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ရေးရာ ကော်မတီ ကော်မရှင် အဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနဲ့ အသိပညာရှင် အတတ်ပညာရှင်များ ပါဝင်သည့် ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ကို ဖွဲ့စည်းပေးပါရန် ပြည်ထောင်စု အစိုးရအားတိုက်တွန်းကြောင်း” ဆိုပြီး ဖြစ်ပါတယ်။

အဆိုကို အရေးတကြီး တင်သွင်းရတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံကို နိုင်ငံတကာကနေ ပညာရေးနဲ့ ပတ်သက်ပြီး အကူအညီတွေ ပေးချင်နေကြတဲ့အကြောင်း၊ ကမ်းလှမ်းမှုတွေလည်း အများကြီး ရှိနေကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်ဖို့အတွက် တက္ကသိုလ်ပညာရေး အဆင့်မြှင့်ဖို့ လိုသလို ရန်ကုန်တက္ကသိုလ်ကိုလည်း အဆင့်မြှင့်တင်ဖို့လိုကြောင်း၊ နိုင်ငံတကာက အကူအညီပေးလိုသူတွေကလည်း အချိန် ကြာသွားရင် စိတ်ဝင်စားမှုလျော့နည်းသွားနိုင်ကြောင်း ဒါကြောင့် ဒီအဆိုကို အရေးတကြီး တင်သွင်းပါတယ်” ဆိုပြီး ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုကို ကချင်ပြည်နယ် အမတ် ဒေါ်ဒွဲဘူ အပါအ၀င် ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့သူ အမတ်တချို့က ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။

ပညာရေးဝန်ကြီးဌာန ၀န်ကြီးက “မြန်မာနိုင်ငံမှာ တက္ကသိုလ် ၁၆၀ ကျော် ရှိကြောင်း၊ ရန်ကုန်တက္ကသိုလ် တခုတည်းကို အဆင့်မြှင့်တင်လို့ မဖြစ်ကြောင်း၊ ဒီကိစ္စ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့အတွက် သီးခြား အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ မလိုသေးဘူး ထင်ကြောင်း၊ အဆိုကို မှတ်တမ်းအဖြစ်သာ ထားစေလိုကြောင်း” ပြန်လည် ပြောဆိုခဲ့ပါတယ်။

ပညာရေးဝန်ကြီးရဲ့ ဖြေရှင်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ပညာရေးစနစ် တခေတ် တခါတုန်းက အဆင့် မြင့်မားခဲ့ပြီး အနှစ် ၂၀ အတွင်း နိမ့်ကျသွားခဲ့ပုံ၊ တက္ကသိုလ် အားလုံး မဟုတ်ဘဲ လက်တွေ့ကျကျ ရန်ကုန်တက္ကသိုလ်ကို အဆင့်မြှင့်ဖို့ လိုအပ်ပုံ၊ အရာရာကို ဗဟိုက ချုပ်ကိုင်တာ လုပ်ဖို့မသင့်ပုံတွေ ပြောဆိုပြီး မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဆိုကို မဲခွဲဆုံးဖြတ်တဲ့အခါ ဆန္ဒမဲပေးခွင့်ရှိသူ ၃၇၆ ဦးရှိတဲ့ထဲက ထောက်ခံမဲ ၂၄၈ မဲ၊ ကန့်ကွက်မဲ ၆၄ မဲ နဲ့ ကြားနေမဲ ၉ မဲ ဖြင့် လွှတ်တော်က အတည်ပြု လက်ခံခဲ့တဲ့အတွက် မဲအပြတ်အသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဆို အနိုင်ရခဲ့ပါတယ်။

by ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည် အရေးကြီးအဆိုတင်သွင်း အသံဖိုင်နားဆင်ရန်။




ရန်ကုန်တက္ကသိုလ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အဆို အနိုင်ရ ရန်ကုန်တက္ကသိုလ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အဆို အနိုင်ရ Reviewed by သစ်ထူးလွင် on 21:21 Rating: 5

7 comments:

boy said...

ရှေ့ရေးမမျှော်တွေးတတ်သော ပညာရေးဝန်ကြီး နုတ်ထွက်သင့်ပါတယ်။

Unknown said...

ပညာရေးဝန်ကြီးက အသိပညာလဲ မရှိပါလား ဘာတဲ့ တက္ကသိုလ် ၁၆၀ ကျော်ရှိတယ်၊ အကုန်လုံးကို အဆင့်မြှင့်ချင်တယ်တဲ့လား ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံက တက္ကသိုလ်အားလုံးကို ကမ္ဘာ့အဆင့်မီ ထားလို့လဲ ကြားဖူးလား ပညာရေးဘတ်ဂျတ် တောင် တိုးမတောင်းရဲသေးဘဲနဲ့ အားလုံးကိုစီစဉ်နေ တယ်တဲ့လား၊သောက်ရူးအီးပန်း ရန်ကုန် မန္တလေး စတဲ့ တက္ကသိုလ်တွေကို အရင် မြှင့်စမ်းပါဦး လက်တွေ့ကျကျစဉ်းစားကြစမ်းပါ။

Unknown said...

သည်လောက်ကောင်းတဲ့ အဆိုကိုတောင် ကန့်ကွက်မယ့်သူက ရှိနေသေးလား၊ မင်္ဂလာရှိတဲ့ အဆိုမို့ အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့တောင်းဆိုပါရစေ။ ထောက်ခံတဲ့ အမတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့တွေ အစမ်းသပ်ခံ ပညာရေးရဲ့ သားကောင်ဘ၀လို ကလေးတွေကို ဆက်မဖြစ်စေချင်လို့ပါ။
အောင်ဝင်းခန့်

Lion King said...

ရန်ကုန်တက္ကသိုလ်ပြီးရင် အထက်မြန်မာနိုင်ငံအတွက် မန္တလေးတက္ကသိုလ်ကို ဆက်ပြီး အဆင့်မြှင့်ဖို့ ဆောင်ရွက်ပေးပါအမေစု။ ပြီးရင် တောင်ကြီးတက္ကသိုလ်တို့ မော်လမြိုင်တက္ကသိုလ်တို့ မြစ်ကြီးနားတက္ကသိုလ်တို့ ပုသိမ်တက္ကသိုလ်တို့ ဆက်ပြီး စဉ်းစားပေးစေချင်ပါတယ်။
ပြီးရင် တက္ကသိုလ်တွေကို သင်ကြားရေးအပိုင်း၊ သုတေသနအပိုင်း၊ ၀န်ထမ်းခန့်ထားမှုအပိုင်း စတာတွေမှာ သီးခြားလွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ရှိဖို့ ဆက်ပြီး တိုက်ပွဲဝင်ပေးပါအမေစု။

Fu said...

ပညာရေးဝန်ကြီးကလဲ ကြောင်လိုက်တာနော်.. ဘယ်လို ဝန်ကြီးလုပ်နေတာလဲ မသိဘူး။
ဒီအချိန်မှာမှ မလုပ်ရင် ဘယ်အချိန်မှာ လုပ်မှာလဲ..
ငါတို့ဘဲလုပ်မယ်.. ငါတို့ လုပ်ရမဲ့ အလုပ်ကို ဝင်မလုနဲ့ဆိုတဲ့ စိတ်ထားနဲ့လား..
ဒါမျိုးစိတ်ထားနဲ့ ဆိုရင် တိုင်းပြည်က ဘယ်တော့မှ မတိုးတက်ဘူး..။

Unknown said...

စိတ်တွေမြင့်ဖို့ ၊အပြောမဟုတ်အလုပ်လုပ်ကြရန်လိုပါတယ်၊ win

Unknown said...

အပြောသက်သက်မဟုတ်၊အလုပ်လုပ်ကြရန်လိုအပ်ပါတယ်

Powered by Blogger.