ပြည်တွင်းထိပ်တန်း ကုမ္ပဏီကြီးများက စက်သုံးဆီများ တရားမဝင် ခိုးသွင်းခဲ့

၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ ပြည်တွင်း စီးပွားရေး ထိပ်တန်း ကုမ္ပဏီများ ဖြစ်သည့် ရွှေသံလွင်၊ ရာဇာမင်း၊ ကံလင်းသူ၊ မြေပြန့်သား၊ မြန်မာ့စည်းစိမ် ကုမ္ပဏီများ၏ တန်ချိန် ထောင်ချီဆံ့သော ဆီတင် သဘောင်္ကြီးများဖြင့် တရားမဝင် မှောင်ခို တင်သွင်းခဲ့ကြောင်း-----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ပြည်တွင်းထိပ်တန်း ကုမ္ပဏီကြီးများက စက်သုံးဆီများ တရားမဝင် ခိုးသွင်းခဲ့ ပြည်တွင်းထိပ်တန်း ကုမ္ပဏီကြီးများက စက်သုံးဆီများ တရားမဝင် ခိုးသွင်းခဲ့ Reviewed by သစ်ထူးလွင် on 06:11 Rating: 5

8 comments:

Lutint said...

ဂုဏ်သရေရှိ၊ အမိန့်ရ ၊ ထိတို့မရ စာရင်းများ ကို ၀မ်းမြောက်စွာဖြင့် ဆက်လက်စောင့်စား နေပါသည်။

Taw Thar Gyi said...

ဒီကိစ္စကရေတပ်ရယ်နယ်မြေခံစစ်တိုင်းဌာနချုပ်ရယ်စစ်ဖက်ရေးရာ
တပ်ဖွဲ့တွေနဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်။ဒီဆီတင်သင်္ဘောတွေ
ဟာရေတပ်ကမသိဘဲနဲ့မြန်မာ့ရေပိုင်နက်ထဲဝင်လာလို့မရပါဘူး။
ပင်လယ်ပြင်ကင်းစောင့်စစ်ရေယာဉ်မှူးတွေဟာအဲဒီဆီတင်သင်္ဘော
တွေပေးတဲ့လာဘ်လာဘတွေနဲ့ကျိကျိတက်ချမ်းသာနေကြတယ်။
သူတို့ပေးစာကမ်းစာရတဲ့ရေတပ်ဗိုလ်ချုပ်ကြီးတွေတောင်နန်းတော်
လိုအိမ်တွေဆောက်နိုင်ကြတယ်။ရေတပ်ကဆီတင်သင်္ဘောတွေ
တင်မကဘူး၊ငါးဖမ်းသင်္ဘောတွေကိုလည်းလာဘ်ယူပြီးပင်လယ်
ပြင်ရေပိုင်နက်ကိုခုထိရောင်းစားနေကြတုန်းပဲ။ရေတပ်ကဖိုက်ဆီးရီးလို့ခေါ်တဲ့ 551,552,553,554,555.................559,........56......
စတဲ့သင်္ဘောတွေမှာစစ်ရေယာဉ်မှူးခန့်အပ်ခံရဘို့စစ်ဦးစီး
အရာရှိချုပ်(ရေ)နဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ)တို့ကိုသိန်း
တစ်ရာနဲ့အထက်လာဘ်ပေးမှရတယ်။အဲဒီသင်္ဘောတွေက
ပေါ့ပေါ့ပါးပါးနဲ့မြန်နှုန်းသိတ်ကောင်းပြီးခေတ်မီအမြောက်တွေ
တပ်ထားလို့ထိုင်းငါးခိုးသင်္ဘောတွေသိတ်ကြောက်တယ်။အဲ
ဒီသင်္ဘောတွေမှာစစ်ရေယာဉ်မှူးအခန့်ခံရပြီဆိုတာနဲ့ရေတပ်
မှာပွဲပြီးသွားပြီလို့ဆိုကြတယ်။စစ်ရေယာဉ်မှူးတယောက်လုပ်ရဲ
ရင်လုပ်ရဲသလိုသိန်းတသော င်းကနေသိန်းငါးသောင်းလောက်
ထိတနှစ်အတွင်းစုဆောင်းမိတယ်။ဘာမှမလုပ်ရဲရင်တောင်
ထိုင်းငါးခိုးသင်္ဘောပိုင်ရှင်သူဌေးတွေရဲ့မျက်နှာလွဲတွေကအဲဒီစစ်
ရေယာဉ်မှူးတွေရဲ့အိမ်ထိလာဆက်သွယ်တယ်။စစချင်းမှာသ
င်္ဘောပေါ်တောင်မရောက်သေးဘူး Appointment letter(ms
order) ရတာနဲ့သူ့အိမ်ကိုမျက်နှာလွဲတွေရောက်လာပြီးမိတ်
ဆက်ကြေးသိန်း(၅ဝဝ)စီလောက်တော့လာပေးတာပဲ။ 5 series
စစ်ရေယာဉ်မှူးတွေဟာမြန်မာ့ပင်လယ်ပြင်မှာတော့အိုဘားမား
ထက်အများကြီးတန်ခိုးထွားတယ်။ရေတပ်မှာရာထူးကြီးကြီးရ
နေကြတဲ့သူတွေဟာအဲဒီ 5 series တာဝန်ကျဘူးပြီးဦးစီးချုပ်
(ရေ)ကိုသိန်းပေါင်းများစွာလာဘ်ပေးခဲ့ကြတဲ့သူတွေများတယ်။
ရာထူးမရပဲနယ်ဘက်ပြောင်းသွားသူတွေ၊ရိုးရိုးထွက်သွားသူ
တွေလည်းအပြင်မှာအရမ်းကိုချမ်းသာကြတယ်။ပင်လယ်ပြင်
မှာသိန်းထောင်ချီရတာကတော့ရှင်းပါတယ်။လောလောဆယ်
ထိုင်းငါးဖမ်းသင်္ဘောကဝါးလတ်တစင်းသိန်းခြောက်ထောင်၊
ဝါးတန်း(ဝိုင်းပိုက်)တစင်းသိန်းကိုးထောင်တန်တယ်။ထိုင်းငါး
ဖမ်းသင်္ဘေင်္ာ(မြန်မာ့ပင်လယ်ပြင်မှာခိုးဖမ်းနေတဲ့)အုပ်တအုပ်
မှာအစီးရေ(၅ဝ)နဲ့(၂ဝဝ)အထိပါတယ်။အဲဒီလာဘ်ယူထားတဲ့
စစ်ရေယာဉ်မှူးတွေဟာအဲဒီငါးဖမ်းသင်္ဘောအုပ်စုတွေကိုမမြင်
ချင်ယောင်ဆောင်ပေးရုံပါဘဲ။အထက်ကဖိအားပေးတာမျိုး
တွေဘာတွေကြောင့်တခါတလေဖမ်းရဆီးရရင်လည်းသူတို့
ကိုလာဘ်မပေးထားတဲ့ဒေသခံမြိတ်၊ကော့သောင်းကမြန်မာ
တွေပိုင်တဲ့(တရားဝင်လိုင်စင်)သင်္ဘောတစီးတလေကိုမော်
တော်ပီကယ်ကားလိုင်စင်စစ်သလိုအပြစ်ရှာပြီးဖမ်းအပ်လိုက်
တာပါဘဲ။ပြည်သူ့ဘဏ္ဏာနဲ့ဝယ်ထားတဲ့စစ်သင်္ဘောကြီးတွေ
ကိုသုံးပြီးရေတပ်အရာရှိတွေငွေရပေါက်ဘယ်လောက်
ချောင်နေကြတယ်ဆိုတာသိနိုင်ပါတယ်။အခုနိုင်ငံတော်အခွန်
မရတဲ့ဆီမှောင်ခိုကိစ္စမှာလည်းရေတပ်ကအဓိကပါပဲ။အရင်
စစ်အစိုးရလက်ထက်ကလည်းဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ချစ်သမက်
တော်လေး တင်ထွဋ်(ဦးပေါ်ခံသန်း ရဲ့သား)ဟာရေတပ်ကဆီ
တင်သင်္ဘောတွေကိုပါတရားဝင်ဌားရမ်းပြီးဆီမှောင်ခိုကိုဗြောင်
သွင်းခဲ့တယ်နိုင်ငံတော်အခွန်တပြားမှမရပါဘူး။ရေတပ်ဌာနချုပ်မှူးတွေနဲ့ကာချုပ်(ရေ)ကိုတော့ပေးကမ်းရကြောင်းသိရပါတယ်။
ကျန်တာကတော့ဆီမှောင်ခိုသွင်းတဲ့နေရာကတိုင်းစစ်ဌာနချုပ်
နဲ့စစ်ဖက်ရေးရာထောက်လှမ်းရေးတွေလာဘ်ယူတာပါ။ပင်
လယ်ပြင်ကနိုင်ငံပိုင်သယံဇာတတွေ ဘီလျံပေါင်းထောင်သောင်းချီဆုံးရှုံးနေရတာတွေ၊နိုင်ငံ့အခွန်
မရတဲ့ကိစ္စတွေအတွက်အဓိကတာဝန်ရှိတဲ့မင်းကြီးတာက
တော့ရေတပ်ပါပဲ။အခုလည်းအခွန်အတွက်အဓိကတာဝန်အရှိ
ဆုံးဝန်ကြီးနေရာကို အဲဒီမင်းကြီးတာကထွက်ခဲ့တဲ့ရေတပ်ကဗိုလ်ချုပ်ဝင်းရှိန်ကိုခန့်
လိုက်ပြန်ပါတယ်။ကိုသာဆိုးဘဲဖြစ်တော့မှာပေါ့။မြန်မာပြည်သူ
တွေအမြန်ချမ်းသာကြပါစေ။နိုင်ငံတော်ကြီးရသင့်တဲ့အခွန်တွေ
ရပါစေ

ူlay said...

ဘယ်သူတွေပါလဲစစ်မယ်.....တဲ့..အဲဒါဆိုရင်တော့..ကြာမဲ့
သဘောဘဲ...အရှက်အကြောက်မရှိတဲ့လူတွေကို..ဘယ်လိုလုပ်ရပါ့....

Unknown said...

ဒီဆီမှောင်ခိုတွေကို ထုတ်ဖေါ်အရေးယူလိုက်ရင်နိုင်ငံတော်အတွက်အခွန်ငွေ
များတိုးတက်လာမည်ဖြစ်ပါသည်သို့သော် အခွန်အကောက်ကြောင့်တရားဝင်
ပြုလုပ်ခဲ့ပါက ဆီဆေး ယခုလက်ရှိထက်ပိုမိုမြင့်တက်နိုင်ဖွယ်ရာရှိပါသည်။
နိုင်ငံတော်အတွက်လည်းအကျိုးရှိအောင် ပြည်သူတွေကိုလည်းသုံးစွဲမှူဈေး
နှူန်းသက်သာအောင် စဉ်းစားဆောင်ရွက်ပေးစေလိုပါသည်။လွှတ်တော်
သတင်းတွေကိုဖတ်လိုက်ရတာကတော့ နိုင်ငံတော်မှာ တခုခုထူးခြား
မှူရှိတိုင်း စီစစ်ရေးကော်မတီ။စုံစမ်းရေးကော်မတီ။လုပ်ဆောင်ရေးကော်မတီ
လွှတ်တော်မှာလည်းကော်မတီတွေဖွဲ့စည်းနေတာနဲ့ မဆုံးနိုင်ဘူးဖြစ်နေပါ
တယ်။ကော်မတီတရပ်ဖွဲ့စည်းပြီး ထူးခြားတိုးတက်/ဆုတ်ယုတ်မှူလေးတွေ
ကို ပြန်လည်သတင်းထုတ်ပြန်ပေးစေချင်ပါသည်။နိုင်ငံရေးလုပ်ခြင်းမဟုတ်ပါ
ပြည်သူ့ထင်မြင်ချက်ကို ရိုးသားစွာတင်ပြခြင်းဖြစ်ပါသည်။

MG HLAING said...

လုပ်ပိုင်ခွင့်အားလုံး ရုတ်သိမ်းသင့်တယ်။

aristhteinwin said...

ချမ်းသာတဲ့သူများ လောဘ မသတ်နိုင်ဘူး။ ငတ်ပြတ်နေတဲ့ လယ်သမားတွေရဲ့ လယ်မြေတွေလဲ မတော်လောဘနဲ့ သိမ်း -ဂုတ်သွေးစုတ်-ဆိုတော့-ချစ်တီ သေလို့ ဝင်စားလာသလားထင်ရတယ်။
ငရဲပြည်တော့ မြန်မာပြည်က ခေတ်ပျက်သူဌေးကြီးတွေနဲ့ 

နေရာပြည့်နေတော့မယ် ထင်ပါ့-
ယမမင်းကတော့ ချမှတ်ထားတဲ့ စည်းကမ်းဥပဒေဘောင်ကျော်ပြီး လုပ်ပိုင်ခွင့်မရှိဘူး။ ဒါကြောင့် ဒင်းတို့ ငမိုက်သားတတွေ ယမမင်းနဲ့ ပေါင်းပြီး အကြံအဖန်တွေ လုပ်မယ်လို့ နဲနဲမှ စိတ်မကူးနဲ့ - ယမမင်းက ချမှတ်ထားတဲ့ စည်းကမ်းဥပဒေဘောင်ကျော်ပြီး ဘာမှ မလုပ်ဘူးနော်- သိလား--

sw said...

ဒီအဆိုတင်သွင်တာ အသားလိုလို့အရိုးတောင်းတာများလား Dr.ဝင်းမြင့်အဆိုမှာ မှောင်ခိုစက်သုံးဆီတစ်လ တန်၅သောင်းအတွက် နိုင်ငံတော်မှအခွန်ငွေကျပ်သန်းပေါင် ၅သောင်းလို့ဖေါ်ပြပါတယ် ဒါကြောင့်ဆီတစ်တန်ကိုအခွန်ငွေ တစ်သန်းပေးဆောင်ရမှာဖြစ်လို့ စက်သုံဆီတစ်လီတာကိုတစ်ထောင်ကျပ်အခွန်ပေးရလျင် ယနေ့ဈေကွက်တွင်မည်သည့်အတွက်ငွေတစ်ထောင်မကျော်သည့်ဈေးဖြင့်ရောင်းနိုင်တာလဲ ပွင့်လင်းမြင်သာသောအခွန်စနစ်အဖြစ်ပြည်သူအားလုံးသိသင့်ပါပြီ။ အကောင်ကြီးကြီးတွေဘဲလုပ်စားရဲနေတဲ့ခေတ်လဲကုန်ဆုံးသင့်ပါပြီ။ ။

Anonymous said...

ဖမ်းဆီးဖေါ်ထုတ်တာကောင်းပါတယ်ထိရောက်စွာအ ရေးယူပေးဖို့ ထိရောက်သောပြစ်ဒဏ်ချမှတ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ လုပ်ငန်းကြီးလုပ်လေ လေပိုလိမ်လေ ပိုမသမာလေ လေပါဘဲ။

Powered by Blogger.