အင်းတော်မြို့နယ်၊ ဖားပန်ကျေးရွာအနီး တံတားအမှတ် (၄၇၈) တွင် ရထားသံလမ်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားခြင်း

စစ်ကိုင်းတိုင်း၊ကသာခရိုင်၊အင်းတော်မြို့နယ်၊ပင်ဝယ်ကျေးရွာနှင့် (၃)မိုင်အကွာ ၊ မော်လူးကျေးရွာ နှင့် (၇)မိုင်အကွာ၊ မိုင်တိုင်အမှတ် (၅၉၉/၂၃) နှင့် (၅၉၉/၂၄) အကြား၊ ပေအရှည် (၈၀) ရှိသောတံတားအမှတ် (၄၇၈) တွင် နိုဝင်ဘာလ(၁၇)ရက်နေ့ ည (၁၁) နာရီ ခွဲ အချိန်တွင် မိုင်းပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။

 မိုင်းကြောင့် ရထားသံလမ်းအောက်တန်း ဂါတာ ပလိပ်ပြား (၇)ပေခန့် ၊ သံလမ်းပြေးလမ်းအရှေ့ဘက် တွင် (၃) ပေခန့်၊ အနောက်ဖက် တွင် (၂)ပေခန့် ပြတ်တောက်တွန့်လိမ်သွားပြီး ဇလီဖားတုံး(၁၂)တုံးခန့် ပျက်စီးသွားခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပြီး မော်လူးဘူတာ မှ ည(၁၁)နာရီ(၂၈)မိနစ် အချိန် ထွက်ခွာခဲ့သော အမှတ် (၅၈)အစုန် အမြန်ရထား အား တံတားစောင့် မှ မီးနီပြ ၍ ရထားကို အရေးပေါ်ရပ်တန့်စေခဲ့သဖြင့်(၅၈)အစုန်မှ ရထားစီးခရီးသည်ပြည်သူတို့၏အသက်ပေါင်းများစွာကိုလက်မတင်လေးကာကွယ်စောင့်ရှောက်နိုင်ခဲ့သည်။

သတင်း - ဓါတ်ပုံ ။  ။ Katha Town









အင်းတော်မြို့နယ်၊ ဖားပန်ကျေးရွာအနီး တံတားအမှတ် (၄၇၈) တွင် ရထားသံလမ်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားခြင်း အင်းတော်မြို့နယ်၊ ဖားပန်ကျေးရွာအနီး တံတားအမှတ် (၄၇၈) တွင် ရထားသံလမ်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားခြင်း Reviewed by သစ်ထူးလွင် on 22:07 Rating: 5

No comments:

Powered by Blogger.