ကေအိုင်အေ ကချင် တပ်ဖွဲ့နဲ့ အစိုးရ တပ်တွေအကြား တိုက်ပွဲ တွေမှာ အစိုးရ စစ်တပ်က ပိုပြီး ခံနေရတယ်လို့ တပ်မတော် အရာရှိတွေက ရင်ဖွင့် ပြောဆိုမှုတွေ ရှိနေပါတယ်။ သမ္မတရဲ့ ငြိမ်းချမ်းရေး အမိန့်အရ စစ်တပ် ဘက်က တဖက်သတ် အပစ် အခတ် ရပ်ထား ရတာကြောင့် တပ်မတော်က ဘာမှ မလုပ်သာဘဲ ဖြစ်နေတယ်လို့ တပ်မတော် အရာရှိတွေက ပြန်ပြောတယ် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကချင် တပ်သားတွေ ဘက်က တိုက်ခိုက်တာကို အစိုးရ စစ်တပ်ကလည်း ပြန်တိုက်ချင် |
သမ္မတရဲ့ ငြိမ်းချမ်းရေး အစီအစဉ် တပ်အတွက် ခက်ခဲ
Reviewed by သစ်ထူးလွင်
on
08:51
Rating:
5 comments:
KIA ရဲ့နောက်မှာ တရုတ်ရှိနေ (နိုင်) တယ်။
ပြည်တွင်းမှာ တရုတ်အကျိုးစီးပွါးတွေကို ပြည်သူတွေက
ဆန့်ကျင်လာနေကြတယ် (ဒါကလည်းအနှစ်နှစ်အလလ
တည်းက တစ်တိုင်းပြည်လုံး အောင့်အီးပြီးအစာမကြေခဲ့
ကြေခဲ့ကြတာပါ ။ ခရိုနီ တစ်စု နဲ့ ဗျူရိုကရက် တစ်အုပ်ကလွဲ
ရင်ပေါ့။)
Democratic Government အနေနဲ့လည်း ခုချိန်မှာပြည်သူ့
ဆန္ဒကို ဖြည့်ဆည်းရှေးရှုနေရပြီဆိုတော့ တရုတ်တွေ ဒီအခြေ
အနေကို လက်ခံ ဖို့တော်တော်ခက်ခဲနေလိမ့်မယ်။ (ဘာလို့
လည်းဆိုတော့ မြန်မာဆိုတာသူတို့အတွက် တစ်သက်လုံး
ခြင်းထဲကကြက်ပဲလေ။ ခုမှခြင်းထဲကလွတ်ပြီးတောင်ပံခတ်သံ
တွေပြင်းထန်လာနေတာကိုး။ )
ဒါကိုသူတို့သိပ်အမြင်မကြည် လက်မခံ ချင်တော့ဘူး။
အဲဒီတော့အရင်လို ခြင်းထဲပြန်ထည့်ထားချင်လာပြီ
(ပြည်တွင်းစစ်ခြင်းလေ။)
ကချင် ရှမ်း အစရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကို
သမိုင်းတစ်လျှောက်လုံး သူတို့တစ်ဖက်လှည့်နဲ့မွေးခဲ့တာပါ။
မြန်မာကို ခြံစည်းရိုးနှဲ့ဖို့ နဲ့ ဂုတ်ကခွကိုင်ထားနိုင်ဖို့ပေါ့။ တရုတ်
စစ်သားတစ်ယောက်မှ သွေးမြေမကျရဘဲ သူ့လူအချင်းချင်း
ပြန်တိုက်ခိုင်းရင်း အချိန်တွေကြာလာတာနဲ့အမျှ လူ
လက်နက် ငွေကြေး အစစအရာရာ သူတို့အပေါ်ပြန်မှီခိုလာ
အောင် ဗျူဟာမြောက်လုပ်ခဲ့တာပါ။
အဲဒီအကြောင်းချင်းရာတွေကို ကျွန်တော်တို့အားလုံးနားလည်
သိမြင်လာပြီဆိုရင် လုပ်နေဆဲ ( peace processes ) တွေမှာ
အနာသိဆေးရှိစေချင်ပါတယ်။
admin အနေနဲ့ ဒီcomment ကိုမဖျက်ဖို့ မေတ္တာရပ်ပါတယ်။
တကယ်တော့ကျွန်တော်တို့တိုင်းပြည်ဟာ နှစ်ပေါင်း ၅၀
ဆီုဗီယက် တရုတ် စတဲ့နိုင်ငံတွေကိုမှီခိုခဲ့ရလို့ ခုချိန်မှာဖြစ်ပေါ်
နေတဲ့ နိုင်ငံရဲ့ဥပဓိရုပ်ကိုလဲပြနကြည့်ပါဦး။ ရစရာမရှိအောင်
အဖက်ဖက်ကစုတ်ပြတ်အောက်တန်းကျနေရပါပြီ။
ဒါကိုခုချိန်မှာတိုင်းပြည်ရဲ့ဦးဆောင်သူအခန်းကဏ္ဍမှာပါဝင်
ဆောင်ရွက်ခွင့်ရတဲ့သူတွေက အခွင့်အရေးကြီတစ်ခုလို မိမိ
ရ ရ ဆုပ်ကိုင်အသုံးချစေချင်ပါတယ်။ တိုင်းပြည်ဆန့်ကျင်ဖက်
ရလဒ်တွေနဲ့ကြီးပွားတိုးတက်သွားအောင်လုပ်ပေးနိုင်ခဲ့တဲ့
ခေါင်းဆောင်ကြီးတွေအဖြစ် သမိုင်းတွင်ကျန်ခဲ့မယ့်အခွင့်
အရေးကြီးအဖြစ်နဲ့ပေါ့။
ငြိမ်းခြမ်းရေးဆွေးနွေးပွဲကိုမတက်ဘူးဆိုတော့ငြိမ်းချမ်းရေးမလိုချင်လို့ဆိုတာရှင်းနေတာဘဲ
ကိုယ့်လူမျိုးတွေအတွတ်လဲထည့်မစဉ်းစားဘူး
မြေလှန်ပစ်တာကိုထောက်ခံတယ်။
ဟုတ်ပါ့မလားဗျာ- ကျနော်ကတော့ မယုံဘူး။ စစ်တပ်က လူ အင်အား လက်နက်အင်အား အများကြီးသုံးပြီး စစ်တိုက်နေတာ- နောက်ပြီးတော့ လွှတ်တော်ထဲမှာ ၂၅ ကျပ်သားတွေက မတင်ပြဘဲ ဘာကြောင့် ဦးဖုန်းမြင့်အောင် က တင်ပြနေတာလဲ- ဒါလဲ စဉ်းစားစရာဘဲ- လွှတ်တော်ထဲမှာ ၂၅ ကျပ်သားတွေ ပြောလိုက်ရင် ကျန်လွှတ်တော်အမတ်တွေက မေးခွန်းမေးလာမှာ စိုးရိမ်လို့  ဥိးဖုန်းမြင့်အောင် မှ တဆင့် ရင်ဖွင့်တာလား။ စစ်တပ်ရဲ့ သဘောထားကို စစ်တပ် ကိုယ်စားလှယ်က တင်ပြမှ သဘာဝကျမှာပေါ့-
ငြိမ်းချမ်းရေးလမ်းစဉ် ဟူသည် ခုရေတွင်းတူးခုရေကြည်သောက် လမ်းစဉ်မျိုးမဟုတ်ပါ။ ရလာမဲ့ ရလာဒ်ကလည်း အဖိုးအနဂ္ဃထိုက်တန်ပေသည်။ ရေရှည်အကျိုးရှိသည်။ ဘက်ပေါင်းစုံက ကောင်းကျိုးရမည်။ စစ်လမ်းစဉ်က မြန်မြန်အဖြေထွက်သည်။ နောက်ဆက်တွဲရလာဒ်ကောင်းရဘို့ မသေချာ မရေရာပါ။ မပြီးဆုံးသော အမုန်းတရားများက နောက်ထပ်စစ်ပွဲများစွာ ဆင်နွဲခိုင်းနေဦးမည်။ ကြိုက်ရာရွေးချယ် လမ်းနှစ်သွယ်။
တိုက်ပါအပြုတ်တိုက်ပစ်ပါ။ကချင်အဖွဲ့ကတမင်တကာကန့်လန့်တိုက်နေတာပါ။ငြိမ်းချမ်းေ၇းမ၇အောင်တမင်လုပ်နေတာပါ။
Post a Comment