တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် အစိုးရအဖွဲ့မှ ကတိတည်ရန်လို

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တိုက်ပွဲများ ဆက်လက် မဖြစ်ပွားစေရန် အစိုးရမှ ကတိတည်ရန် အရေးကြီးကြောင်း ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့မှ ဗိုလ်ချုပ် ဆေထင်မှ ပြောကြားသည်။

အဆိုပါ ပြောကြားချက်ကို ယနေ့ ကျင်းပ ပြုလုပ်သော ရှမ်းအမျိုးသားများ ငြိမ်းချမ်းရေးအတွက်
ယုံကြည်မှု တည်ဆောက်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ အပစ်အခတ်ရပ်စဲပြီး ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်ခဲ့ပါတယ်။ တောင်ပိုင်းမှာ ၅၀ ကျော်ဖြစ်ခဲ့တယ်" ဟု ၄င်းကဆိုသည်။

အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေး တာဝန်ရှိသူများက ကတိကဝတ်များပေးထားသော်လည်း တပ်မတော်မှ လိုက်နာခြင်းမရှိဟု ၄င်းက ဆက်လက်ပြောဆိုသည်။

The Voice Weekly


တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် အစိုးရအဖွဲ့မှ ကတိတည်ရန်လို တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် အစိုးရအဖွဲ့မှ ကတိတည်ရန်လို Reviewed by သစ်ထူးလွင် on 21:49 Rating: 5

2 comments:

Unknown said...

ဗိုလ်ချုပ်ဆေထင်ပြောတာကိုလုံးဝထောက်ခံတယ်

diplomat said...

အစိုးရအဖွဲ့ပဲ ကတိတည်ခိုင်းမနေပါနဲ့ ခင်ဗျားတို့ ရှမ်းပြည်တပ်မတော်တို့ kio,kia တို့လဲ ကတိတည်ဖို့လိုပါတယ်... လက်ခုပ်က တစ်ဖက်တည်း
တီးလို့မှမမြည်တာ...အ၇ွယ်မရောက်သေးတဲ့ ကလေးတွေ အလိုမတူပဲနဲ့ စစ်မှုထမ်းခိုင်းတဲ့အမျိုးသမီးကို ကိစ္စလဲ ထည့်စဉ်းစားပေါ့....လုံးဝမလုပ်ဖို့
ရွယ်တွေကို အလိုမတူပဲ ဆပ်ကြေးတာတွေကောပေါ့

Powered by Blogger.