မင်းမဲ့စရိုက် ဆန်ဆန်ရမ်းကားမှုများ မပြုလုပ်စေရန် ရဲတပ်ဖွဲ့ မှ ထိန်းသိမ်း ဆောင်ရွက်နေမှုများ
ရန်ကုန်တိုင်း ဒေသကြီး  နယ်မြေအတွင်း ညအချိန်များတွင် ပြိုင်ကားများအား အုပ်စုဖွဲ့ ၍ စည်းကမ်းမဲ့ ရမ်းကား မောင်းနှင်မှုများနှင့် နိုက်ကလပ်များမှ မူးယစ်သောက်စား ကခုန်ပြီး အပြန် ပြိုင်ကားများ စည်းကမ်းမဲ့ မောင်းနှင်မှုများကြောင့် မလိုလား အပ်သော ရန်ဖြစ် ရမ်းကားမှု ၊ လူသတ်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မင်းမဲ့စရိုက် ဆန်ဆန်ရမ်းကားမှုများ မပြုလုပ်စေရန် ရဲတပ်ဖွဲ့ မှ ထိန်းသိမ်း ဆောင်ရွက်နေမှုများ မင်းမဲ့စရိုက် ဆန်ဆန်ရမ်းကားမှုများ မပြုလုပ်စေရန် ရဲတပ်ဖွဲ့ မှ ထိန်းသိမ်း ဆောင်ရွက်နေမှုများ Reviewed by သစ်ထူးလွင် on 02:53 Rating: 5
9 comments:
thatonthar said...
အဲဒါမှဘဲကျွန်တော့တို့အပြင်ကိုသာရဲတော့မှာ...............ကောင်လိုက်တဲအစီအစဉ်.................
tinmaungcho said...
တကယ်ထိထိရောက်ရောက်လုပ်ရင်ဥပဒေကိုမထီမဲ့မြင်ပြုပြီး
အရင်အစိုးရလက်ထက်ကလိုမိဘဆျွေမျိုးငွေကြေးအရှိန်အ
ဝါတွေအားကိုးပြီးပစ်မှုကျူးလွန်နေကြတဲ့လူလွန်မသားတွေ
မခံနိုင်ပါဘူး။တကယ်ဘာမျက်နှာမှမထောက်တမ်းအရေးယူ
ဖို့လိုအပ်ပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ရြန်ကုန်တိုင်ြး အားကြို
တင်ကြေးဇူးတင်ပါသည်။
Unknown said...
ရန်ကုန်မြို့ရှိညီအစ်ကိုမောင်နှမများခင်ဗျာ.....
နိုင်ငံတော်ကြီးတိုးတတ်ရန် တဖတ်တလမ်းမှကူညီဆောင်ရွက်လိုသည်ဆိုပါ လျှင် ဒီလူရမ်းကားများအားတွေ့ရှိသည်နှင့် ၁၉၉ သို့ဖုန်းဆက်ခြင်း၊ကားနံပတ်၊အရောင်၊အမျိုးအစားမှတ်သားပေးခြင်း၊လက်ကိုင်ဖုန်း ပါရှိပါက ဗွီဒီယို ရိုက်ပြီး သတင်းပေးခြင်းများဖြင့် နိုင်ငံတော်တိုးတတ်ရေးအားကူညီကြပါရန် နှိုးဆော် အပ်ပါသည်။
driver said...
ကျေးဖူးတင်ပါသည် တရားဥပဒေစိုးမိုးရေးသည်ပြည်သူရဲတပ်ဖွဲ့၏အဓိကတာဂန်ဖြစ်ပါသည်
hlamoe said...
အဖြစ်များတဲ့နေရာတွေမှာကင်းပုံးတွေချထားပေးပါလား
ဆရာကြီးတို့။ အခုလိုကားတန်းကြီးမြင်တာနဲ့လာမဲ့အချိန်
သိတာနဲ့ရှောင်နေကြတာ ဆရာကြီးတိုမရှိလောက်တဲ့နေ
ရာတွေလူပြတ်လူချေတိတ်ချိန်တွေမှဖြစ်ကြတာ။စက်ဘီး
လှည့်ကင်း ရပ်ကွက်လှည့်ကင်းအပြင်းကင်းပုံးပါရှိရင်တ
ရားခံပြေးမလွတ်ပါဘူး။ပြည်လမ်းအင်းယားလမ်းတဝိုက်
အဖြစ်များနေတာကတော့ထူးခြားတယ်ဗျာ။
hlamoe said...
အဖြစ်များတဲ့နေရာတွေမှာကင်းပုံးတွေချထားပေးပါလား
ဆရာကြီးတို့။ အခုလိုကားတန်းကြီးမြင်တာနဲ့လာမဲ့အချိန်
သိတာနဲ့ရှောင်နေကြတာ ဆရာကြီးတိုမရှိလောက်တဲ့နေ
ရာတွေလူပြတ်လူချေတိတ်ချိန်တွေမှဖြစ်ကြတာ။စက်ဘီး
လှည့်ကင်း ရပ်ကွက်လှည့်ကင်းအပြင်းကင်းပုံးပါရှိရင်တ
ရားခံပြေးမလွတ်ပါဘူး။ပြည်လမ်းအင်းယားလမ်းတဝိုက်
အဖြစ်များနေတာကတော့ထူးခြားတယ်ဗျာ။
thingyan minthar said...
အုပ်စုဖွဲ့ ပြိုင်ကား ယှဉ်ပြိုင် မောင်းနှင်းခြင်း မင်းမဲ့ စရိုက် ဆန်ဆန် ရမ်းကားမှု၊နိုက်ကလပ်တက်၊အုပ်စုလိုက်ရိုက်နှက်တယ်ဆိုတာ ပိုက်ဆံတွေပေါနေတဲ့ ဗိုလ်ချုပ်၊ဝန်ကြီး၊ခရိုနီတွေရဲ့ သားသမီးတွေက အများဆုံးပါဘဲ။
အခုမှသောင်းကျန်းနေတာ မဟုတ်ဘူး၊နှစ်နဲ့ချီနေပြီ။အစောကြီး
ကတည်းက အရေးယူရမှာ။အခုတလော ဂျာနယ်တွေနဲ့ အင်တာနက်စာမျက်နှာမှာ လူသတ်မှု၊ရိုက်နှက်ရမ်းကားသတင်းတွေ များလာလို့ ရန်ကုန်မြို့ကို ဟန်ပြကင်းလှည့်ပြနေတာမျိုး မဖြစ်စေချင်ပါဘူး။ပြည်သူတွေရဲ့ အသက်အိုးအိမ်၊စည်းစိမ်ကို စိတ်ရင်းစေတနာအမှန်နဲ့ ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ခံယူချက်ရှိဖို့လိုပါတယ်။
ဗိုလ်ချုပ်၊ဝန်ကြီး၊ခရိုနီတွေကလည်း သားသမီးတွေကို ဆုံးမဖို့လိုပါတယ်။သားသမီးတွေကို အရေးယူမယ့်အချိန်မှာရာထူးတွေအာဏာတွေသုံးပြီး
လာခေါ်ထုတ်သွားရင်လဲ သားသမီးတွေ ပိုပြီးကန်းတက် သွားမှဘဲ။အရေးယူလိုက်တဲ့ တာဝန်ရှိသူတွေကို အလုပ်ဖြုတ်၊
အရေးယူ၊နယ်ရွှေ့ လုပ်နေရင်တော့ စစ်အစိုးရ လက်ထက်လိုဘဲ အာဏာရှင်နဲ့ သားသမီးတွေကဘဲ အနိုင်ရသွားမှာပါ။ မိမိတို့ရဲ့ သားသမီးကို မဆုံးမနိုင်ရင်တောင်မှ တရားဥပဒေအတိုင်း ထိထိရောက်ရောက်အရေးယူပေးဖို့ သက်ဆိုင်ရာကို လာသတင်ပေးဖို့အချိန်တန်လာပါပြီ။သက်ဆိုင်ရာကလည်း လူကြီးသားသမီးမို့လို့ မသိချင်ယောင်ဆောင်ပြီး လွှတ်ပေးနေမယ်ဆိုရင်တော့ ပြည်သူချစ်တဲ့၊ပြည်သူတွေအားကိုးရမယ့် ဝန်ထမ်းကောင်းတွေဖြစ်လာမှာ မဟုတ်ပါဘူး။နိုင်ငံတော်ကချမှတ်ထားတဲ့ ဥပဒေဆိုတာ သမ္မတကြီးကနေ အောက်ခြေဆင်းရဲသားအထိ လိုက်နာရမှာဖြစ်ပါတယ်။
မျီုး ချစ် said...
သိပ်မှန်တဲ့ အရေးအသားပါ ။
Unknown said...
အားလုံးသိတော်မူကြတဲ့လုပ်၇ိုးလုပ်စဉ်အတိုင်းပါဘဲ၊ဘမ်းဆီး၇မိတဲ့ကားတွေ
လူတွေကိုခံဝန်ချုပ်နဲ့ ပြန်လွှတ်ပေးလိုက်သတဲ့၊ဆင်း၇ဲသားအလုပ်သမားတွေ
ကားမ၇ိုလို့ လမ်းလျောက်ပြန်လာတော့(မှောင်၇ိပ်ခိုမှု)နဲ့ ဘမ်းပြီးထောင်
ချတယ်၊အခုအထိလုပ်ကြတုံးဘဲ(thingyan minthar)ပြောတာမှန်
ပါတယ်။
Powered by Blogger.