(အယ်ဒီတာ။ ။ ဒေါ်အောင်ဆန်း စုကြည် ၏ အိန္ဒိယ ခရီးစဉ်နှင့် ပတ်သက်ပြီး အိန္ဒိယထုတ် နေ့စဉ် သတင်းစာများ ရေးသားထား သည်များ အနက် ရွေးချယ်ဖော်ပြခြင်း ဖြစ်ပါသည်။)
တန်ဖိုး မဖြတ်နိုင်သည့် ဆက်သွယ်မှု
ဒေါ်အောင်ဆန်းစုကြည်က The Hindu ၏ နိုင်ငံရေး သတင်းထောက် ကေ၊ ရန်ဂါဆွာမိ (K. Rangaswamy) နှင့် ၁၉၄ဝ-၅ဝ-၆ဝ ခုနှစ်များက သိကျွမ်း ခဲ့ရသည့် အပေါ် ကြည်နူးစွာ ပြန်အမှတ်ရ မိကြောင်း၊
indianewpaperမစ္စတာ ရန်ဂါဆွာမိ (Mr. Rangaswamy) ၏ သမီးနှင့် ကျောင်းမှာ ကျမ စတင် သိကျွမ်းရသည်။ ကျမတို့က ဂျီးဆပ်စ် နှင့် မေရီ ကွန်ဗင့်ကျောင်းတွင် အတူတူ တက်နေကြ သူများ ဖြစ်သည်။ ကမ်မလာ (Kamla) နှင့် ကျမတို့က အတန်းဖော် များဖြစ်ပြီး တနှစ်တည်း တွင်ပင် လေဒီ ရှရီရမ် Lady Shri Ram ကောလိပ်သို့ အတူတက်ခွင့် ရကြသည်။
ကျမတို့ နှစ်ယောက်လုံးက နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးတန်း ကို ယူကြသည်။ ဤသို့နှင့် ကျမက သူတို့နှင့် သိကျွမ်း လာရခြင်း ဖြစ်သည်။
သို့သော်လည်း ကျမက အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းဝင်ခွင့် အတွက် ပြင်ဆင်ချိန်တွင် အန်ကယ် ရန်ဂါဆွာမိနှင့် ပို၍ သိကျွမ်း မိတ်ဆွေဖြစ်ရန် ဖြစ်လာခဲ့သည်။ ထိုခေတ်က အောက်စဖို့ဒ် တက္ကသိုလ် တက်ခွင့်ရရန်အတွက် လက်တင် ဘာသာကိုပါ ပြင်ဆင်ကြရသည်။ ကျမက လက်တင်ဘာသာဆို၍ လုံးဝ မတတ်ကျွမ်းပေ။ အကြောင်းမှာ မြန်မာနိုင်ငံနှင့် အိန္ဒိယတွင် လက်တင်ဘာသာ မသင်ကြားသောကြောင့် ဖြစ်သည်။ အခြား ရွေးချယ်စရာ နည်းလမ်းတခု အနေဖြင့်
ကျောင်းဝင်ခွင့် ရရန် ကျမက သင်္ချာတွင် အေ (A)အဆင့် ရဖို့ လိုအပ်သည်။
ကျမက နောက်တနှစ် စောင့်ရသည်ထက်စာလျှင်၊ ကျောင်းကို ထိုနှစ်တွင်ပင် တက်ချင်သည်။ ထိုအခါ ကျမအတွက် သင်္ချာ A အဆင့်ရဖို့ ပြင်ဆင်ရန် အချိန် သုံးလသာ ကျန်တော့သည်။ A အဆင့် ရဖို့က မြင့်လှသည်။ ကျမက စာပြမည့် ဆရာ ရှာသည့်အခါ ဆရာများက လက်ခံရန် ငြင်းကြသည်။ သူတို့က သုံးလနှင့် ပြင်ဆင်ရန် မဖြစ်နိုင်ဟု ဆိုကြသည်။ သူတို့က မအောင်မြင်နိုင်မည့် တပည့်ကို သင်ကြားပေးရန် တာဝန်မယူလိုကြပေ။
အန်ကယ် ရန်မာဆွာမိက ကျမတွင် ဆရာမရသေးကြောင်းနှင့် သုံးလအတွင်း စာမေးပွဲ ဝင်လိုနေကြောင်း သိနေသည်။ အကြောင်းမှာ ကျမက သူတို့အိမ်ကို ဝင်လိုက်၊ ထွက်လိုက် ရှိသောကြောင့် ဖြစ်သည်။ သူက သူသင်ပေးမည်ဟု ပြောလာသည်။ အချို့သောသူများက သူ့ကို လန့်ကြသည်။ အကြောင်းမှာ အန်ကယ်ရန်မာဆွာမိက အပြင်ပန်းတွင် ကြောက်ရွံ့စရာ အသွင်ရှိသောကြောင့် ဖြစ်သည်။ ကျမအထင်တွင် အန်ကယ်က သဘောထား အလွန်ချိုသည်။ ကျမအတွက်တော့ အလွန်သဘော ထားကောင်းသူ ဖြစ်သည်။
တနေ့တွင် သူက ကျမကို ပြောလာသည်။ ထိုသို့ပြောလာသည်ကို မမေ့နိုင်ဘဲ၊ ထိုအတွက်ကြောင့် သူ့ကို ယနေ့ထက် တိုင် လေးစားနေရခြင်းလည်း ဖြစ်သည်။ သူက “ငါတတ်နိုင်သမျှတော့ သင်ပေးပြီးပြီ။ ဒီထက်ထပ်ပြီး သင်စရာမရှိ တော့ဘူး။ ဒါပေမယ့် မင်းက ငါ့ရဲ့ တပည့်တွေထဲမှာ အတော်ဆုံးပဲ။ ဒါကြောင့် ငါ ဆရာတယောက် ရှာပေးမယ်” ဟု ဆိုသည်။ ထို့ နောက် သူက အဆက်အသွယ်သင်္ချာဆရာတဦးကို ရှာပေးသည်။ ကျမ သိရသလောက် သူ၏ တပည့်ဟောင်းတဦး ဖြစ်သည်။ ထိုအမျိုးသမီးကို ကျန်ရှိနေသည့်သင်ရိုးညွှန်းတမ်းများကို ဆက်၍သင်ပေးရန်ပြောသည်။ သူကလည်း ဆက်သင်ပေးသည်။ ဤသို့ဖြင့် ကျွန်မလည်း စာမေးပွဲအမီ ဝင်နိုင်ရေး လောရတော့သည်။ ကျမလည်း နောက် တနှစ် စောင့်နေစရာ မလိုဘဲ၊ ထိုနှစ်တွင်ပင် ကျောင်းတက်နိုင်ခဲ့သည်။ အန်ကယ် ရန်ဂါဆွာမိ၏
ကျေးဇူးကြောင့်ပဲ ဆိုရတော့မည်။
သူက ကျမအပေါ် ယုံကြည်မှုအပြည့်ရှိသည်။ သူက ကျမကို သူသင်ပေးမည်ဟု ပြောသည်။ သို့သော် သူတတ် သလောက်သာသင်ပေးမည်ဟု ပြောသည်ကို ကျမမေ့သေးပေ။ ကျမက သူ့ကို အလွန်သဘောကျသည်။ ယခုအချိန် တိုင် သူ့ကို အသက်ရှိနေစေချင်သေးလှသည်။ သူသာ အသက်ရှိသေးလျှင်ဖြင့် ကျမကို ပြောပြရန် ကိစ္စ အများအပြား ရှိလိမ့်မည် ဖြစ်သည်။
နယူးဒေလီ (မဇ္ဈိမ)

အိန္ဒိယ သတင်းစာတွေက ဘာပြောလဲ
Reviewed by သစ်ထူးလွင်
on
19:37
Rating:
No comments:
Post a Comment