ဆီတွဲရထား တိမ်းမှောက်ပြီး မီးလောင်ဒဏ်ရာရသူများ အကူအညီလိုအပ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ လွန်ခဲ့တဲ့ရက်ပိုင်းက လောင်စာဆီ တင်တဲ့ရထား မှောက်ပြီး မီးလောင် ဒဏ်ရာရ သူတွေအတွက်  ဆေးဖိုး ကုန်ကျစရိတ် အကူအညီ အရေးတကြီး လိုအပ်နေတယ်လို့ ဆေးရုံ ၀န်ထမ်းတဦးက ပြောပါတယ်။

ကျန်ရှိလူနာ ၆၀ ကျော်ထဲက စိုးရိမ်ရတဲ့ လူနာတွေရှိနေပြီး ဆေးဝါး ၁ ရက်တာကုန်ကျ စရိတ်ဟာ ၃၁ သိန်းလောက်ကုန်ကျတဲ့အတွက် ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ တာဝန်ကျဆရာမ တဦးက ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့က မန္တလေးကနေ မြစ်ကြီးနားသွားမည့် ဓာတ်ဆီတင်ရထား ကျွန်းလှမြို့နယ်အပိုင် ချပ်ကြီးဘူတာအ၀င် တိမ်းမှောက်ခဲ့စဉ်က

“အခြေအနေက အေ၊ ဘီ၊ စီ ခွဲထားတယ်။ ဒဏ်ရာပေါ်မူတည်ခွဲထားတာ၊ အေအဆင့်က ဘယ်နှယောက်၊ ဘီအဆင့်က ဘယ်နှယောက်ဆိုတာတော့ ပြောလို့မရဘူး။ ဆုံးတဲ့သူက ၁၆ ယောက်ရှိတာတော့ ပြောလို့ရတယ်။ ဆေးဝါးအကူအညီတွေ လိုတယ်၊ ဆေးဝါးက ၁ ရက်ကို ၃၁ သိန်းလောက်ကုန်တယ်။ တမျိုးတည်းမဟုတ်ဘူး အမျိုးပေါင်းအများကြီး၊ စာမျက်နှာ ၂ မျက်နှာလောက်ရှိတယ်။ လူနာက စုစုပေါင်း ၆၀ ကျော်ရှိတယ်။”

မီးလောင်ကျွမ်းမှုဖြစ်ပွားတဲ့နေ့မှာပဲ လူ ၂၅ ဦး သေဆုံးခဲ့ရပြီး ကန့်ဘလူဆေးရုံမှာ တက်ရောက် ကုသမှုခံယူတဲ့ လူနာ ၈၀ ကျော်ထဲက ၁၆ ဦး ထပ်မံသေဆုံးခဲ့တာပါ။

ကျွန်းလှဆေးရုံကို ရောက်ရှိကုသမှုခံယူတဲ့ လူနာ ၈ ဦးအနက် ၃ ဦးကတော့ သက်သာလို့ ဆင်းသွားပြီလို့ ဆေးရုံတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ကျန်နေတဲ့ လူနာတွေကတော့ စိုးရိမ်ဖွယ်ရာ မရှိဘူးလို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာ ဘူတာမှာ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက လောင်စာဆီတင် ရထားတစီး တိမ်းမှောက်သွားပါတယ်။ တိမ်းမှောက်တဲ့ ရထားပေါ်ကနေ လယ်ကွင်းတွေထဲကို ကျလာတဲ့ လောင်စာဆီတွေကို အနီးအနားက ရွာသားတွေ ခပ်ယူနေချိန်မှာ ရုတ်တရက် မီးထလောင်တဲ့အတွက် သေဆုံးဒဏ်ရာရမှု များခဲ့တာပါ။

by နော်နိုရင်း (ဒီဗွီဘီ)



ဆီတွဲရထား တိမ်းမှောက်ပြီး မီးလောင်ဒဏ်ရာရသူများ အကူအညီလိုအပ် ဆီတွဲရထား တိမ်းမှောက်ပြီး မီးလောင်ဒဏ်ရာရသူများ အကူအညီလိုအပ် Reviewed by သစ်ထူးလွင် on 18:03 Rating: 5

No comments:

Powered by Blogger.