၁၉ လအတွင်း တရားမ၀င် လာရောက်သော တရုတ်နိုင်ငံသား ၂၀ ဦးကို အရေးယူ

မန္တလေးတိုင်း ဒေသကြီး အတွင်းသို့ တရားမ၀င် လာရောက်သော တရုတ်နိုင်ငံသား ၂၀ ဦးကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ အရေးယူ ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၁ ခုနှစ် မတ်၃၁ရက်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ (၁၉)လတာ ကာလအတွင်း စစ်ဆေးအရေးယူ ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် တရားရုံးများက လူဝင်မှု ကြီးကြပ်ရေး (အရေးပေါ် ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁)အရ အမြင့်ဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခဲ့သည်ဟု နိုဝင်ဘာ ၁၃ရက်နေ့ထုတ် မန္တလေးနေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသားများ အပြင် ရုရှားနိုင်ငံသား တစ်ဦးကိုလည်း အရေးယူခဲ့ကြောင်း သိရသည်။

နိုင်ငံခြားသားများ ပြည်ဝင်ခွင့်ပါမစ်(သို့မဟုတ်) ဗီဇာ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ၍ မြန်မာ နိုင်ငံတွင်း ၀င်လာသူ၊ ၀င်ရန် အားထုတ်သူကို ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (အရေးပေါ်ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁)အရ ထောင်ဒဏ် အနည်းဆုံး ခြောက်လမှ အများဆုံး ငါးနှစ် အထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ် ၁၅၀၀ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်း ထားသည်။

7Day News Journal


၁၉ လအတွင်း တရားမ၀င် လာရောက်သော တရုတ်နိုင်ငံသား ၂၀ ဦးကို အရေးယူ ၁၉ လအတွင်း တရားမ၀င် လာရောက်သော တရုတ်နိုင်ငံသား ၂၀ ဦးကို အရေးယူ Reviewed by သစ်ထူးလွင် on 12:07 Rating: 5

No comments:

Powered by Blogger.