ပညာရေး ၀န်ကြီး ဌာနပိုင် အခြေခံပညာ ကျောင်းများကို ပုဂ္ဂလိက ပညာသင် ကျောင်းအဖြစ် ငှားရမ်း လုပ်ကိုင် လိုသူများ ထံသို့ လုံးဝ ငှားရမ်း လုပ်ကိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသား လွှတ်တော်မှာ ပညာရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပုဂ္ဂလိက လုပ်ငန်းရှင်များကို ပညာရေး ၀န်ကြီးဌာနပိုင် အခြေခံပညာ ကျောင်းများ ငှားရမ်း လုပ်ကိုင်ခွင့် မပြုမှုဟာ နိုင်ငံတော် အနေနဲ့ ကျောင်းနေ အရွယ်ကလေး အားလုံး မူလတန်း ပညာ သင်ယူပြီးမြောက် စေရေး အတွက် ဖြစ်ပါတယ်။
ဒါ့အပြင် အခြေခံပညာ အဆင့်အလိုက် အပြည့်အ၀ ကူးပြောင်း သင်ယူနိုင်ရေးတို့ အတွက် အခြေခံပညာ ကျောင်းများကို နှစ်စဉ် တိုးချဲ့ ဖွင့်လှစ် ပေးခြင်း၊ တိုးတက် လာတဲ့ ကျောင်းသား ဦးရေနဲ့ အညီ စာသင်ဆောင်များ၊ စာသင်ခန်းများ တိုးချဲ့ ဆောက်လုပ် လျက်ရှိခြင်းများ ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောင်းသားများရဲ့ ကုန်ကျ စရိတ်မှာလည်း များပြားတဲ့ အတွက် စိုက်ထုတ် ကုန်ကျစရိတ် အနည်းဆုံးနဲ့ အခြေခံပညာ အဆင့် အလိုက်မှာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် နိုင်မှသာ ဆင်းရဲနွမ်းပါး သူများရဲ့ မိသားစုဝင် သားသမီးများပါ တက်ရောက် သင်ယူနိုင်ပြီး အခြေခံပညာ အရည်အချင်းကို မြှင့်တင် နိုင်မှာ ဖြစ်တဲ့ အတွက် ယခုလို ပုဂ္ဂလိကအား ပညာရေး ၀န်ကြီး ဌာနပိုင် အခြေခံပညာ ကျောင်းများကို ငှားရမ်း လုပ်ကိုင်ခွင့် မပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ပေမယ့် ပညာရေး ၀န်ကြီးဌာန အနေနဲ့ ပညာရေး စနစ်မှာ ပုဂ္ဂလိက လုပ်ငန်းရှင် များအား လုပ်ကိုင်ခွင့် ပေးမူမှာ အခြခံပညာ အလယ်တန်း အဆင့်နဲ့ အထက်တန်း အဆင့်အတန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင် များအား ပုဂ္ဂလိက ကျောင်းများ အဖြစ် ခွင့်ပြုပေးထား တယ်လို့ သိရပါတယ်။
MRTV - 4

ပညာရေး ၀န်ကြီးဌာနပိုင် အခြေခံပညာ ကျောင်းများကို ပုဂ္ဂလိကအား ငှားရမ်း လုပ်ကိုင်ခွင့်ပြုမည် မဟုတ်
Reviewed by သစ်ထူးလွင်
on
05:32
Rating:
2 comments:
ပြင်ပကိုငှားလိုက်ရင်သူ့ဗလာစာအုပ်နှစ်တိုင်းရောင်းချနေတာဈေးကွက်ပျက်သွားမှာပေါ့။ပညာရေးကိုဈေးကွက်တခုအနေနဲ့ဖန်တီးလုပ်စားနေတာအများသိ

Post a Comment