နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက “ ကျွန်တော်တို့ အရင်က မှားခဲ့ပါတယ် ” ဟု နေပြည်တော်ရှိ မြန်မာ အင်တာ နေရှင်နယ် ကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော မြေယာပိုင်ဆိုင် လုပ်ကိုင်ခွင့်နှင့် အသုံးပြုခွင့် ဆိုင်ရာ အမျိုး သားအဆင့် ဆွေးနွေးပွဲ၊ ယနေ့နံနက်ပိုင်းတွင် ပြောကြားသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
“အရင်က ကျွန်တော်တို့ မှားခဲ့ပါတယ်”ဟု သမ္မတရုံးဝန်ကြီး ပထမဆုံးအကြိမ် ဝန်ခံ
Reviewed by သစ်ထူးလွင်
on
20:06
Rating:
2 comments:
တစ်ချိန်ကအမှားတွေများစွာရှိနေခဲ့သည်၊ သေးသေးလေးမဟုတ် အကြီးကြီးကို လွဲတာမှားတာတွေ။ အမှားတွေကို မှန်တယ်ထင်ပြီး ဘုမသိဘမသိ၊ အများယောင်လို့ယောင် အမောင် တောင်မှန်းမြောက်မှန်းမသိ လုပ်နေရမည့်အချိန်မျိုးမဟုတ်တော့ ဟု ထင်မြင်ယူဆမိပါသည်။ ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီကျင့်စဉ်များ ရှင်သန်အားကောင်းအောင် လုပ်ရမည့်အချိန် ဖြစ်သည်။ နောက်မဆုတ်ပါဘူး ဟုပြောနေရုံနှင့် မပြီး။ အမှားတွေကို မြင်ရဲသောစိတ်ဓာတ၊် ပြင်ရဲသောစိတ်ဓာတ်၊ အမှားကို မှားမှန်းသိ၍ ဝန်ခံရဲသော စိတ်ဓာတ် ဤစိတ်ဓာတ်မျိုးက ဒီအချိန်အခါမျိုးမှာ လိုအပ်သည်။ ယနေ့ အမှားကို မှားမိပါတယ်ဟု ဝန်ခံသော အသံများကြားလာရပြီ။ နောင်လည်း များစွာကြားရလိမ့်ဦးမည်။ ဘာ့ကြောင့်လည်းဆိုတော့ အများမညီပဲ ဤကိုကျွှဲဖတ်သည့်ကိစ္စတွေ ဘယ်လောက်တောင် ရှိထားသနည်း။ မြစ်ဆုံကိစ္စ၊ လက်ပတောင်းတောင်ကိစ္စ၊ မြေသိမ်းယာသိမ်းကိစ္စ အခု ထင်ထင်ရှားရှားပေါ်လာပြီ။ ဒေသခံအများပြည်သူ၏ ဆန္ဒမပါပဲ တစ်ချိန်က ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ဘယ်သူသေသေ ငတေမာပြီးရော ၊ လက်နက်နဲ့ အာဏာနဲ့ ပြည်သူလူထုအပေါ် ထင်သလိုလုပ်ခဲ့တဲ့ အကျိုးရလာဒ်ဟု မြင်မှ အမြင်မှန်ဖြစ်သည်။
ကိုယ့်ပြည်သူကို ဖိနှိပ်ချုပ်ချယ်၊ တိုင်းသူပြည်သားဆန္ဒကို မထေမဲ့မြင်ပြု၊ တိုင်းရင်းသားတွေအပေါ်လက်နက်နဲ့အနိုင်ကျင့်၊ ကိုယ်ကိုးကွယ်တဲ့ဘာသာရဲ့ အထွတ်အမြတ်ထားရမဲ့ ရဟန်းသံဃာများအား ရိုက်နှက်သတ်ဖြတ်၊ အရည်အချင်းရှိတဲ့ လူတော်လူကောင်းတွေ နေရာမပေး၊ တိုင်းပြည်မှာမနေနိုင်အောင်လုပ်၊ ဒီလို အတင်းအဓမ္မဝါဒ ကျင့်သုံးလို့ တိုင်းပြည်ဆင်းရဲမွဲတေခဲ့ရသည်။ အမှားကို အမှားမှန်းသိအောင် ၊ ဒီလိုလုပ်မှ သိမဲ့သတ္တဝါမျိုးတွေမို့ ဒီလိုစီးပွားရေးပိတ်ဆို့ခဲ့တာကို တည့်တည့်မြင်ကြည့်ပါ၊ (ဝါ) ကိုယ့်အပြစ် ကိုယ့်အမှားမသိ ယုန်ကိုကြောင်ထင် မျက်ကန်းလမ်းလွဲလိုက် အလွန်လွဲမှားနေသော အုပ်ချုပ်မှုပုံစံကြောင့် တိုင်းပြည် အဖက်ဖက်ကနိမ့်ကျနေတဲ့ အကြောင်းရင်းအစစ်ကို မြင်မှ တိုင်းသစ်ပြည်သစ် စိတ်ဓာတ်အသစ်ဖြင့် အလုပ်လုပ်နိုင်ပေလိမ့်မည်။ သို့မဟုတ်ပါက ခေတ်နောက်ပြန်ဆွဲဝါဒီ ဖြစ်နေလိမ့်ဦးမည်။ good government လည်းမဖြစ်နိုင်သလို clean government လည်း ဖြစ်လာမည် မဟုတ်ပါ။
`ဟိုမှာကြည့်လို့` လက်ညိုးထိုးပြီး ညွန်ပြလျှင် လက်ညိုးညွန်ရာကို ကြည့်ရမည့်အစား လက်ညိုးကိုသာကြည့်နေသော ကလေးသူငယ်ကလေးများပမာ ဖြစ်နေကြရင် အသက်ကြီးပေမဲ့ အချိန်မစီးသော လူကြီးမျိုးဖြစ်နေမည်။ ကိုယ့်အလွဲ ကိုယ့်အမှားကို မမြင်ပဲ စီးပွားရေးပိတ်ဆို့လို့မို့ ဆင်းရဲတဲ့အချိန် တရုပ်ကို ကျေးဇူးတင်ဘို့အပြောမျိုးက အတော်အောက်တန်းကျသည်။ အတွေးအခေါ် ရင့်ကျက်သော၊ မှန်မှန်ကန်ကန်စဉ်းစားတွေးခေါ်တတ်သော လူကြီးမင်းများကိုသာ တိုင်းသူပြည်သားများက မော့ကြည့်လိုကြပါသည်။ လူကြီးလုပ်သူက လူကြီးအဆင့်နဲ့ ထိုက်တန်သောစကားမျိုးကို၊ မိန့်ခွန်းမျိုးကိုသာ ကြားချင်ကြပါသည်။ အထက်လူကြီးများကိုယ်တိုင်က နိုင်ငံကြီးသားပီသအောင် အရာရာ တွေးခေါ် ပြုမူ ပြောဆိုမှ ကျန်တဲ့သူတွေလည်း နိုင်ငံကြီးသားများ ဖြစ်လာပေမည်။ တိုင်းသူပြည်သားများမသိ မမြင် နားလည်နိုင်သော ကိစ္စမျိုးကို မသိရကောင်းလားဟု အပြစ်မြင်မိအစား ဘယ်လိုသိအောင် မြင်အောင် နားလည်အောင် လုပ်ရမလဲဟု နည်းလမ်းရှာပြီး ကောင်းတဲ့လမ်း မှန်တဲ့လမ်းကို မြင်းအောင်ပြပေးသင့်သည်။ အစိုးရရဲ့ ခြေလှမ်းကအရှေ့၊ တိုင်းသူပြည်သားတွေရဲ့ခြေလှန်းတွေက အနောက် ဆန့်ကျင်ဘက်ခရီးကို ဘယ်လိုဆက်လျှောက်နိုင်ပါမည်နည်း။ ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် ကြိုးစားကြရမည်မှာ ဒီမိုကရေစီနှင့်တိုင်းပြည်ကို အုပ်ချုပ်ပါမည်ဟု ဝန်ခံကတိပေးထားသော လူကြီးမင်းတို့၏ တာဝန်သာဖြစ်ပါသည်။
အမှားများကိုမှားပြီးရင်းမှားနေခဲ့လို.ပြည်သူတွေဆင်းရဲတွင်းထဲရောက်ခဲ့ရဲပြီ။
ပညာရေးမကောင်းတော့ဘွဲ.ရပြီးအောက်ခြေအလုပ်လေးတွေဘဲလုပ်ကြရတော့
တယ်။စစ်မှန်တဲ့လွပ်လပ်ရေးအရသာလူထုတရပ်လုံးခံစားလိုကြပါပြီ။touttout
အယူအဆသိပ်ကောင်းပါတယ်။
Post a Comment