နေအိမ်များကို စွန့်ခွာ ထွက်ပြေး လာခဲ့သည့် ရခိုင်လူမျိုး ဒုက္ခသည်များ ပိုများလာ

ရခိုင်ပြည်နယ် အတွင်း ဒုတိယ အကြိမ် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ နောက်ပိုင်းတွင် နေအိမ်များကို စွန့်ခွာ ထွက်ပြေး လာခဲ့သည့် ရခိုင်လူမျိုး ဒုက္ခသည်များ ပိုမိုများပြား လာကြောင်း သိရသည်။

အဆိုပါ နေအိမ်စွန့်ခွာ ထွက်ပြေး လာကြ သူများသည် မြောက်ဦးမြို့ ဒုက္ခသည်စခန်း များသို့ နိုဝင်ဘာလ ဆန်းပိုင်းကပင် စတင်ရောက်ရှိ လာခဲ့ခြင်း ဖြစ်ပြီး မူလ ကျေးရွာများတွင် ရခိုင်လူမျိုး အနည်းစုသာ ရှိသော ကျေးရွာများမှ ယခုကဲ့သို့ နေအိမ်များကို စွန့်ခွာ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း သိရသည်။

““ ည ဆို ကောင်းကောင်းမအိပ်ရဲဘူး။ ဒါကြောင့် ဒီဘက်(မြောက်ဦး)ကို ထွက်လာတာ။ အိမ်မီးရှို့လည်းမတတ်နိုင်ဘူး။ လူမစိုးရိမ်ရရင်တော်သေးတယ်။”” ဟု ဘူးချောင်းကျေးရွာမှ မြောက်ဦးမြို့ ရွှေကြာသိမ်ဘုရား ဒုက္ခသည်စခန်းသို့ တိမ်းရှောင်လာသည့် အသက် ၆၆ နှစ်အရွယ် ဦးမင်းအောင်ကပြောသည်။

Popular Myanmar News Journal


ဒုတိယ အကြိမ်  ဖြစ်ပွားခဲ့သည့် ပဋိပက္ခ နောက်ပိုင်းတွင် နေအိမ်များကို စွန့်ခွာ ထွက်ပြေး လာခဲ့သည့် ရခိုင်လူမျိုး ဒုက္ခသည်များ ပိုမိုလာ

နေအိမ်များကို စွန့်ခွာ ထွက်ပြေး လာခဲ့သည့် ရခိုင်လူမျိုး ဒုက္ခသည်များ ပိုများလာ နေအိမ်များကို စွန့်ခွာ ထွက်ပြေး လာခဲ့သည့် ရခိုင်လူမျိုး ဒုက္ခသည်များ ပိုများလာ Reviewed by သစ်ထူးလွင် on 11:39 Rating: 5

No comments:

Powered by Blogger.