ပျောက်ဆုံး စစ်သားများ အရေး နှစ်နိုင်ငံ ဆက်သွယ် ဆောင်ရွက်နေ

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ် မောင်တော မြို့နယ် မှာ အမည် မသိတဲ့ လက်နက်ကိုင်တွေ ဝင်ရောက် တိုက်ခိုက် ပြီး ဖမ်းဆီး သွားခဲ့တဲ့ မြန်မာ စစ်အင်ဂျင်နီယာတပ်က တပ်သား သုံးယောက်ကို ရှာဖွေဖို့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက် နေတယ်လို့ သိရ ပါတယ်။

ပျောက်နေတဲ့ မြန်မာ စစ်သားတွေကို ရှာဖွေ ပေးဖို့ မြန်မာ ဘက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အကြောင်းကြား ထားရာမှာ ရှာပေးမယ်လို့ ပြောကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီ ကိုပြော ပါတယ်။

သူတို့ကို နှစ်နိုင်ငံက ရှာဖွေမှုတွေ လုပ်နေပေမဲ့ လောလောဆယ် မှာတော့ ပျောက်နေတဲ့ စစ်သားတွေနဲ့ ပတ်သက်ပြီး ဘာ သတင်းမှ မရသေးဘူးလို့ သူက ပြောပါတယ်။

အခု ရက်ပိုင်း အတွင်း မူလ တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ် မိုင်တိုင် အမှတ် ၅၂ အနားမှာ တိုက်ခိုက်မှုတွေ ရှိနေပြီး ဘယ်လက်နက်ကိုင် အဖွဲ့က တိုက်ခိုက် နေတာလည်း ဆိုတာ ကိုတော့ အတည် မပြုနိုင်သေးဘူးလို့ ရ သေးဘူးလို့ သူက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


မောင်တောမှာ ဝင်တိုက်ခိုက်ပြီး ဖမ်းသွား ခံရတဲ့ စစ်သားတွေ ရှာမတွေ့သေး

ပျောက်ဆုံး စစ်သားများ အရေး နှစ်နိုင်ငံ ဆက်သွယ် ဆောင်ရွက်နေ  ပျောက်ဆုံး စစ်သားများ အရေး နှစ်နိုင်ငံ ဆက်သွယ် ဆောင်ရွက်နေ Reviewed by သစ်ထူးလွင် on 04:59 Rating: 5

1 comment:

Maymyochit said...

ဒီပြဿနာကဘင်္ဂလီတွေနဲ့စဖြစ်ခဲ့လို့ဒီလူတွေနဲ့ဘဲအဆက်အသွယ်ရှိနိုင်တယ်
နောက်ဆုံးခိုးဝင်ဘင်္ဂလီတွေကိုတော့သတိထားဖို့လိုတယ်။
အမြန်ဆုံးခြေမုန်းနိုင်ဖို့လိုပါတယ်။

Powered by Blogger.