NLD ပါတီ မှ ငြမ်းစင် ပြိုကျမှု တွင် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုဝင်များအတွက် အလျှူငွေများ ပေးအပ်
တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်ကျေးရုံးခန်း ၌ ငြမ်းစင် ပြိုကျမှု့တွင် ထိခိုက်သေဆုံး သွားခဲ့ကြသော ကျန်ရစ်သူ မိသားစု ဝင်များ အတွက် အလျှူငွေပေးအပ်ပွဲကို ကျင်းပခဲ့ကြကြောင်း သတင်းရရှိပါသည်။
စုစုပေါင်း အလျှူငွေ ၁၁၁၁၀၀၀ ( ဆယ်တစ်သိန်း တစ်သောင်း တစ်ထောင်) ကိုလျှူဒါန်းခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ၊ ၈၈ မျိုးဆက်သစ်ကျောင်းသား(ရှမ်းပြည်နယ်) ၊ မေတ္တာရှင် နာရေးကူညီမူ့အသင်း(တောင်ကြီး) ၊ ရွှေတောင်ရပ်ကွက် ရပ်မိရပ်ဖများမှ စုပေါင်း၍ အလျှူငွေပေးအပ် လျှူဒါန်းခဲ့ကြကြောင်း သိရသည်။
လောကမာန်အောင်ကျောင်းတိုက် ဆရာတော် ဦးခေမာနန္ဒမှ အလျူငွေ ၅၀၀၀၀(ငါးသောင်း) ကျပ် နှင့် ဆန်အိတ် (၂) အိတ်တို့ကို အသီးသီးလျှူဒါန်းခဲ့ကြပါသည်။
အခမ်းအနားတွင် ရေစက်ချ အမျှဝေ ခြင်း ၊မေတ္တာပို့ တရားနားခြင်း နှင့် အလျှူငွေ ပေးအပ်ပွဲကို ကျင်းပခဲ့ကြကြောင်းသိရသည်။
“ သူတို့ဘက်မှ အဆင်ပြေအောင် ဆောင်ရွက်နေပါတယ်။ နောက်ပိုင်းကိစ္စကတော့ ကြည့် စီစဉ်ရမှာပေါ့ ” ပာု သေဆုံးသူ၏ ဇနီး မလှိုင်ဌေး မှ ပြောပြပါသည်။
သေဆုံးသူများသည် ၂.၁၀.၂၀၁၂ ရက်နေ့ ညနေ ၂း၃၀ မိနစ်အချိန်တွင် ငြမ်းစင် ပြိုကျမှုတွင် ထိခိုက်သေဆုံးခဲ့ကြခြင်း ဖြစ်ပြီး သေဆုံးသူ ၇ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၃ ဦး တို့ရှိခဲ့တာလည်း ဖြစ်သည်။
သေဆုံးသူများကို ၄.၁၀.၂၀၁၂ တွင် တိုင်းရင်းပေါင်းစုံ သုသာန် သို့ နေ့လည် ၁၂ နာရီ တွင် အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် မြို့နေ ပြည်သူလူထု အများစုမှ စုပေါင်း၍ လိုက်လံ ပို့အားဆောင်ပေးခဲ့ ကြသည်ပာု သိရသည်။
၎င်း အမှု နှင့် ပက်သက်၍ တာဝန်ရှိသူ ၃ ဦး ကိုသန့်ဇင်အင်ဂျင်နီယာ (ထွန်းသီရိ ဆောက်လုပ်ရေး ကုမဏီ)၊ ခင်မောင်အေး (လက်ထောက်) ၊ ကျော်စိုး( လက်သမားခေါင်းဆောင်) တို့အား ဒေသဆိုင်ရာ အာဏာပိုင်များမှ ဖမ်းဆီးအရေးယူထားပြီး ဖြစ်သည် သိရသည်။
နေလင်းသိုက်

Reviewed by သစ်ထူးလွင်
on
17:40
Rating:
4 comments:
သတင်းခေါင်းစဉ် တပ်တာ အသေချာလုပ်ဗျာ။
မြန်မာစကား အထားအသို မမှန်ရင် ပြသာနာရှိပါတယ်။
ဖတ် ဖတ်ချင်း အင်အယ်ဒီ-ပါတီ ဌာနချုပ်မှာ ငြမ်းစင်ပြိုကျတယ်လို့ ထင်သွားမိပါတယ်။
ကျေးဇူးတင်ပါတယ်။
ထပ်ပြီးကျေးဇူးတင်ပါတယ်
ထပ်ပြီးကျေးဇူးတင်ပါတယ်
ထင်အောင်ရေးထားတာ
ကျွန်တော် စဖတ်ဖတ်ခြင်း NLDမှာလို့ထင်မိတ
ယ်
Post a Comment