အစိုးရ ဆွေးနွေးပွဲ ပြန်စဖို့ KIO သဘောတူ

KIO ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကြား ဆက်လက် တွေ့ဆုံ ဆွေးနွေး နိုင်ဖို့ ကြားဝင် ပေးနေတဲ့ Peace Talk Creation အဖွဲ့ KIA ဌာနချုပ် လိုင်ဇာကို တနင်္လာနေ့က သွားခဲ့ပါတယ်။

မကြာခင်က မြန်မာ အစိုးရ ကမ်းလှမ်းခဲ့တဲ့ ဆက်လက် ဆွေးနွေးဖို့ စာပေါ် မူတည်ပြီး သွားရောက် ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ဒီကမ်းလှမ်းချက်ကို KIO ဗဟို က လက်ခံ ခဲ့ပြီး အစိုးရ ကမ်းလှမ်းတဲ့ မူဆယ်နဲ့ ရွှေလီ ၂ နေရာ အနက် ရွှေလီမှာ တွေ့ဖို့ သဘောတူခဲ့ပါတယ်။

တွေ့မယ့် အချိန် ကိုတော့ ရှေ့တန်း စစ်ရေး အခြေအနေပေါ် မူတည်ပြီး ပြန်ကြားမယ်လို့ KIO က အကြောင်းပြန်ကြောင်း Peace Talk အဖွဲ့က ဦးလမိုင် ဂွမ်ဂျာက ဆိုပါတယ်။အစိုးရ ထိုးစစ်တွေ လျှော့ပေါ့ ရပ်တန့်ပေးမယ် ဆိုရင် တွေ့ဆုံ ဆွေးနွေးရေး တွေ အဆင်ပြေ လာနိုင်တယ်လို့လဲ သူက ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

တွေ့မယ့် အချိန် ရှေ့တန်း အခြေအနေပေါ် မူတည်

အစိုးရ ဆွေးနွေးပွဲ ပြန်စဖို့ KIO သဘောတူ အစိုးရ ဆွေးနွေးပွဲ ပြန်စဖို့ KIO သဘောတူ Reviewed by သစ်ထူးလွင် on 21:03 Rating: 5

1 comment:

Unknown said...

KIA ခေါင်းဆောင်ပိုင်းကနလဗိန်းတုံးတွေပါ။သမတကြီးခင်ဗျားဆက်ဆွေနွေးမနေပါနဲ့အချိန်ကုန်ပါတယ်။လိုင်ဇာဌာနချုပ်ကိုMIG 29 လေယျဉ်တွေကနေဒုံကျည်တွေနဲ့ပစ်ပီးအပြတ်၇ှုင်းပစ်ပါ။ခေါင်းဆောင်ပိုင်းကို၇ှုင်းပစ်ပါ။ကျကသေ၇လုံးဝမ၇ှိုပါ။

Powered by Blogger.