သစ်ထူးလွင် ဝက်ဘ်ဆိုက်နှင့် အတွင်းသတင်း Facebook စာမျက်နှာ တို့တွင် ဖော်ပြခဲ့သော "Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ" ဟူသော သတင်းနှင့် ပတ်သက်၍ ရှင်းလင်းချက်

=======================================
၁။ (၂၁-၁၀-၂၀၁၂)ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲနှင့်
စပ်လျဉ်း၍ အထက်ဖော်ပြပါ သတင်း ခေါင်းစဉ်ဖြင့် ဖော်ပြထားသည်ကို
အောက်ပါ Link တွင် တွေ့ရှိရပါသည်-
http://www.thithtoolwin.com/2012/10/favourite-journal.html#.UIVHgokL9QU.facebook
၂။ ယင်းသတင်း၏ ဇစ်မြစ်မှ "အတွင်းသတင်း" အမည်ရှိ Facebook
စာမျက် နှာတစ်ခုမှ ဖြစ်ကြောင်း၊ ယင်းစာမျက်နှာမှာ အောက်ပါလိပ်စာ
အတိုင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်-
http://www.facebook.com/photo.php?fbid=199160373552515&set=a.198396663628886.58090.198385523630000&type=1
၃။ သတင်းဖော်ပြချက်မှာ-
" ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် ပွဲစပြီး မကြာမှီ မေးခွန်း ၃ခုခန့် ဖြေဆိုပြီးချိန်မှစ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာကာ၊ မြေသိမ်း ယာသိမ်းကိစ္စမေးခွန်းများ၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၎င်း၏ တစ်ဦးတည်းကိုယ်ပိုင်အမြင်အပေါ် မေးခွန်းများ အစရှိသည်တို့ကို ရှောင်လွှဲဖြေဆိုသွားပြီး အလွန်စိတ်အ
နှောင့်အယှက် ဖြစ်လျက်ရှိပုံ ပေါ်ခဲ့သည်။
ထို့နောက်မကြာမှီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဝန်ကြီးမှ ခန့်အပ်နိုင်မှု အနေအထားနှင့် ပတ်သက်ပြီး Favourite Journal မှ မေးမြန်းချက်အရောက်တွင် မျက်စိမျက်နှာပျက်ကာ အသံများတုန်လာ၍ ပုံပါအတိုင်း မျက်ရည်များပါ ကျဆင်းလာခဲ့သည်။
အထက်ပါအဖြစ်အပျက်နှင့်ပက်သက်၍ မီဒီယာများအနေနှင့် နားလည်မှရှိစွာ ရေးသားဖော်ထုတ်ခြင်း မပြုလုပ်ကြရန်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း၏ အဖြစ်အပျက်ကဲ့သို့ လူထုအကြား ပြန့်နှံ့ရောက်ရှိမသွားစေရန်အတွက် ပွဲအပြီးတွင် သမ္မတရုံးညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေးမှ လိုက်လံ ပြောဆိုတောင်းပန်ထားသောကြောင့် မီဒီယာများအားလုံးကလဲ ယခုချိန်ထိ ရေငုံ နှုတ်ပိတ်လျက်ရှိနေကြသေးကြောင်း အတွင်းသတင်းများ ရရှိထား (21, Oct, 2012 )"
ဟူ၍ ဖြစ်ပါသည်။
၎။ လူထုအကြားပြန့်နှံ့ရောက်ရှိမသွားစေရန် မိမိမှ လိုက်လံပြောဆို တောင်းပန်ထာားသောကြောင့် မီဒီယာများမှ ရေငုံနှုတ်ပိတ်လျက် ရှိနေသေးကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဤသို့သော ဖြစ်ရပ်မျိုး ဖြစ်ပေါ်ခဲ့ပါက လူပေါင်း(၁၀၀)ကျော်အား မည်သို့မျှ နှုတ်ပိတ်၍ မရနိုင်သည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ ဤသို့ မဟုတ်မမှန် လုပ်ကြံ၍ သတင်းသဖွယ်ထုတ်ပြန်လာသည်မှာ မိမိတို့အားလုံး မျှော်မှန်းထားခဲ့သော တာဝန်ယူမှုနှင့် ဒွန်တွဲသည့် လွတ်လပ်မှု ဟူသော အခြေအနေအတွက် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။
၅။ မီဒီယာပေါင်း(၅၀)ကျော်ကို ကိုယ်စားပြုသည့် သတင်းမီဒီယာ လောကာသားပေါင်း(၁၂၈)ဦး တက်ရောက်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲ၏ အစအဆုံး မှတ်တမ်းရုပ်/သံများလည်း အွန်လိုင်း မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုနိုင်ပါသည်။ ဤသတင်းမှာ လုံးဝ မဟုတ်မမှန် လိမ်ညာထားခြင်းသာ ဖြစ်ကြောင်း ထိုနေ့က သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြသူများ အားလုံး သိရှိထားပါသည်။
၆။ အဆိုပါသတင်းကို အစပြုလွှင့်တင်ခဲ့သည့် "အတွင်းသတင်း" Facebook စာမျက်နှာသည်လည်းကောင်း၊ သတင်းအဖြစ် ထုတ်လွှင့်ခဲ့သည့် သစ်ထူးလွင် ဝက်ဘ်ဆိုက်သည်လည်းကောင်း၊ အဆိုပါသတင်းအရင်းအမြစ်များကို ကိုးကား၍ ဝေဖန်ပြောဆိုနေမှုများသည် လည်းကောင်း မည်သို့သော အကြောင်းရင်းနောက်ခံများ တည်ရှိနေသည် ဆိုသည်မှာလည်း ယင်းတို့ဘာသာပင် သိရှိနိုင်ပါလိမ့်မည်။
၇။ နိုင်ငံတော်သမ္မတကြီးသည် သတင်းမီဒီယာများကို အထူးအလေးထား၍ နိုင်ငံတည်ဆောက်ရေးကို ဆောင်ရွက်လာခဲ့သည်မှာ နိုင်ငံတော်သမ္မတ တာဝန်ကို စတင်လွှဲပြောင်းချိန်မှ ယနေ့အချိန်အထိ ဖြစ်ကြောင်း အထူးတလည် ပြောရန် မလိုအပ် ဟု ယူဆပါသည်။
၈။ ဤသို့ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ဖြစ်ပေါ်လာစေရန် အဓိက တွန်းအားပေး ညွှန်ကြားခဲ့သော နိုင်ငံတော်သမ္မတကြီးအနေဖြင့်လည်း လူသားတို့၏ သဘာဝကို နားလည်ထားပြီး ဖြစ်သော်လည်း မဟုတ်မမှန် လုပ်ကြံသတင်း ဖန်တီးဆောင်ရွက်ခဲ့သူတို့ကြောင့် မိမိတို့အနေဖြင့် ပြည်သူများအတွင်း ဟုတ်နိုးနိုး ထင်ယောင်ထင်မှား ဖြစ်မည် စိုး၍ ယခုကဲ့သို့ ဖြေရှင်းချက် ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။
၉။ ယနေ့အချိန်အခါသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် ဖင်ပြဲအောင် ရုန်းကန်ကြိုးစားကြရမည့် အချိန်ဖြစ်သလို မတူညီမှုများ ဘေးဖယ်ထားပြီး နိုင်ငံနှင့်ပြည်သူများအကျိုးကို Common Ground ထား၍ စံနမူနာပြ ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်သမ္မတကြီးနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်တို့သည် မိမိတို့နိုင်ငံသားအားလုံး၏ ရှေ့ဆောင်လမ်းပြများ ဖြစ်သည် ဟုလည်း အခိုင်အမာ ယုံကြည်ထားပါသည်။
၁၀။ သူ့ဘက်-ကိုယ့်ဘက် ဘက်အစွဲများ၊ ရန်-ငါ အကွဲများ မပြေပျောက်သေးသော သဘော သဘာဝကို နားလည်သိရှိထားသည့်တိုင် " နိုင်ငံတော်သမ္မတကြီးကို ထောက်ခံ ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ခြင်းမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခြင်းသည် နိုင်ငံတော်သမ္မတကြီးကို ဆန့်ကျင်ခြင်း မဟုတ်" ဟူသော အထက်တန်းကျသည့် အတွေးအခေါ်များ အစပြု လျှောက်လှမ်းရမည့် အချိန်သို့ ရောက်ရှိနေပြီ ဟုလည်း ယုံကြည်ပါသည်။
၁၁။ သတင်း လွှင့်တင်သော "သစ်ထူးလွင်" ဝက်ဘ်ဆိုက် မည်သူ လွှင့်တင်နေသည်ကို မိမိတို့ သိရှိထားပြီး ဖြစ်ပါသည်။ မမှန်သတင်း အစပြု ဖြန့်ချိသော "အတွင်းသတင်း Facebook စာမျက်နှာ" နှင့် မိမိတို့ ဆက်လက်ဆောင်ရွက်ရန် ရှိသည်များကို ဆက်လက် ဆောင်ရွက်ပါမည်။
၁၂။ ယနေ့လက်ရှိအချိန်တွင် နိုင်ငံရေးခေါင်းဆောင်များ၊ Stakeholder များအားလုံးက နိုင်ငံနှင့်ပြည်သူ အကျိုးအတွက် ဝမ်းမြောက်ဖွယ်ရာ ပူးပေါင်းဆောင်ရွက်နေကြပြီ ဖြစ်ရာ ဤသို့သော လုပ်ဆောင်ချက်များ လုပ်ဆောင်လာကြသူများသည်လည်း မိမိတို့၏ အစွန်းရောက်သော ခံယူချက်များ၊ ငါနှင့်မတူ ငါ့ရန်သူ ဟူသော ခေတ်ဆွေးအတွေးအခေါ်များ ဖယ်ခွါချရန် အချိန်တန်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
By Hmuu Zaw (Facebook) http://www.facebook.com/hmuu.zaw.forum

Reviewed by သစ်ထူးလွင်
on
14:36
Rating:
13 comments:
ကိုမှူးဇော် ပြောတာ အလွန်မှန်ပါသည်။ မနေ့က သတင်းတက်လာတော့ စိတ်မကောင်း ဖြစ်မိပါသည်။ ထိုသို့သော သတင်းမျိုး ရေးသူရော တင်သူပါ တာဝန်ရှိပါသည်။ ကျွန်တော်လည်း မျက်ရည်ပူကျသော မျက်စေ့ အားနဲ ရောဂါ ဖြစ်နေသူဖြစ်ပါသည်။ ရေချိုးလျှင် သက်သာသော်လည်း အအေးမိ ရောဂါ ထပ်ဖြစ်ပါသည်။ နားလည်ကြ ဖို့တော် အတော်လိုနေ ပါပြီး။ ဒါဟာ သက်သက် ထွင်ကြတာပါဘဲ။
မနေ့တည်းက ထင်ပါသည်။ ခန်းမအတွင်း သုံးစွဲထားသော အလင်းရောင်များနေခြင်း၊ ဓါတ်ပုံ သတင်း၊ ရုပ်မြင်သတင်းယူခြင်းတို့မှ ဖြစ်စေသော အလင်းအားများသည် အလွန် စူးရှလှပါသည်။ ထိုသို့သောအခါမျိုးတွင် မျက်မှန်တပ်နေရသူတို့ ကိုယ်ခြင်းစာနာမိမှာဖြစ်ပါသည်။
ဒီသတင်းဟာလုပ်ကျန်သတင်းဆိုတာသတင်းဖတ်ပြီးအတည်းကသိပါတယ်။သစ်ထူးလွင် စာဖတ်သူတွေအယုံကြည်မရှိအောင်ပြီးပြီးရောမတင်ပါနဲ့ ။သေချာလေ့လားပြီးမှတင်စေချင်ပါတယ်။
လွင့်တဲလူကလည်းမတင်သင့်ဘူး ။ရေးတဲ့သူကလည်းအ
ထင်နဲ့မရေးသင့်ဘူး။တိုင်းပြည်နဲ့ပြည်သူတွေအတွက်ဘာ
အကျိုးရှိလည်း?နိုင်ငံအကြီးအကဲတစ်ဦးကိုသိက္ခာချရတာ
သတင်းသမားရဲ့အောင်မြင်မှုလား?တိုင်ပြည်တည်ဆောက်
ဖို့ဦးဆောင်လုပ်ရတာအခက်အခဲအကျပ်အတည်းအများ
ကြီးကိုကျော်ဖြတ်နေရတာ ဘေးကျပ်နံကျပ်ဖြစ်အောင်
လုပ်တာတွေကိုရှုံချတယ်။လူယဉ်ကျေးများလုပ်တဲ့အလုပ်
မဟုတ်ဘူး။
.
ရှင်းလင်းချက်ကလည်း "ဖင်ပြဲအောင်" ရုန်းကန် ကြိုးစားကြရမည့်အချိန် (စာပိုဒ် ၉တွင်) ။ နားမလည်တော့ဘူး
မှူးဇော်မှာစာအရေးအသားအားကြိုးမန်တက်ရေးလာပြီးမှ "ဖင်ပြဲအောင်"
ဆိုတဲ.စကားလုံးကဆောင်းပါးကိုစိတ်ပျက်သွားစေပါသည်။ စိတ်ချပါ
ပြည်သူတွေကလည်းချင်.ချိန်ယုံတတ်ပါတယ်။ နှစ်ပေါင်း ၅၀ လောက်
မီဒီယာကလိမ် ဟိုကလိမ်ဒီကလိမ်နဲ.၊ခေါင်းစဉ်ဖတ်လိုက်တာနဲ.နပ်ပါတယ်။
သမ္မတကိုလေးစားနိုင်ပါတယ်။
မှူးဇော်၇ဲ့ မှတ်ချက်အပေါ် သစ်ထူးလွင်၇ဲ့ သဘောထားကို သိချင်တယ်ဗျာ။
သမ္မတကြီးနှလုံမှာ steel ချောင်းထည့်ထားတယ်နော်...
ဗုဒ္ဓမြတ်စွာက စကား ၆ ခွန်းမှာ ၂ ခွန်းကိုပဲ recommand လုပ်
တာပါ။
ဒီမှာတွေ့နေရတာက ထူးရင် ဦးရင် ပြီးရော သတင်းဟီးရိုးလုပ်
ချင်နေကြသလားလို့ထင်ချင်စရာပဲ။
မေးချင်တာလေးတစ်ခုရှိပါတယ်...နားလည်တတ်ကျွမ်းသူများ
ဖြေကြားပေးဖို့မေတ္တာရပ်ပါတယ်
သတင်းတစ်ပုဒ်ဟာ
သွေးထွက်အောင်မှန် x အဆပေါင်း သိန်း သန်း ကုဋေ......
ok...ဒါပေမယ့်သူ့ရဲ့နောက်ဆက်တွဲက ကမ္ဘာပျက်မယ်ဆိုပါ
တော့ ......ဘယ်လိုဆုံးဖြတ်လုပ်ကိုင်မလဲဆိုတာ သိချင်မိပါရဲ့။
သတင်းမီဒီယာသမားများ...အဆင့်တန်းမီစွာနဲ့..မိမိမေးခွန်းနဲ..ရရှိသောအကျိုးအကျေးဇူး..ပြည်သူအတွက်....ဖြေကြားသူ၏ထိခိုက်နိုင်သော..အကျိုးကျေးဇူးကို..သိနိုင်ကြပါစေလို့....တစ်ဦးကိုတစ်ဦးလေးစားနိုင်ကြပါစေဗျာ
Aung myo
သတင်းမှားတာသိရလို့ဝမ်းသာပါတယ်။
တခါတရံအထင်အမြင်လွဲတတ်ပါတယ်။
Reply
သမ္မတကြီးသတင်းစာရှင်းလင်းပွဲမှာမီဒီယာသတင်းသမားတွေနှင့်အမေး/
အဖြေပြုနေစဉ်၊အာရုံအားနည်းခြင်းကြောင့်၎င်း၊မေးမြန်းမှု့တွေကိုမိမိ၏
သဘောထားများကိုရှင်းလင်းပြန်ပြောနေရခြင်း/ပင်ပမ်းနွမ်းနယ်နေခြင်း/အချို့သောရောဂါများကြောင့်တခါတရံမျက်ရည်အလိုအလျှောက်ကျခြင်းဖြစ်တတ်ပါသည်။ကျွန်တော်တောင်တခါတရံဘာဖြစ်မှန်းမသိဘဲ၊မျက်ရည်ပူများအလိုလိုကျဆင်းတတ်ပါသည်။မျက်ရည်ကျတာကိုသမီးဖြစ်သူကမြင်တော့-အဖေ..ဘာဖြစ်လို့ငိုနေတာလဲဆိုပြီးရုတ်တရက်မေးလိုက်တော့ကျွန်တော့မှာ
အူကြောင်ကြောင်ဖြစ်သွားပြီး/အဖေငိုနေတာမဟုတ်ပါဘူး-မျက်ရည်ပူကျနေ
တာပါလို့ပြန်ဖြေရှင်းခဲ့ရတယ်။ ဒါကြောင့်သမ္မတကြီးအနေနှင့်လည်းတခါတရံ
ကျလေ့ကျထရှိသောမျက်ရည်ပူထွက်လာခြင်းကို-မေးမြန်သူနှင့်တိုက်ဆိုင်မှု့
ဖြစ်သွားလို့-၄င်းမေးသောမေးခွန်းကြောင့်သမ္မတကြီးဖြေရခက်သွားပြီးမျက်
ရည်ကျသွားသည်ဟုထင်ပြီး၊သတင်းမှားတွေကို-မှားရေးလိုက်ခြင်းဖြစ်လိမ့်
မည်ဟုယူဆပါသည်။ကိုမှူးဇော်လည်းသတင်းသမားတွေရဲ့အမှားသတင်း
ကြောင့်၊ပြည်သူများမှထင်ယောင်ထင်မှားမဖြစ်စေရန်ပြန်လည်ဖြေရှင်းသင့်
သည်ကိုဖြေရှင်းတာကောင်းပါသည်။သို့သော် (ဖင်ပြဲအောင်ရုန်းကန်ကြိုးစား
ကြရမည့်အချိန်ဖြစ်သလို)ဟုဆိုသောစာသားအစား-နေ့မအား/ညမနား ဘဲ
ပင်ပမ်းစွာဖြင့်ရုန်းကန်ကြိုးစားကြရမည့်အချိန်ဖြစ်သလို)ဆိုရင်ပိုပြီးနားဝင်ချို-
နားထောင်းကောင်းပါသည်။ကိုမှူးဇော်ကို ဆရာလုပ်တာမဟုတ်ပါဘူး။အကြံ
ပေးတာပါ။ မီဒီယာတွေအနေနဲကလည်းမီဒီယာကျင့်ဝတ်များကိုစောင့်ထိန်း
ရေးသားသင့်ပါသည်။ စာတည်းမှူးနှင့်အယ်ဒီတာချုပ်များအနေနှင့်လည်းသ
တင်းရေးသားမှု့များကိုစီစစ်ပေးပြီး၊ပြည်သူများနားလည်မှု့လွှဲနိုင်စေသောအ
ကြောင်းအရာများမပါရှိစေရန်တည်းဖြတ်ပေးရန်အရေးကြီးပါသည်။ဒီမိုကရေ
စီရပြီဆိုတိုင်း၊နိုင်ငံအကျိုးဆောင်ရွက်နေသူများအတွက်တော့မထိခိုက်စေ
လိုပါ။ ရေးသင့်ရေးထိုက်သောသတင်းဆိုလျှင်ပြည်သူ့အတွက်တင်ပြနိုင်ပါ
သည်။မီဒီယာသတင်းသမားများအားလုံးသည်လည်းအတွေ့အကြုံများစွာရ
ရှိထားသူများဖြစ်ကြသည့်အတွက်၎င်း/ပညာတတ်သူများဖြစ်ကြသည့်သူ
များပီပီ၊လိမ္မာပါးနပ်စွာသတင်းယူနိုင်လျှင်-သတင်းသမားကောင်းတွေဖြစ်လာ
ကြမည်။ တိုင်းပြည်ကောင်းအောင်နှင့်ပျက်ဆီးအောင်လုပ်နိုင်သောသူများဖြစ်
သဖြင့်သေချာစွာသတင်းယူပြီး၊သေချာစွာစီစစ်လုပ်ဆောင်သင့်ပါကြောင်း၊အ
ကြံပြုတင်ပြလိုက်ရပါသည်။
သတင်းသမားလဲဦးနှောက်ရှိရင်ဆင်ခြင်လို့ရတာပဲ ကမ္ဘာပျက်စေနိုင်တဲ့သတင်းဆိုကိုယ်ရေးလို့ပျက်ရင်ကိုယ့်ကြောင့်ပဲလေ ကမ္ဘာဖျက်တဲ့ကောင်ဆိုပြီးဂုဏ်ယူချင်ရင်တော့ေ၇းလေရတာပဲ ဒါနဲ့မသိလို့ သတင်းသမားဆိုတာ လူအများကျေိုးရှိမယ်ဆို ဘာဖြစ်ဖြစ်ရေးရဲ၇မယ်လို့ခံယူထားတဲ့အများအကျိုးလိုလားသူတွေမဟုတ်လား
အများအကျိုးလိုလားသူတွေကအများပျက်စီးမယ့်သတင်းမှန်းသိရင်ရေးသင့်လား
ကိုယ်သတင်းဦးချင်ယုံနဲ့ဘာရရ ထည့်တော့မှာလား (ဥပမာ-ဦးသိန်းစိန် ဘောင်းဘီတိုနဲ့ေ၇ချိုးတဲ့ပုံရရင်ကော သတင်းသမားသိက္ခာအပြည့်နဲ့ဘယ်သူဘာဖြစ်ဖြစ်ဆိုပြီးထည့်မှာလား)
Post a Comment