လက်ပံတောင်းတောင် ရဲတပ်ဖွဲ့ ဝင်တွေ အစစ်ဆေးခံနေရ

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တန့် ပေးဖို့ တောင်းဆိုတဲ့ ပြည်သူ့ ညီလာခံကျင်းပ နေစဉ်မှာပဲ စီမံကိန်း လုံခြုံရေး တာဝန်ကျနေတဲ့ ရဲအရာရှိ တချို့ ဖမ်းဆီး စစ်ဆေးခံနေရပါတယ်။

လုံခြုံရေး တာဝန်ကျ ရဲအုပ်အောင်ကြည်စိန်နဲ့ ရဲဒုတပ်ကြပ် အောင်ဝင်းထွန်းတို့ နှစ်ဦးဟာ မုံရွာမြို့  အမှတ် ၂ ရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးခံနေရတာပါ။

ကြေးနီစီမံကိန်း လုံခြုံရေး အလှည့်ကျ တာဝန်ချထားခံရတဲ့ စစ်ကိုင်းတိုင်းပုလဲမြို့နယ်ရဲတပ်ဖွဲ့က ရဲ အုပ်အောင်ကြည်စိန်ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းတာဝန်ရှိသူတွေက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေအပေါ် ခြိမ်းခြောက်ခိုင်းစေမှုတွေရှိနေတဲ့အကြောင်းပြောပြထားတဲ့ ဗီဒီယို အင်တာနက်မှာ ပြန့်နှံခဲ့တဲ့အတွက် စစ် ဆေးခံရတာလို့ ရဲစခန်းမှာ သွားရောက်တွေ့ဆုံခွင့်ရခဲ့တဲ့ မုံရွာ အခြေစိုက် ရှေ့နေ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဒီမိုကရက်တစ် မြန်မာအသံ ရုပ်မြင်သံကြား ကနေ ပြည်တွင်းက ပြည်သူပြည်သား သတင်းသမား များ ပေးပို့တဲ့ အဲဒီမှတ်တမ်းကို ထုတ်လွင့်ခဲပြီးဖြစ်ပါတယ်။

ရုပ်/သံ မှတ်တမ်း ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

အဲဒီ ဗီဒီယို မှာ ရဲအုပ်အောင်ကြည်စိန်နဲ့ ရဲဒုအကြပ်အောင်ဝင်းထွန်းတို့ကနေ လက်ပံတောင်းတောင် စီမံကိန်းမှာ အနေအထိုင် ဆင်းရဲရပုံတွေ ၊ တရုတ်ကုမဏီက တစ်ရက် ငွေ ၂ ထောင်ပေးပြီးခိုင်းတာကို မလုပ်ချင်ပဲ ရဲတပ်ဖွဲ့ရဲ အလုပ်တွေကို သာ လုပ်ချင်ကြတယ်လို့ ပြောပြထားတာတွေ ပါဝင်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရဲအရာရှိ ၂ ဦးဟာ မုံရွာရဲအချုပ်မှာ ရဲတပ်ဖွဲ့ဝင်အချင်းချင်း မညှာမတာ ဆက်ဆံခဲ့ရတယ်လို့ လည်း ရဲအုပ်အောင်ကြည်စိန်ရဲ့ ပြောဆိုချက်ကိုကိုးကားပြီးေ၇ှ့ နေကပြော ပါတယ်။

ရဲအုပ် အောင်ကြည်စိန်နဲ့ ရဲဒုအကြပ် အောင်ဝင်းထွန်းတို့ နှစ်ဦး ဗီဒီယိုရိုက်ကူးစဉ်က ထိုင်ခဲ့တဲ့ မုံရွာ ပုလဲ ကားလမ်းပေါ် ဖေါင် ကားရွာအနီးက Gold Star စားသောက်ဆိုင်က ဆိုင်ပိုင်ရှင် ဦးအောင်မင်းကိုလည်း အမှတ် ၂ ရဲစခန်းကို ခေါ်ယူ စစ်ဆေးထားတယ်လို့ သိရပါတယ်ခင်ဗျာ။

မင်းလွင် DVB ၁၉ အောက်တိုဘာ ၂၀၁၂

ရဲအုပ် အောင်ကြည်စိန်နဲ့ ရဲဒုအကြပ် အောင်ဝင်းထွန်း

လက်ပံတောင်းတောင် ရဲတပ်ဖွဲ့ ဝင်တွေ အစစ်ဆေးခံနေရ လက်ပံတောင်းတောင် ရဲတပ်ဖွဲ့ ဝင်တွေ အစစ်ဆေးခံနေရ Reviewed by သစ်ထူးလွင် on 18:36 Rating: 5

11 comments:

Unknown said...

ဒို့ ပြည်သူတွေ ရဲအရာ ရှိ့ နှစ်ဦးပြန် လွတ်မြောက်အောင်
ဆန္ဒပြ တောင် ဆိုကြပေးပါ လို့ 

Unknown said...

ဒီရဲအုပ်နှစ်ယောက် သနားပါတယ်ဗျာ။ သူတို့ခွင့်ပြုချက်ယူပြီး အင်တာနက်အပေါ် တင်တာတော့ မဟုတ်တာ သေချာပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက် ဒုက္ခတော့ များသွားရပြီပေါ့။ နောက်ဆို သတင်းထောက်တွေ မေးသမျှ ရဲတွေ မဖြေချင်တာ၊ မဖြေရဲတာကို အပြစ်ပြောလို့ မရဘူးပေါ့ဗျာ။ သူတို့မှာလဲ မှီခိုနေတဲ့ မိသားစုတွေ ရှိကြမှာပဲလေ၊ ဘယ်သူက ဘ၀နဲ့ ရင်းရဲမှာလဲ။ သူတို့ခင်ဗျာ ခံစားချက်ပြင်းထန်နေတာရော၊ အရက်ကလည်း နဲနဲထွေနေတာရော၊ မေးသူကလည်း ကိုယ်လိုတဲ့စီရောက်အောင် နှိုက်ထုတ်သွားတာရော.. အကြောင်းတရားတွေ စုံသွားဟန်တူပါတယ်။ ဒီအင်တာဗျူးမှာ ရဲနှစ်ယောက်ကြည့်ရတာ အခံဘက်ကမို့ ကရုဏာသက်မိလို့လားမသိဘူး.. သူတို့ပြောတာတွေ အရိုးထည်အတိုင်းပဲလို့ မြင်မိတယ်။ ကျနော့ အမြင်တော့ ရုပ်တွေ၊ အသံတွေ မဖော်၊ အမည်ရင်းတွေ မသုံးဘဲ စာသားနဲ့အင်တာနက်မှာတင်ရင် လုံလောက်ပြီလို့ထင်ပါတယ်။ ရဲအုပ်နှစ်ယောက်အတွက် ဖြစ်လာမယ့် အကျိုးဆက်တွေကို ထည့်တွက်စဉ်းစားသင့်ပါတယ်။ အခုလို ပျံ့နှံ့ပြီးသားလက်ဆနဲ့ သစ်ထူးလွင်မှာ ဗွီဒီယိုဖိုင်ကို ကြည့်ရတာကတော့ တစ်မျိုးပေါ့လေ..။

Unknown said...

ကျတော်ထင်ပါတယ်..တနေ့  ဒီလို ဖြစ်လာကြမယ်လို့ ...

Unknown said...

နိုင်ငံ့ဝန်ထမ်းဆိုတာ ပြည်သူတွေပေးတဲ့အခွန်ငွေတွေနဲ့လစာစရိတ်တွေပေးထားရတာ။ခရိုနီတွေ ကုမ္ပဏီတွေရဲ့ လက်ကိုင်တုတ်တွေ မဖြစ်သင့်ဘူး။ပြည်သူ့မျက်နှာကိုဘဲကြည့်တဲ့ ပြည်သူ့အတွက် ပြည်သူဘက်က ရဲရဲရပ်တည်ရဲတဲ့ ဝန်ထမ်းတွေ ကိုအလေးပြုချီးကျူးဂုဏ်ပြုပါ၏။

silarnanda said...

ဒီသတင်းဗွီဒီယိုကိုရိုက်တဲ့ လူကသတင်းတင်လိုက်ရင်ဒီလိုဖြစ်မယ်ဆိုတာသိရဲ့သားနဲ့လုပ်တယ်လို့ထင်မိတယ် တစ်ဘက်လူမှာဘယ်လိုနစ်နာသွားမယ်ဆိုတာကို ဒီဗွီဒီယိုကိုကြည့်ကတည်းကသိတယ် သတင်းထောက်ုလုပ်နေပြီး တစ်ဘက်လူရဲ့ထိခိုက်မှုကိုရှောင်းရှားပါရန်မေတ္တာရပ်ခံပါသည်။

Kane said...

Rule of Law ဆိုတာမရှိသရွေ့မြန်မာပြည်မတိုးတက်ပါ။

Unknown said...

လူထုရဲ့ ဆန္ဒ လူထုရဲ့ဒုက္ခ ၊လယ်သမားေ တွရဲ့ ဘ၀ပျက် မှု တွေ ကိုစာနာကြ ပါအုံး။

Unknown said...

ရဲတွေလည်း သနားစရာပါ ဒါပေမဲ့ ပြည်သူများကတော့ နာစရာချည်းပါဗျာ။

redflag said...

သူတို့ က နှစ်ထောင်ပဲရတာ။ အပေါ်အဆင့်ဆင့်က အထုပ်ကြီးကြီးနဲ့  ရတာ။ ခံရတော့ အောက်ခြေဘဲ။ မီဒီယာကလည်း တစ်ဘက်သား နစ်နာမယ့် ကိစ္စ ကို အမည်၊နေရပ်၊အလုပ်အကိုင် မဖော်ပြပေးသင့်ပါဘူး။ ။

Unknown said...

တို့မြန်မာတွေကိုယ့်အမှားကို မမြင်ကြရင် သူများစားတာခံရမယ်နော်

Maymyochit said...

သူတို့တွေ့ ကြုံရတဲ့ခံစားချက်ကိုရိုးသားစွာပြောပြနေတာသိသာပါတယ်
အင်္ကျီအစင်းနဲ့ရဲကအပြင်မှာလဲရိုးသားတယ်ထုံပေပေနဲ့ဒါကိုသတင်းထောက်ကအခွင့်အရေး
ယူသွားတာဖြစ်မယ်။

Powered by Blogger.