"နိုင်ငံရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ကတော့ ကျွန်မ အမြဲတမ်း ပြောခဲ့ပါတယ်။ ကျွန်မတို့ဟာ ဒီမိုကရေစီရသေးတဲ့ နိုင်ငံမဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံရဲ့ စနစ်က ဒီမိုကရေစီစနစ်လို့ ပြောလို့ မရသေးပါဘူး။ လက်ရှိ အခြေအနေ အရ ဒီမိုကရေစီလမ်းကို လျှောက်နိုင်တဲ့ အခြေအနေ ရောက်လာတယ် ဆိုတာကို ရှင်းပြဖို့သွားတာပါ။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓာတ်ပုံ- ဂျောမောင်မောင်(အမရပူရ) - 7Day News Journal |
လက်ရှိ အခြေအနေသည် အားလုံးကောင်းသည့် အခြေနေမဟုတ် သေးဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Reviewed by သစ်ထူးလွင်
on
17:42
Rating:
6 comments:
ဒေါ်စုသမ္မတလုပ်ပြီးမြန်မာနိုင်ငံအနောက်အုပ်စုစိတ်ကြိုက် ချယ် လှယ်ခွင့်ရမှဒီမိုကရေစီနိုင်ငံဖြစ်ပြီလို့ပြောချင်တာမဟုတ်လားခင်ဗျာ
ကျမ သမ္မတ ရမှသာ အားလုံး ကောင်းသွားမည်ဖြစ်ကြောင်း
ထောက်ခံပါတယ်...ဒီမိုကရစီစထွန်းကားလာရင် အခြေခံလူတန်းစား၊စားရေး နေရေး ပညာရေးနဲ့အလုပ်အကိုင်အခွင့်လမ်းတွေရရှိလာရမှာဖြစ်ပါတယ်..
ကျမ္မာရေးစောင့်ရှောက်မှုနဲ့လူ့အခွင့်အရေးအပြည့်အ၀ရရှိရမှာပါ..
အခုလက်ရှိအနေအထားကတော့ ခရိုနီအတွက်သာဒီမိုကရေစီရတာဖြစ်ပြီး
အခြေခံလူတန်းစားအဖို့တော့ဘ၀မှာပိုပြီးခက်ခဲသလိုခံစားရပါတယ်..
နိုင်ငံတော်သမတ္တကြီးကိုတော့ အားနာပါတယ်ခင်ဗျား..ဒေါ်စုပြောတာမှန်
နေလို့ပါ.
အဲဒါတွေကိုသိပါတယ် ကျနော်တို့ပြည်သူတွေအနေနဲ့ ဘာတွေကိုကြိုးစားဖို့လိုအပ်နေတာလဲ အလုပ် လုပ်ခြင်ပေမယ့် ၀ါသနာပါရာကိုမပြောနဲ့ ရရာအလုပ် လုပ်ပါ့မယ်ဆိုတာတောင် အရမ်းခက်ခဲနေတဲ့ အခြေအနေမျိုးမှာ တိုင်းပြည်အတွက် ဘာတွေကိုဘယ်လိုကြိုးစားရမှာလဲဗျာ..ကျနော်တို့ပတ်ဝန်းကျင်နိုင်ငံတွေက လူငယ်တွေဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ကြိုးစားတက်ကြွနေကြတာ..အစိုးရမကောင်းရင် အစိုးရကိုလုပ်ပေါ့ဗျာ ကျနော်တို့လူငယ်တွေကို ခေါင်းငိုက်စိုက်ကျနေအောင် ဘာကြောင့်လုပ်ခဲ့ကြတာလဲ..မကျေနပ်မှုတွေ ဆင်းရဲဒုက္ခတွေအရမ်းများလာပြီး အစိုးရကို ဆန့်ကျင်ပုန်ကန်အောင်လုပ်တာဆိုရင်လည်း မကျေနပ်မှုတွေပေါက်ကွဲပြီးဖြစ်လာတာဆိုတော့ ပရမ်းပတာနဲ့ ဆူပူအုံကြွမှုကြီးပဲဖြစ်လာမှာပေါ့ဗျာ ပြည်သူတွေရဲ့ ကိုယ်ရေကိုယ်သွေးတွေ နိုင်ငံရေးအသိတွေမြင့်မားလာပြီး စနစ်အပေါ်မှာပြောင်းလဲဖို့ တော်လှန်မှသာ ခေတ်ပြောင်းတော်လှန်ရေးဖြစ်နိုင်မှာပေါ့ဗျာ အစိုးရကလည်းမကောင်း အတိုက်အခံတွေကလည်း နိုင်ငံကိုချစ်တဲ့စိတ်ထက် အစိုးရကိုမုန်းတဲ့စိတ်တွေပဲ ပိုများနေခဲ့ကြတော့ ကျနော်တို့လူငယ်တွေဟာ ခေတ်ဆိုးတခုရဲ့ မြေစာပင်တွေပါဗျာ...
အမေစု သမ္မတလုပ်ချင်နေလည်းအပြည့်အဝထောက်ခံတယ်။သိပ်ညံ့မနေကြနဲ့ကွ။
အမေစုလုပ်နိုင်ရင်တောင် အသာငြိမ်ကြည့်နေစမ်းပါဟ ငတုံးတွေရ။
Post a Comment