ကျွန်တော် ဦးသောင်းညွန့် ၁၄/ဖပန(နိုင်)061988 သည် သတင်းထောက် အလုပ်ဖြင့် အသက် မွေးဝမ်းကျောင်း ပြုသူ တစ်ဦးဖြစ်ပြီး၊ ချမ်းသာ ကြွယ်ဝသူ တစ်ဦး မဟုတ်ပါ သဖြင့် (မိသားစု စားဝတ် နေရေးမှာ လုံလောက်ရုံမျှသာ) ယနေ့ထက်တိုင် တယ်လီဖုန်း ၀ယ်သုံးနိုင်သော လူတန်းစားထဲတွင် ပါဝင် နိုင်ခြင်းမရှိသေးသူ တစ်ဦးဖြစ်ပါသည်။
သို့ပါသော်လည်း (၂၄.၅.၂၀၁၂) ရက်နေ့တွင် ကျွန်တော့်ထံသို့ ဖျာပုံမြို့၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရုံးမှ ပူးတွဲပါ ပုံအတိုင်း တယ်လီဖုန်း အခွန်ငွေပေးသွင်းရန် တောင်းခံလွှာ ရောက်ရှိလာခဲ့ပါသည်။ ငွေတောင်းခံလွှာတွင် ပါဝင်သော တယ်လီဖုန်းနံပါတ်မှာ လွန်ခဲ့သော နှစ်အတန်ကြာကပင် ကျွန်တော်တို့မြို့တွင် တပ်ဆင်ချထားပေးခဲ့သော တယ်လီဖုန်းနံပါတ် အစဉ်များထဲက တစ်ခုအပါအ၀င်ဖြစ်နေ သည်ကိုလည်း စုံစမ်း သိရှိရပါသည်။
ငွေတောင်းခံလွှာတွင် ပါဝင်သော နာမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာတို့မှာ ကျွန်တော်၏ နာမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ အမှန်အတိုင်းပင် ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ကျွန်တော်အနေဖြင့် တယ်လီဖုန်း တပ်ဆင်နိုင်သည့် ငွေကြေးပမာဏမျိုး ရှိသူမဟုတ်သဖြင့် ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း တစ်ဆင့်ခံဖြင့် သော်လည်းကောင်း တစ်ကြိမ်တစ်ခါမျှ တယ်လီဖုန်း တပ်ဆင်ခွင့်ရရန် လျှောက်ထားဖူးခြင်းမရှိပါ။
ငွေတောင်းခံလွှာပါ တယ်လီဖုန်းနံပါတ်မှာ တစ်ချိန်က တယ်လီဖုန်းတစ်လုံးရရန် ငွေရှိရုံနှင့်မပြီး ဌာနဆိုင်ရာအသိုင်းအ၀န်းနှင့် အဆင်ပြေသူများသာ (အကပ်ကောင်းသူများသာ) ရနိုင်သော ခေတ်အခါက နံပါတ်ဖြစ်နေသည်ကိုလည်း စုံစမ်းတွေ့ရှိရပါသည်။ သို့ဖြစ်ပါသောကြောင့် ထိုတယ်လီဖုန်းမှာ (ဌာနဆိုင်ရာအသိုင်းအ၀န်းမှ) တစ်စုံတစ်ဦးက ကျွန်တော့်၏ နာမည်ကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးအတွက် အသုံးချထားခြင်းဖြစ်ကြောင်း ပေါ်လွင် ထင်ရှားနေပါသည်။
ကျွန်တော့်အတွက် မိမိတွင် အမှန်တကယ်မရှိသော တယ်လီဖုန်းအတွက် အခွန်ငွေပေးဆောင် ရမည်ဆိုသော ကိစ္စမှာ အင်မတန်စိတ်အနှောက်အယှက်ဖြစ်ရရုံသာမက လူအများကြားတွင်လည်း အလွန်ပင်ရယ်စရာကောင်းသော ကိစ္စတစ်ခုဖြစ်နေပါသည်။ ယနေ့အချိန်အခါသည် နိုင်ငံတော်သမ္မတကြီးမှ ဦးဆောင်၍ Clean Government, Good Governance အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသော အချိန်ကာလဖြစ်ပါသဖြင့် သမ္မတကြီးနှင့်တစ်ကွ အစိုးရတစ်ရပ်လုံးအား ဂုဏ်သိက္ခာကျဆင်းစေနိုင်သည့် ထိုသို့သော ကိစ္စရပ်များအား တာဝန်ရှိသူများမှ လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ဤနေရာမှတစ်ဆင့် တင်ပြတိုင်ကြားအပ်ပါသည်။
ဦးသောင်းညွန့် (သတင်းထောက်)
အမှတ် (၁၀၈)၊ (၁၁) လမ်း၊ (၁၀) ရပ်ကွက်
ဖျာပုံမြို့
သို့ပါသော်လည်း (၂၄.၅.၂၀၁၂) ရက်နေ့တွင် ကျွန်တော့်ထံသို့ ဖျာပုံမြို့၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရုံးမှ ပူးတွဲပါ ပုံအတိုင်း တယ်လီဖုန်း အခွန်ငွေပေးသွင်းရန် တောင်းခံလွှာ ရောက်ရှိလာခဲ့ပါသည်။ ငွေတောင်းခံလွှာတွင် ပါဝင်သော တယ်လီဖုန်းနံပါတ်မှာ လွန်ခဲ့သော နှစ်အတန်ကြာကပင် ကျွန်တော်တို့မြို့တွင် တပ်ဆင်ချထားပေးခဲ့သော တယ်လီဖုန်းနံပါတ် အစဉ်များထဲက တစ်ခုအပါအ၀င်ဖြစ်နေ သည်ကိုလည်း စုံစမ်း သိရှိရပါသည်။
ငွေတောင်းခံလွှာတွင် ပါဝင်သော နာမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာတို့မှာ ကျွန်တော်၏ နာမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ အမှန်အတိုင်းပင် ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ကျွန်တော်အနေဖြင့် တယ်လီဖုန်း တပ်ဆင်နိုင်သည့် ငွေကြေးပမာဏမျိုး ရှိသူမဟုတ်သဖြင့် ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း တစ်ဆင့်ခံဖြင့် သော်လည်းကောင်း တစ်ကြိမ်တစ်ခါမျှ တယ်လီဖုန်း တပ်ဆင်ခွင့်ရရန် လျှောက်ထားဖူးခြင်းမရှိပါ။
ငွေတောင်းခံလွှာပါ တယ်လီဖုန်းနံပါတ်မှာ တစ်ချိန်က တယ်လီဖုန်းတစ်လုံးရရန် ငွေရှိရုံနှင့်မပြီး ဌာနဆိုင်ရာအသိုင်းအ၀န်းနှင့် အဆင်ပြေသူများသာ (အကပ်ကောင်းသူများသာ) ရနိုင်သော ခေတ်အခါက နံပါတ်ဖြစ်နေသည်ကိုလည်း စုံစမ်းတွေ့ရှိရပါသည်။ သို့ဖြစ်ပါသောကြောင့် ထိုတယ်လီဖုန်းမှာ (ဌာနဆိုင်ရာအသိုင်းအ၀န်းမှ) တစ်စုံတစ်ဦးက ကျွန်တော့်၏ နာမည်ကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးအတွက် အသုံးချထားခြင်းဖြစ်ကြောင်း ပေါ်လွင် ထင်ရှားနေပါသည်။
ကျွန်တော့်အတွက် မိမိတွင် အမှန်တကယ်မရှိသော တယ်လီဖုန်းအတွက် အခွန်ငွေပေးဆောင် ရမည်ဆိုသော ကိစ္စမှာ အင်မတန်စိတ်အနှောက်အယှက်ဖြစ်ရရုံသာမက လူအများကြားတွင်လည်း အလွန်ပင်ရယ်စရာကောင်းသော ကိစ္စတစ်ခုဖြစ်နေပါသည်။ ယနေ့အချိန်အခါသည် နိုင်ငံတော်သမ္မတကြီးမှ ဦးဆောင်၍ Clean Government, Good Governance အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသော အချိန်ကာလဖြစ်ပါသဖြင့် သမ္မတကြီးနှင့်တစ်ကွ အစိုးရတစ်ရပ်လုံးအား ဂုဏ်သိက္ခာကျဆင်းစေနိုင်သည့် ထိုသို့သော ကိစ္စရပ်များအား တာဝန်ရှိသူများမှ လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ဤနေရာမှတစ်ဆင့် တင်ပြတိုင်ကြားအပ်ပါသည်။
ဦးသောင်းညွန့် (သတင်းထောက်)
အမှတ် (၁၀၈)၊ (၁၁) လမ်း၊ (၁၀) ရပ်ကွက်
ဖျာပုံမြို့
မြန်မာ့ဆက်သွယ်ရေး၏ ဂင်းနစ်စံချိန်တင်နိုင်လောက်သည့် အမှား
Reviewed by သစ်ထူးလွင်
on
13:16
Rating:
41 comments:
လွယ်ပါတယ်-အလွှဲသုံးစားလုပ်သူကိုအမိဖမ်းနိုင်ရန်-၄င်းဖုန်းနံပါတ်ကိုလိုင်းပိတ်
လိုက်ပါ။အသုံးပြုလို့မရရင်-လာရောက်ပြောဆိုသူကိုဖမ်းပြီးစစ်လိုက်ရင်ဘယ်သူ
သုံးသလဲဆိုတာပေါ်လာမှာပါ။ ဆက်သွယ်ရေးကဝန်ထမ်းတွေလုပ်တာမဟုတ်ဘူး
ဆိုရင်-အမိဖမ်းပြီးရှင်းပေးလိုက်ပါ။မရှင်းပေးနိုင်ရင်တော့သက်ဆိုင်ရာဆက်သွယ်
ရေးဌါန၏တာဝန်ဖြစ်ပါတယ်။မမှန်မကန်လုပ်တာဆက်သွယ်ရေးဌါနကဆိုရင်တစ်
ဖွဲ့လုံးအရေးယူခံရနိုင်ပါတယ်။ အမှန်အတိုင်းလုပ်ပေးလိုက်ပါ။
တို့တွေ တယ်လီဖုံးကို ကိုယ်တိုင်သွားလျောက်ဘူးပါတယ် လူကိုယ်တိုင် မှတ်ပုံတင်ယူပြီး လက်မှတ်ထိုးရပါတယ် ကိုယ့်မှတ်ပုံတင်မပါဘဲနဲ့ ဖုံးရသွားတယ် ဆိုတာ နစ်ဦးနစ်ဘက် ကစဉ်းစားစရာဖြစ်ပါတယ် တို့သာ အရာ၇ှိဆိုရင် မဖြစ်နိုင်ပါဘူးလို့ဘဲ ပြောရပါမယ် ဖြစ်ခဲ့တယ်ဆိုရင်တော့ဒီကိစကို မသုံးသပ်တတ်ပါ။ နစ်ပေါင်းများစွာက ဘီလ်မလာဘဲ အခုမှ လာတာကိုလဲ နားမလည်နိုင်ပါ။
ဒီကိစ္စကရန်ကုန်မှာလဲရှိနေပါတယ်၊နိင်ငံ
ခြားကိုလုံးဝမခေါ်ဘဲငွေတောင်းလွာရောက်
တာ၊ဒီဌာနကငွေကျိန်းသေဝင်တဲ့လုပ်ငန်း
မို့နိင်ငံခြားကုမ္ပဏီကိုလွဲပေးဖို့ဆန္ဒမရှိဘူး
ထင်တယ်၊မတရားအမြတ်ယူတာတော်
သင့်ပြီ၊ဒီလောက်အော်နေတာသမ္မတကြီး
ကလှည့်တောင်မကြည့်ဘူးဆိုတော့ဌဲ ဌဲ
မှတ်သားလောက်ပါတယ်ဗျ မှတ်သားလောက်ပါတယ်။
တော်တော်လေးတော့ရီစရာကောင်းသဟေ့
မြည်းသတ္တဝါလို အမြဲငိုက်မျည်းနေတဲံ့လူတွေကို နေရာပေး ထားတဲ့အတွက် ဒီလိုဖြစ်တာ။ပညာရှင်ကို နေရာမပေးလို့ ရလာတဲ့ဆိုးကျိုးတွေ။။သန်းရွှေရဲ့ လုပ်ဆောင်ချက်တွေပေါ့။
ကဲကြားကြတယ်နော်။ ဒီဖြစ်စဉ်ကိုအစအဆုံးပြန်လိုက်သင့်ပါပြီ။ အဖြစ်မှန်ကိုလိုက်ပြီး မြန်မာ့ဆက်သွယ်ရေး ရော ဦးသောင်းညွန့် ကပါ တည်ဆဲဥပဒေများနဲ့အညီ ဖော်ထုတ်အ ရေးယူသင့်ပါတယ်။ဒီအတိုင်းမထားသင့်ပါဘူး။ ဒီဖုန်းဘယ်မှာတပ်ဆင်ထားလဲဆိုတာ လိုင်းမန်းတွေ အသိဆုံးပါ။ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက်ပေါ့ဗျာ။
ဖြစ်မှဖြစ်ရလေတယ်ဗျာ။
မှားပုံများဆန်းကြယ်ပါဘိ
အလွန်ဆိုးညစ်ယုတ်မာပက်စက်သော MPT ဝန်ထမ်းများပါပေတ
ကားဟုချီးကျူးသြချဂုဏ်ပြုမှတ်တမ်းတင်ရပေချိမ့်။ထိုအလွဲသုံးစား
မှုများမှရငွေများသည်ထိုစဉ်ကဝန်ကြီးဦးသိန်းဇော်၊ CE သာဦး၊ဒုဝန်
ကြီးသိန်းထွန်း(ယခုဝန်ကြီး)ညွှန်ချုပ်၊ညွှန်မှူး တိုင်းဂျာအားလုံးတွင်
တာဝန်ရှိအံ့။စာရင်းစစ်ချုပ်အသစ်မှစနစ်တကျစစ်လျက်တိတိကျကျအရေးယူသင့်ပါအံ့။သမ္မတကြီးမှနောင်ထိုသို့ရှက်ဖွယ်အမှားမျိုး
မဖြစ်စေရေးအတွက်လက်ရှိဝန်ကြီးအားထွက်စာတင်စေလျက်ဦး
သောင်းတင်အားဝန်ကြီးတာဝန်ပေးအပ်သင့်ပါချိမ့်တကား
ဆက်သွယ်ရေးရုံးမှ(၇)လပိုင်းတွင်ငွေသွင်းကဒ်ပြောင်း
ပြီးပိုငွေ၁၉၉၀၀ကျပ်
ယခုထိမရရှိသေးပါ။ရုံးတွင်မေးသည့်အခါcompanyနဲ့ချိတ်ဆက်၍ကြာမည်။ဘယ်အချိန်ဟုမခန့်မှန်းနိုင်ဟုပြန်ဖြေသည်။၁၈၇၆ သို့ဆက်သွယ်မေးမြန်းရာလည်းတိကျသောအဖြေမရပါ။မိမိတစ်ဦးသာမဟုတ်မိတ်ဆွေများလည်းပိုငွေပြန်မရပါ။phoneအကြွေးကျန်လျှင်တော့မဖြစ်မနေငွေသွင်းရန်အတွက်ဖုန်းပိတ်တော့သည်။ပိုငွေပြန်မရသူများအတွက်မည်သို့ဆောင်ရွက်ပေးမည်နည်း။ ပိုငွေအတွက်လျှောက်လွှာမှာတော့စည်းကမ်းချက်များသည်။eg.ပိုင်ဆိုင်မှအထောက်အထား
နည်းနည်းတော့စဉ်းစားသင့်တယ်ထင်တယ် ... လိပ်စာရော နာမည်ရော အားလုံးအတိအကျပါတယ်ဆိုတော့ ဆက်သွယ်ရေးကပဲတော်လွန်းနေတာလား အခု သတင်းထောက်ကြီးကပဲ လျှော်လွန်းနေတာလား .. စဉ်းစားမိတာပေါ့နော် .. သတင်းထောက်ကြီးရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းက တစ်ယောက်ယောက်က သတင်းထောက်ကြီးရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး ဖုန်းလျှောက်ခဲ့တာရောမဖြစ်နိုင်ဘူးလား .. သတင်းထောက်ကြီးက သတင်းထောက်ဆိုတဲ့အတိုင်း သတင်းရတာနဲ့ မစဉ်းစား မဆင်ခြင်ပဲ သူတစ်ပါးကို ပုတ်ခတ်ဖို့လောက်ပဲတတ်တယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ် သတင်းထောက်လို့ မပြောပါနဲ့ သတင်းထောက်သိခ္ခါကျပါတယ် လူဆိုတာ အသိညာဏ်ရှိပါတယ်.. အမည် လိပ်စာ အားလုံးတိကျနေတယ်ဆိုတော့ သတင်းထောက်ကြီး လုပ်ရမှာက သေချာစုံစမ်းပါ မဟုတ်ရင် အဲဒီဖုန်းက တစ်စုံတစ်ခု ပြသနာရှိခဲ့ရင် သတင်းထောက်ကြီးအတွက် မကောင်းတဲ့ကိစ္စတွေ ဖြစ်သွားနိုင်တယ်ဆိုတာလဲ စဉ်းစားမိရဲ့လားလို့ မေးချင်ပါတယ်
ဆက်သွယ်ရေးက စားပဲစားချင်တာ ငွေရပြီးရော လုပ်ခဲ့တာလေ ဒါမျိုးတွေအားပါးပဲ
တော်သေးတာပေါ့ဆရာရယ် . ဖုန်းဘီလ်မသွင်းလို့ တရားစွဲခံရရင် ဟာသဇာတ်ကားရိုက်သလိုဖြစ်သွားဦးမယ် . လူကြီးမင်းသည် မြန်မာ့ဆက်သွယ်ရေး........ဘာညာပေါ့ မလိုက်နာ သဖြင့် လူကြီးမင်းအသုံးပြုနေသောဖုန်းအား ယာယီပိတ်ထားလိုက်ပါသည်။ ဖုန်းပျက်နေလို့ လိုင်းမင်းတွေသွားခေါ်ဖို့မစဉ်းစားနဲ့ဆရာ နောက်တစ်လုံး လျှောက်လိုက်တာ ပိုအဆင်ပြေပါလိမ့်မယ် . ပြည်သူတွေကို ဖုန်းအလကားပေးသင့်ကြောင်းပြောတဲ့ ဒုဝန်ကြီး ဦးသောင်းတင်ခင်ဗျား. ဘာသံမှမကြားရတော့ပါလား.
reform strategy နှင့်ဝန်ကြီးဌာနများ
သမ္မတကြီး၏ ပြုပြင်ပြောင်းလဲမှု အမေစုရဲ့ပူးပေါင်းပါဝင်မှုတို့ကြောင့် ပြည်သူလူထုတို့ အရမ်းပျော်နေကြသည်။ မျှော်လင့်ချက်များကလည်းအပြည့်
မကြာသေးမီကပြုပြင်ပြောင်းလ်ာမှုအနေဖြင့် ၀န်ကြီးဌာနများတွင် ၀န်ကြီးများအပြောင်းအလဲလုက်ကြသည်။ ညွှန်ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးအဆင့်မှ ဒုဝန်ကြီးဖြစ်သူများဝန်ကြီးဖြစ်လာခဲ့ကြသည်။ အများအမြင်တွင် ပြောင်းလဲမှုတစ်ခုခုမြင်နိုင်သော်လည်း လက်တွေ့တွင် မှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်နေသည်။ ၄င်းတို့သည် ယခင်အစိုးရလက်ထက်တွင် အသားကျပြီးသော အထက်လူကြီးအကြိုက်လုပ် အောက်လူကိုဖိ မိမိကိုပေးသည့်ရာထူးကို လုပ်ပြသည့်အနေဖြင့် အရိုးစွဲနေသည့် ညဉ်ဆိုးများဖြင့် စီမံခန့်ခွဲနေသည်ကို ကွင်းဆင်းလေ့လာပါက သီရှိနိုင်ပါသည်။
ပြုပြင်ပြောင်းလဲမှုဆိုသည်မှာ မိမိတာဝန်ယူသော လုပ်ငန်းကဏ္ဍတွင် မည်မျှဖွံ့ဖြိုးတိုးတက်အောင်၊ ၀ငင်ရောက်လုပ်ကိုင်နေသူ ပြည်သူလူထုလုပ်ငန်း၇ှင်များ၊ အလွှာပေါင်းစုံမှ ၀င်ရောက်လုပ်ကိုင်သူများ လုပ်ငန်းစဉ်များလွယ်ကူခြင်း ၀န်ကြီးဌာနမှ အရာရှိများ ၀န်ကြီးများနှင့်ဆက်ဆံရာတွင် ယခင်ကထက် ရင်းရင်းနှီးနှီး ချောချောမွေ့မွေ့ ဖြစ်စေရန်ပါဝင်ပါသည်။
ယခုတော့ဒီလိုမဟုတ်ပါ မိမိ၏၀န်ကြီးရာထူးများတည်မြဲစေရန် အထက်လူကြီးမှ ရိုးသားစွာ အကြံပြုမှုများအပေါ် ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည် မည်ကဲ့သို့လုပ်နိုင်သည်ကို ပြန်လည်ဆွေးနွေးအကြံပြုခြင်းမပြုပဲ မိမိလက်အောက်ဝန်ထမ်းများကို ကြိမ်းမောင်းအနိုင်ကျင့် ခိုင်းစေခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များကို အတင်းအကြပ် အကောင်အထည်ဖော်စေခြင်းများကို ဆောင်ရွက်လျက်ရှိသည်ကို ကြားသိနေရသည်။
ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ၀န်ကြီးဌာနများတွင် အကောင်အထည်ဖော်နေသူများမှာ ၀န်ထမ်းများသာဖြစ်ပါသည်။ ၀န်ထမ်းများသည် ၀န်ကြီးဌာန၏ ထောက်တိုင်များသာဖြစ်ပါသည်။ ထိုကဲ့သို့ မိမိလက်အောက်ငယ်သား ၀န်ထမ်းများကို ရိုင်းစိုင်းကြမ်းတမ်းစွာ နေ့စဉ် ကြိမ်းမောင်းဆဲဆိုနေသော ၀န်ကြီးများရှိခြင်းသည် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို နှောက်နှေးစေမည်ဖြစ်ပါသည်။
ခေါင်းပြောင်းသော်လည်း ခေါင်းတပ်ခြင်းခံရသူများမှာ ညဉ်ဆိုးများဖြင့် အကျင့်သားရရှိပြီးသူ အထက်ဖားအောက်ဖိ လုပ်ငန်းစဉ်နှင့်ကြီးပွားလာသူများ ဖြစ်နေပြီး၊ နှစ်ပေါင်းများစွာ လုပ်ခဲ့သဖြင့် လုပ်ငန်းကျွမ်းသယောင်ရှိသော်လည်း သသက်ဆိုင်ရာ ၀န်ကြီးဌာနအတွက် ကောင်းကြိုးထက် ဆိုးကြိုးကိုသာ ဦးတည်စေမည်ဖြစ်ပါသည်၊ အဘယ်ကြောင့်ဆိုသော် မိမိတည်မြဲရေးအတွက် အထက်လူကြီး အကြိုက် ကြိုးပမ်းနေခြင်းဖြစ်ပါသည်။
ဝန်ထမ်းများဘ၀ကိုကြည့်ပါက ဂရုဏာသက်ဖွယ်ကောင်းသည်ကိုတွေ့ရှိရပါသည်။ ယခင်အစိုးရလက်ထက်တွင် ၀န်ထမ်းများသည် အလွန်ဝေးကွာစွာဖန်တီးတည်ဆောက်ထားသော နေအိမ်နှင့်ရုံးသို့ အလွန် စုပ်သော ဖယ်ရီကားများ (အချို့အကျဉ်းသားပို့ဆောင်သည့်ကားနှင့်တူ) သွားလာနေသည်ကို စိတ်မချမ်းမြည့် စွာ တွေ့မြင်နေရပါသည်။
တခါတရံတွင် စာရေးသူနေပြည်တော်သို့သွားရောက်ရာတွင် ရုံးသို့အသွားလမ်းတွင် (၀န်ကြီးဌာန မမှတ်မိ ဖယ်ရီကားပျက်ပြီး မိန်းခလေးများပင်ဆင်းပြီး တွန်းနေရသည်ကို တွေ့နေရပါသ်ည်။ ယခင်အစိုးရလက်ထက်ကတည်းကပင် ကားကောင်းများရောက်ပြီဆိုပါက ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ချုပ်၊ ဒုဝနကြီးနှင့် ၀န်ကြီးတို့က မိမိတိုပတွင်ပြည့်စုံပြီးသောကားများရှိပါလျက် ခွဲဝေယူကျပြီး၎င်းဝန်ထမ်းများမှာတော့ စုပ်စုပ်ပျက်ပျက်နှင့်သွားလာနေရသည်ကို ကွင်းဆင်းကြည့်ပါကည တွေမြင်နိုင်ပါသည်။
ဟိုတယ်ခရီးဝန်ကြီးဌာနမှ အမျိုးသမီးတစ်ဦး၏ရင်ဖွင့်သံကို ကြားမိပါသည်။၎င်းတို့ကားများသသည် ဘရိတ်မကောင်းခြင်း၊ မိုးယိုခြင်း၊ ကားတွင်းထိုင်ခုံများ ညစ်ပတ်စုပ်ပျက်နေခြင်း ကားမောင်းသူများမှာလည်း အထိန်းအကွပ်မဲ့သဖြင့် ကားတွင်သန့်ရှင်းရေးမည်သည့်အခါမှမလုပ်ခြင်းကြောင့် ထိုင်သည့်အခါ အင်္ကျီများပေ ဖင်ထိုင်ခုံကျိုးကျ အဲဒါတွေဖြစ်နေတယ် ယခုဖြစ်နေတဲ့ဝန်ကြီးအသစ်ကလည်း က်အောက်ဝန်ထမ်းကို ဆံဆိုကြိမ်းမောင်း ခြိမ်းခြောက် ၀န်ထမ်းအရေးကိစ္စလှည့်မကြည့် ဆိုတော့ ၀န်ထမ်းတွေ စိတ်ဓာတ်ကျ စိတ်ဆင်းရဲနှင့် ပြုပြင်ပြောင်းလဲမှုဆိုတာ ၀န်ထမ်းနှင့်မဆိုင်သလိုဖြစ်နေတ်ာလို့ ငြီးညူသံ ကြားခဲ့ရပါသည်။
ဝန်ကြီးတွေကိုလည်း ၄င်းတို့၏လုပ်ဆာင်မှုအပေါ် ၀န်ထမ်းများနှင့် ပုဂ္ဂလိကအပိုင်းမှ သဘောထားစစ်တမ်းကောက်ယူသော်အဖွဲ့ဖွဲ့စည်းခြင်းဖြင့် ၄င်းတို့၏ရိုင်းစိုင်းစွာ ဆက်ဆံသည့်အလေ့အကျင့်များကို ထိန်ူညှိနိုင်မှာဖြစ်ပါတယ်။
ဝန်ကြီးဌာများတွင် အလုပ်ရုံဆွေးနွေးပွဲများ နိုင်ငံတကာမှပညာရှင်များနှင့် ပြုလုပ်မည်ဆိုပါက သမ္မတရုံး နိုင်ငံခြားရေးမူဝါဒ အစိုးရအဖွဲ့ များကိုတင်ပြ ခွင့်ပြုချက်ရယူနေရပြီး၊ လာရောက်မည့် နိုင်ငံခြား ပညာရှင်များအတွက်ကိုမူ လ၀ကတွင် အမည်ပျက်စာရင်းကင်းလွတ်ခွင့်တောင်းခံနေရသည်မှာ ဗီဇာမဲ့စနစ် ဆိုက်ရောက်ဗီဇာစနစ် တို့ကို အသုံးပြုလျက်ရှိသောခေတ်တွင် အလွန်ရီစရာကောင်းနေပါသည်။ ၀န်ကြီးဌာနက ဒီလောက်တော့တာဝန်ခံပြီး လုပ်ဆောင်လို့ မရဘူးလား။ တံခါးဖွင့်ဝါဒ ကျင့်တဲ့အခါ အစည်းအဝေးတို့ အလုပ်ရုံဆွေးနွေးပွဲတို့ အများကြီးလာတော့မှာ စဉ်းစားပါအုန်း၊ လုပ်ငန်းစဉ်များလို့ မမှီတဲ့ ကိစ္စတွေ အချိန်မှီ ပြန်မကြားနိုင်တဲ့ကိစ္စတွေဘ အများကြီားကားနေရတယ်၊
သမ္မရုံးအကြံပေးတို့ ဘာတွေအကြံပေးနေတာတုန်း လုပ်ငန်းစဉ်နှေးအောင်အကြံပေးနေတာလား သိပ်ရှည်သွားပြီမို့ ခေတ္တ ရပ်နားလိုက်ပါတယ်။ နိုင်ငံကောင်းဖို့အတွက် ဆက်လက် ထောက်ပြပေးသွားပါမယ်
တစ်ခုမေ့သွားလို့
ဝန်ကြီးဌာနများသည် နိုင်ငံတကာအဖွဲ့အစည်းများ ဒေသတွင်းအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများ ရင်ဘောင်တမ်းဖို့ ကွန်ပျူတာအစုပ်၊ ဖက်စ်အစုပ် ဖယ်ရီအစုပ် ၊ ၀န်ကြီးတစ်ခုလုံးတွင် အင်္ဂလိပ်စာတတ်သူာ ၃. ၄ ယောက်ဖြင့် အားကျိုးမန်တက် ဆောင်ရွက်လျက်ရှေိနတယ်လို့ စာရေးသူ အနေဖြင့် မိမိအသိမိတ်ဆွေများထံမှ သိရှိရပါသည်။
ကိုယ်တွေ့ ဖြစ်ရပ်မှန်တစ်ခု ပြောပါဦးမယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်တုန်းက ကျန်တဲ့ ကြွေးကျန်ဆိုပြီး MPT က တောင်းတဲ့ စာရောက်လာပါတယ်။ တစ်လစာ ထဲပါ။ complaint တက်တော့ လက္ခံဖြတ်ပိုင်း ပြနိုင်ရင် ရတယ်လို့ပြောပေမယ့် ဒါလောက်ကြာနေတာ ဘယ်ရှိတော့မှာလဲ။ ပြန်မေးလို့ ရရင်တော့ မေးစရာချည်းပါ။ ဘာလို့ ကြွေးကျန်တာကို ဖုန်းမဖြတ်တာလဲလို့။
နောက်ဆုံးတော့ ဆောင်လိုက်ရပါတယ်။ နဲလဲနဲလို့ပါ ရက်လွန်ကြေးပါ ပေါင်းပြီး ဆောင်လိုက်ရတယ်။ ခုမှ ကြုံလို့ တင်ပြလိုက်တာပါ။ မြန်မာနိုင်ငံမှာ ဒီလိုမျိုး မဖြစ်သင့်တာတွေ လူမသိ သူမသိ ဘယ်လောက်တောင် ရှိမယ်မသိဘူး။
သူမရှိတော့ဘူလါး။အဟိဟီးဟီး
ကိုသောင်းတင်ရေအမျှအမျှ
ဝယ်ထည့်နေရတဲ့
bill card တွေ
ငွေအပြည့်မပါတာရော
မပြောကြတော့ဘူးလား
ဟားဟားဟား
သတင်းထောက်တစ်ယောက်ပဲဗျာ ဌာနအားလုံးဝင်ထွက်စုံးစမ်းပြီးမှတင်
လိုက်ရင်ပိုကောင်းတာပေါ့စစ်အစိုးရလက်ထက်ထဲကသတင်းထောက်လုပ်
ခဲ့တာလား..
ကားအလကားပေးမယ်လို့ပြောလိုက်ရင်..ပို့ဆောင်ရေးဝန်ကြီးဖြစ်မလားမသိဘူး..ဟဟ
ခုချိန်မှာ ဒုဝန်ကြီးဦးသောင်းတင်လည်း ဘာလုပ်မှာလည်း သူဝန်ကြီးမဖြစ်ခင်တုန်းက ပြောခဲ့တာတွေဟာက ပညာရှင် တစ်ယောက်အနေနဲ့ပြောတာနော် ဝန်ကြီးဆို ဒီလို မပြောဘူး စားပေါက်ပိတ်သွားမှာပေါ့ "ဝန်ကြီးဘာတွေခိုင်းမလဲ ဆိုတဲ့ ပေါ်မှာမူတည်တယ် " လို့ ဦးသောင်းတင်က ဖြေတယ်နော် ဒီတော့ ဝန်ကြီးကခိုင်းပြီ "ဒုဝန်ကြီးရေ ရေတစ်ခွက်လောက် လာပေးစမ်း" ဆို သူကလုပ်မှာလား ပညာရှင်ကို နေရာတစ်ခုပေးလိုက်တာ ခိုင်းတာလုပ်ပါ့မယ် ဆိုပြီးပြောလာတာက ကိုယ့်သမိုင်းကိုယ်ရေးပေတော့ ပဲ
အောက်ခြေ၀န်ထမ်း မင်းပြည်သူမျက်နှာကိုကြည့် လုံးဝလာဘ်မစားနဲ့ အဲဒါဆိုရင် မင်းဘယ်တော့မှ ပြည့်ပြည့်စုံစုံ မနေရဘူး လစာလေးနဲ့ မနည်းလောက်အောင် စားရမယ် မိဘတွေကို မထောက်ပံ့နိုင်ဘူး သားသမီးတွေ စာတော်ရင်တောင် တက္ကသိုလ်ထားနိုင်မှာ မဟုတ်ဘူး ပင်စင်ယူပြီးရင်လည်း အိုးပိုင်အိမ်ပိုင် ၀ယ်နိုင်မှာမဟုတ်ဘူး ပင်စင်လစာလေးနဲ့ တနေ့ထမင်းတနပ်တောင် စားနိုင်မှာမဟုတ်ဘူး စိတ်ကျရောဂါနဲ့ သေမယ် အဲဒါဝန်ထမ်းကောင်းတယောက်ရဲ့ ဆုလာဘ်ပဲ တကယ်လို့ မင်းလာဘ်စားရင်တော့ မင်းကိုထိထိရောက်ရောက် အရေးယူမယ်.....လက်ရှိဖြစ်နေတာ အဲဒီအတိုင်းပါပဲ ဗွက်ထဲလျှောက်ခိုင်းပြီး ရွှံ့မပေစေနဲ့လို့ ပြောနေသလိုပဲ လမ်းကောင်းတခုကို အရင်ခင်းပေးပြီးမှ ညစ်ပတ်တဲ့လူကို ကန်ချသင့်တယ် ကျနော်တို့အနေနဲ့ မကောင်းတဲ့ဝန်ထမ်းတွေကို အရေးယူပေးဖို့ချည်း တောင်းဆိုနေမယ်ဆိုရင်မအောင်မြင်နိုင်ပါဘူး ၀န်ထမ်းကောင်းစိတ် ထားလို့ရနိုင်မယ့် အခြေနေမျိုး ဖန်တီးပေးဖို့ကိုလည်း ၀ိုင်းဝန်းတောင်းဆိုသင့်တယ်လို့ ထင်ပါတယ်။
ဖြစ်တတ်ပါတယ်
Burma Python ပြောတာ ထောက်ခံပါတယ်၊ အခုဝန်ကြီးက အခြားမှ မဟုတ်တာ အရင်က ဒု-၀န်ကြီးဆိုတော့အကုန်သိနေတာပေါ့။ဆက်သွယ်ရေး ကညစ်ပတ်စုတ်ပြတ်တဲ့ လုပ်ထုံးလုပ်နည်းတွေ အခုတော့ပေါ်လာပြီလေ.. အဲတော့ ၀န်ကြီးဦးသန်းထွန်း ခင်ဗျားထွက်သင့်တယ် ထွက်လိုက်ပါ သိပ်ခါ ရှိတာပေါ့နော် ပြည်သုတွေက အရင်ကအမှားတွေကို ခ၀ါချပေးမှာပါ။အခု ဒု-၀န်ကြီးဦးသောင်းတင် ကိုပဲ ၀န်ကြီးပေးလိုက်တာ ဆက်သွယ်ရေးအတွက် စိတ်ချရမှာပါ.....သူကအသစ်ဆိုတော့ ခင်းများ တို့ ဆက်သွယ်ရေးရဲ့  အောက်တန်းကျတဲ့ မူတွေကို ပြင်သွား လိမ့် မယ်လေ ..... ကိုသန်းထွန်း ခင်ဗျား ထွက်စာတင်ပါနော်....
အားပေးနေမယ် ....
ကြုံတုန်းကြွားရအုံးမယ်
ကျွန်တော်လဲ ဦးသောင်းညွန့်လိုပဲ
ဖုန်း မ၀ယ်နှိုင်ဘူး ငဖွတ် ပေါ့ဗျာ ညီရဲ့ဖုန်းငှားပြီး internet
သုံးပါတယ် ဒါတောင် prepaid card ဖိုးအတော်ကုန်တယ်
ဗျာ
ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းကို ကျွန်တော် အတော်လေး မုန်း
တယ်
အဲဒီဖုန်းကိုကျွန်တော် သပိတ်မှောက်တယ်
ဘယ်သူမှမသိလဲကျွန်တော်သပိတ်မှောက်တာ ဆယ်စုနှစ်
တစ်ခု တိုင် ခဲ့ပြီ
ခွင့်ပြုချက်မတင်မိလို့ ဘယ်သူများ တရားစွဲမလဲလို့
ရင်ထိတ်နေတာ ဘယ်သူမှတရားမစွဲဘူး
တရားဥပဒေ စိုးမိုးရေးအားနဲတာလဲပါမှာပေါ့
နိုင်ငံတကာဈေးနှုံး ဘယ်တော့လဲ
နိုင်ငံတကာဖုန်းဘေ နှုံးဘယ်တော့လဲ
အောက်ခြေလူတန်းစား ဘယ်တော့မှကိုယ်ပိုင်ဖုန်းကိုင်ရပါ့
မလဲ
သူပြောပါတယ်
အဲဒါ ပညာရှင် တစ်ယောက်အနေနဲ့ပြောတာတဲ့လေ
အခု ဒုဝန်ကြီး ဆိုတော့ ရှင်းရှင်းပြောရင်
အရူးကွက်နင်းတာပေါ့ဗျာ ဒါပဲ ကုလားထိုင်ပေါ်မရောက်ခင်ကတမျိုး
ရောက်ရင်တမျိုးဗျ
ဟုတ်ကဲ့၊ကျွန်တော်တွေးမိတာကတစ်မျိုးပါ၊အခြားသူတွေနဲ့တူချင်မှတူမှာပါ၊ဖြစ်နိုင်တာကိုပြောတာပါ၊ဦးသောင်းညွန့်ကသူကိုယ်တိုင်မသိဘဲဖုန်းတစ်လုံးရထားတယ်ဆိုတော့ဦးသောင်းညွန့််မိသားစုထဲကဦးသောင်းညွန့်မသိဘဲလျှောက်လို့ရပြီးတစ်ခြားသူကိုလက်လွှဲရောင်းစားတာမျိုးရောမဖြစ်နိုင်ဘူးလား၊ဘာကြောင့်လဲဆိုတော့ဆက်သွယ်ရေးကမှတ်ပုံတင်မိတ္တူတော့အနည်းဆုံးတောင်းမှာဘဲလေ၊အဲဒါဆိုဘယ်လိုရနိုင်သလဲပြန်စဉ်းစားကြည့်ကြပါဦး၊တစ်ခုခုဖြစ်လာရင်ဌာနဆိုင်ရာဝန်ထမ်းတွေ၊မဆီမဆိုင်နိုင်ငံဦးသျှောင်သမ္မတကြီးကိုပါဆွဲထည့်ချင်တဲ့ပုဂ္ဂိုလ်များဦးဏှောက်ရောပါရဲ့လားလို့မေးချင်ပါတယ်။ဦးသောင်းတင်ကိုဝန်ကြီးခန့်ပါလားလို့အကြံပြုတဲ့ပုဂ္ဂိုလ်ကိုမေးချင်တာကဦးသောင်းတင်ပြောတဲ့ဖုန်းအလကား၊ဟန်းဆက်အလကား၊မိနစ်(၂၀၀)အလကားရဘို့ဘာတွေစီစဉ်ဆောင်ရွက်ပြီးပြီလဲလို့အရင်မေးကြည့်ပါဦးလို့အကြံပေးချင်ပါတယ်။လုပ်နိုင်မှပြောတဲ့သူကိုဘဲလိုချင်ပါတယ်၊ပါးစပ်ပါတဲ့သူတိုင်းပြောလို့ရပေမဲ့လက်ပါတဲ့သူတိုင်းမလုပ်နိုင်ဘူးဆိုတာသတိရပါ။
ဆက်သွယ်ရေးဟာတယ်လီဖုန်းကိစ္စ န့ဲလုပ်စားနေတာကြာနေပါပြီ။ဝန်ကြီကစလို့ ညွန်ချုပ် ။တိုင်းမန်နေဂျာ အဆုံး ပေါင်းပြီးလုပ်စား ကြတာပါ။ဒီထက်ပိုပြီးဗြောင်လုပ်စားတာတွေတောင်အများကြီးပါ။ကျုပ်တို့ မော်လမြိုင်မှာလည်းအမှားတွေဖြစ်တာကြုံဖူးပါတယ်။အရင်အရာရှိအကြီး ။အငယ်အားလုးံကိုစစ်ဆေးအရေးယူမှုတွေလုပ်သင့်ပါတယ် ။ပင်စင်ယူ သွားတဲ့ သခိုးကြီး သူခိုးလေးတွေကအစ ပြန်စစ်သင့်တယ်။ဒါက ဌာန တိုင်းကိုလုပ်သင့်တာပါ။စစ်တပ်နဲ့ ရဲရောပါ့ ။
ဘာမှမသိ လေ့လာမှု့က
င်း ပိုက်ဆံကိုသာကြည့်လေသော် ဆက်သွယ်ရေးသည်
ဦးရယ် ပေးလိုက်ပါ 1000 တည်းကို သူတို့မှာလည်း မရှိလို့တောင်းတာ ဖြစ်မှာပေါ့......
MPT ဝန်ထမ်းဘယ်တုန်းကမှမရိုးသားခဲ့ဘူး
ဆိုင်ဆိုင် မဆိုင်ဆိုင် ပြောချင်လွန်းလို့ ထည့်လိုက်အုံးမယ်ဗျာ.
ဆက်သွယ်ရေးနှင့် ခရိုနီးများ ဖြေဆိုရမည့်မေးခွန်းများ.
နိုင်ငံတကာမှာ သူတို့ထုတ်ပေးတဲ့ မိုဘိုင်းဖုန်းတွေကို တန်ဖိုးနည်းပါတယ်လို့ ပြောလေ့ရှိပါသလား၊ ကမ္ဘာပေါ်မှာ မိုဘိုင်း ဆင်းကဒ်လေး တစ်ခုကို အရစ်ကျနဲ့ ရောင်းတဲ့နိုင်ငံ ဘယ်နိုင်ငံရှိပါလဲ၊ ကမ္ဘာပေါ်မှာ မိုဘိုင်းဆင်းကဒ်လေးတစ်ခုကို ဒေါ်လာ ၂၅၀ လောက်ပေးရတဲ့နိုင်ငံ ဘယ်နိုင်ငံရှိပါလဲ အထက်ပါမေးခွန်းများကို ဖြေဆိုပြီးနောက်၊ ရှက်တတ်လျှင် လက်ရှိရာထူးရှိသူများ ရာထူးမှဆင်းပေးကြပါ။ ရာထူးမှ ဆင်းမပေးနိုင်လျှင် ကိုယ့်မျက်နှာကိုယ် တစ်ချက်လောက် ဒါးနဲ့လှီး ကြပါပါလို့ မေတ္တာရပ်ခံပါတယ်။.
ကြိမ်ဖန်များစွာ ကြိတ်ပြီးတဲ့ကြံဖတ်ကို ထပ်ပြီး အရည်ညှစ်နေသလိုပဲ အောက်ခြေ၀န်ထမ်းတွေရဲ့ ရှိစုမဲ့စု လစာလေးတွေထဲက အရစ်ကျဆိုတဲ့ စကားလုံးနဲ့ ညှစ်ယူပြီးတဲ့နောက် အခု တောနေ ဆင်းရဲ သားတွေဆီကလည်း အရစ်ကျဆိုပြီး ညှစ်ယူကြအုံးမတဲ့ မသိတဲ့လူများကတော့ ကျေးဇူးတင်နေမှာ ပေါ့ နိုင်ငံတကာ ဗဟုသုတ အသင့်အတင့်ရှိတဲ့လူတိုင်းကတော့ ဒီဆင်းကဒ်ဟာ ကျပ်ငွေရာဂဏန်းလောက်ပဲတန်တာကိုသိတော့ ရင်ထုမနာ ဖြစ်ကြတာပေါ့ လုပ်ပေးမယ့်သူကိုတော့ ဥပဒေနဲ့မညီလို့ ခွင့်မပြုဘူးတဲဗျာ။.
ခရိုနီကြီးများခင်ဗျာ ခင်ဗျားတို့ လူရည်လည်ရင် သူများနိုင်ငံက ပိုက်ဆံကို ရသလောက် သိမ်းပိုက်ယူငင်ကြပါ။ ကိုယ့်နိုင်ငံသားဆီက ပိုက်ဆံကိုတော့ ချမ်းသာပေးကြပါ ကြံဖတ်ညှစ်သလို မညှစ်ကြပါနဲ့။ တောရွာက သူခိုးအညံ့စားတွေ ဓာပြအညံ့စားတွေတောင် ကိုယ်ရွာကိုယ် ပြန်ပြီး မခိုး မတိုက်ကြဘူးဗျ။ ခင်ဗျားတို့လည်း အဲလောက်တော့ စည်းထားပြီး အဆင့်ရှိကြပါလို့ ပြောချင်ပါတယ်.
ဒီ လောက်တောင် အထောက်အထား အပြည့်အစုံ နှင့်တင်ပြကို အတိအကျမဖေါ်ထုတ်နိုင်ရင်--ဒီမိုးဒီလေ-ဒီလူတွေ နဲ့ ၊ ဒီမင်းအုပ်စိုး ဒီသူခိုးနဲ့ --လို့ ပြောရမယ်။ တယ်လီဖုံး ရုံးမှာစာရွက်စာတမ်းအားလုံးရှိတယ်၊ဘယ်မှာတပ်ဆင်အသုံးပြုတယ်ဆိုတာ တယ်လီဖုံးလိုင်းမင်း သိတယ်၊ ကာယကံရှင် ကိုယ်တိုင် တိုင်တဲ့ကိစ္စဖြစ်ပါတယ်။
အင်းလွယ်တော့မလွယ်ပါလားနော်
လူတွေကလည်းလူတွေ MPT ၀န်ထမ်းတွေကလည်းသူခိုးတွေဆိုတော့ငြိကုန်ပြီပေါ့
အေးဗျာ... ဦးသောင်းတင်ပြောတဲ့နေ့မြန်မြန်ရောက်ပါစေလို့ဘဲဆုတောင်းနေလိုက်ကြတာပေါ့ဗျာ
အော် .... တယ်ခက်ကြပါဘိတော့ရယ် အကျိုးအကြောင်းလေးတောင်မဆင်ခြင်နိုင်ကြတော့ပါလား စွတ်ပြောနေကြတော့တာပဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သတင်းထောက်ဆိုတဲ့အတိုင်းရေးစရာသတင်းမရှိတာနဲ့ပဲ သူ့မိန်းမခေါင်းက ဆံပင်ဖြူကို ရေပြီးသတင်းလုပ်ရေးကြတာပဲနေမှာ သူပြောတာဘယ်လိုလုပ်ဟုတ်မှာလဲ လျှောက်ပြောနေတဲ့ အလကားလူပါ သေသေချာချာစဉ်းစားကြည့်ကြပါ သူ့မှာမရှိတဲ့ဖုန်းအတွက် ဖုန်းဘေလ် လာတယ်တဲ့ .. ဟားဟား လူရီစရာကြီး ကိုယ့်မှာ မရှိပဲဘေလ်လာတယ်ထားဦးတော့ ကိုယ်က ဘာမှမရှိတာ ဘာလို့ဆောင်ရမှာလဲ ဆက်သွယ်ရေးရုံးကိုသွားပြောရမယ်ဆိုတာ သတင်းထောက်ကြီးမသိရော့သလား အင်တာနက်မှာတင်ဖို့ကြတော့ ပိုက်ဆံရှိတယ် ဆက်သွယ်ရေးရုံးကိုသွားဖို့တောင်ပိုက်ဆံမရှိတော့ဘူးလား သက်သက်မဲ့ လူထုကြားကိုမီးရှို့ချင်တဲ့လူ အလကားကောင်
သမတကြီးသနားပါတယ် အစိုးရဌာနတွေမှာ အနည်းဆုံးညွှန်ချုပ်အဆင့်က စဖြုတ်ရမှာ အဲဒါမလုပ်ဘဲ ရာထူးတွေထပ်မြှင့်ပေးတော့ တိုင်းပြည်သွားပြီပေါ့
ပိုပြီးတော့အောက်ကိုဖိတာတွေလုပ်နေကြပြီ။လစာနဲ့စားလို့ရတဲ့ဝန်ကြီးရှိပါသလားအောက်ခြေကလူတွေပြင်ဖို့ပြောနေကြတယ် ခေါင်မိုးကစပြင်ရမှာပါ ရုံးတွေမှာမိုးယိုလို့ဝန်ထမ်းတွေအလုပ်မလုပ်နိုင်ကြတော့ဘူး
ဖျာပုံ မှာ ဖုန်းတွေနဲ လုပ်စားနေတာကြာ နေ ပြီ။ ပထမလမ်းက ဈေးကြီးမှ ဈေးဖုန်းတွေဆို ဖုန်းဘီလ်တောင် မပါပဲ ဖုန်းခ+အပိုငွေ တောင်း လို ဈေးဖုန်း နဲ အထွက် တောင်မဆက်ရဲဘူး။ ဒါတောင် ဖုန်းခက ၂ထောင်၃ထောင် တောင်း တုန်းဘဲ။ နာမည် သုံးပြီ ဖုန်းရောင်းစားတာ ကလေးကွက်တွေ။ လုပ်စားနေတာကြာပြီ အိုးဆာဗစ်တွေ။
ကျွန်တော်လဲ အဲ့လိုဖြစ်မှာစိုးလို့ ဆက်သွယ်ရေးရုံးမှာသွားစုံစမ်းကြည့်မိတယ်ဗျ။ အဲဒီတော့မှအဖြစ်မှန်ကို သိလိုက်ရတယ်။ ဦးသောင်းညွန့်ကိုယ်တိုင်ဖုန်းမလျှောက်ခဲ့ပေမယ့် သူနဲ့ပတ်သက်တဲ့လူတစ်ယောက်ယောက်က ဖုန်းလျှောက်ခဲ့ပါလိမ့်မယ်။ ဆက်သွယ်ရေးကို အဲဒီလျှောက်လွှာရောက်လာလို့ ဆက်သွယ်ရေးက ချပေးထားတာတဲ့။ ဒါပေမယ့် ဦးသောင်းညွှန့်ကိုယ်တိုင်က မသိတော့ ငွေလဲမသွင်း သွားလဲမထုတ်ဘူးပေါ့ဗျာ။ ဆက်သွယ်ရေးကလဲ သွားမတပ်ပေးထားဘူးပေါ့။ ဒါပေမယ့် ချထားပေးတဲ့စာရင်းထဲမှာပါနေတော့ ဘေလ်ကို ကွန်ပျူတာရိုက်တဲ့လူက မတပ်ဆင်ရသေးဆိုတဲ့မှတ်ချက်ကို သေချာမတွေ့ပဲ ဘေလ်ကိုထုတ်လိုက်တာဖြစ်နေတယ်။ အရင်က အဲဒီစာရင်းကိုင်တဲ့လူကလဲ ထွက်သွားပြီ။ ထွက်သွားတဲ့လူကလဲ နောက်လူကို သေချာ စာရင်းမလွှဲခဲ့တော့ အဲ့လိုတွေဖြစ်ကုန်တာ ဖြစ်ကြောင်း စုံစမ်းသိခဲ့ရပါတယ်ဗျာ။
ဦးသောင်းညွန့်လဲကောင်းတဲ့လူ...ကောင်းတဲ့သတင်းထောက်မဟုတ်ပါဘူး...။ သတင်းရောင်းသတင်းကူး..အတင်းသတင်းသမားပါ...အစ္စလာမ်ဘာသာဝင် 786 ကြီးဘာ...အခုဖျာပုံမှာ နွား (၈၅)ကောင်သတ်မဲ့ကိစ္စသူတို့ဘဲလုပ်နေတာလို့ထင်ပါတယ်...။ သူနဲ့မတည့်သူ အလားသူများ လိုက်ပြီးချွန်တွန်းလုပ်နေတဲ့ အမျိုးအုပ်စုကြီးပါ..တစ်မျိုးလုံးတစ်ဆွေလုံးမြန်မာတွေရဲ့အားနည်းချက် တွေကိုဘဲလိုက်ထောက်နေတဲ့ (786)ကုလားကြီးပါ...။
Post a Comment