ပြည်ခိုင်ဖြိုးပါတီ ပထမအကြိမ် ညီလာခံ အဖွင့် မိန်ခွန်းကို ပါတီ ဒုတိယဥက္ကဌ သူရဦးရွှေမန်း တက်ရောက် ပြောကြား
နေပြည်တော်၊ အောက်တိုဘာ၊ ၁၄
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသိန်းစိန် နိုင်ငံတော် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသဖြင့် ယင်းပါတီ၏ ပထမအကြိမ် ညီလာခံတွင် အဖွင့် မိန်ခွန်းကို ဒုတိယ ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းက တက်ေ၇ာက် ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ယင်းပါတီသည် ဥက္ကဌနေရာ လစ်လပ်နေသော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ပါတီ
တစ်ခုအဖြစ် ရပ်တည်နေသော ပါတီတစ်ခု ဖြစ်ပြီး ယခုညီလာခံတွင် လစ်လပ်နေသော ဥက္ကဌနေရာကို ရွှေးချယ် တင်မြောက် သွားနိုင်ဖွယ်ရှိပြီး ယင်းဥက္ကဌနေရာကို ယနေ့ အဖွင့် မိန်ခွန်း တက်ရောက်ပြောကြားခဲ့သော ပါတီဒုတိယဥက္ကဌ သူရဦးရွှေမန်း (ပြည်သူ့လွတ်တော်ဥက္ကဌ၊) ဖြစ်လာ နိုင်ဖွယ်ရှိသည်ဟု သိရသည်။
စွမ်းရဲထွဋ် - Popular Myanmar News Journal

Reviewed by သစ်ထူးလွင်
on
14:41
Rating:
6 comments:
သမ္မတဦးသိန်းစိန်သည် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ရာထူး မှနုတ်ထွက်ပြီး သမ္မတအဖြစ်ထမ်းဆောင်နေသူဖြစ်သဖြင့်
ပြည်ခိုင်ဖြိုးပါတီညီလာခံသို့ တက်ရောက်အားပေးပါက
အခြားပါတီညီလာခံများသို့လည်းတက်ရောက်အားပေး
သင့်ပါသည်...... သို့မဟုတ်ပါက ဝေဖန်မေးခွန်းထုတ်စရာ
ဖြစ်နိုင်ပါသည်......
အင်အားပြတာဖြစ်မယ်
angel demoပြော တာမှန်တယ်နော့် တခြားပါတီတွေညီလာခံ ကျမှမတက်ဖြစ်ရင် တလျောက်လုံးကောင်းလာခဲ့တဲ့ သမ္မတ. ပြည်သူတွေရဲ့ အမုန်းကိုခံရနိုင်တယ် ဘာလို့လဲဆိုတော့ ကြံ့ဖွတ်ကို ဘယ်လောက်မုန်းကြသလဲဆိုတာ မဲခိုးလို့မရတဲ့ ကြားဖြတ်ရွှေးကောက်ပွဲက သက်သေဘဲလေ ။
ပါတီပိုင်ဆိုင်မှုများပြည်သူသို့ ရှင်းပြရန်လိုသည်
ante demo ပြောသည်မှာ တရားကျပါသည် ဆက်လက်ထောက်ခံပါသည်။
ထောက်ခံပါတယ်
Post a Comment