စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ် အတွင်းရှိ လက်ပန် တောင်းတောင် တောင်ခြေ တွင် မြေသိမ်း တိုက်ပွဲ ဆင်နွဲနေမှုကို တားဆီး ဖြိုခွဲရန် အတွက် မြန်မာ စီးပွားရေး ဦးပိုင်လီမီတက် နှင့် မြန်မာဝမ်ဘို မိုင်းနင်း ကော်ပါး လီမီတက် တို့မှ ပြည်သူ့ ရဲဝန်ထမ်းများကို ကုမ္ပဏီ အတွက် လုံခြုံရေး ချထားသည်။ ပြည်သူ့ရဲ ဝန်ထမ်းများက ဘယ်သော အခါမှ ပြည်သူကို သစ္စာမဖေါက် ကျောမ ခိုင်းကြောင်း ပြည်သူ့ဘက်တော် သားများသာ ဖြစ်သည်ကို ရဲအုပ် - အောင်ကြည်စိန် နှင့် ဒုတပ်ကြပ်-အောင်ဝင်းထွန်း တို့မှ သတင်းထောက်များကို ဖွင့်ချ ပြောပြခဲ့သည်။ ထို ရဲဝန်ထမ်း နှစ်ဦးကို တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ခေါ်ယူ စစ်ဆေးနေပြီး သတင်းထောက် ရဲရင့် ကိုလည်း လိုက်လံစုံစမ်း ဖမ်းဆီးရန် ကြိုးစားနေသည်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရဲအုပ် အောင်ကြည်စိန်နဲ့ ရဲဒုအကြပ် အောင်ဝင်းထွန်း |
ကြေးနီစီမံကိန်းနှင့် ပတ်သတ်သော ပြည်သူ့  ရဲ ၀န်ထမ်းနှစ်ဦး အတွက် သတင်းထုတ်ပြန် ကြေညာချက်
Reviewed by သစ်ထူးလွင်
on
15:13
Rating:
5 comments:
ဒါက.. ဒီလိုပါဘဲ.. မှန်ကန်ရင်.ကွဲတတ်တယ်လေ..
ဒီစနစ်ဆိုးကြီးမပျောက်သေးသမျှကာလပတ်လုံး .. မြန်မာပြည်ကြီး..ဒီမိုကရေစီ..မရသေးပါဘူး..
ဂရုစိုက်ပေးလိုက်ကြပါ၊ ဘေးကင်းကြပါစေ၊ ကြုံလိုနော် ဒေါ်စုကို လက်ဆွဲ နှုတ်ဆက်ခဲ့တဲ့ စစ်သားလေး သတင်းလည်း ပြောကြပါဦး။ စိတ်ပူလို့။
ပြည်သူ့ ရဲ ဖြစ်၍ပြည်သူ့ ဘက်က ရပ်တည်တာ။ ပြည်သူ့ အစိုးရ အဖွဲ့ ဖြစ်လျင်လည်း ပြည်သူ့ ဘက်က ရပ်တည်ပေးလိမ့်မည်လို့  မျော်လင့်ပါတယ်။
ဒီလိုကိုယ်ကျိုးကာကွယ်တဲ့စိတ်ဘဲရှိတဲ့သူတွေအစိုးရထဲမှာရှိနေသမျှတော့မြန်မာ
နိုင်ငံဒီမိုကရေစီနဲ့ဝေးနေအုံးမှာပါဘဲ။ရွှေရည်စိမ်ဒီမိုကရေစီဘဲဖြစ်နေမှာပါ။ပြည်သူ
တွေသိပေမဲ့လုပ်သမျှခံနေရတုံးပါဘဲ။စားမကုန်အောင်ချမ်းသာနေတာတောင်
ကောင်းတာလေးတွေလုပ်ချင်စိတ်ကမရှိသေးပါလား။
အမှားအမှန် ဆိုတာ ပြည်သူထက် အုပ်ချုပ်မှု့ နယ်ပယ်ကသူတွေပို့ သိမှာပါ။ ဒါပေမယ့်သိသာသိပြီး မှန်အောင်မလုပ်နိုင်ကြတာဟာ အဖြေက၇ှင်းပါတယ်...မစွန့် နိုင်တဲ့၇ှိရင်းစွဲ စုတ်ပျက်တဲ့အကျင့်ဟောင်း။အစိုးရဟာ ပြည်သူ့ အသံကိုနားထောင်ရမယ်လို့  ဟစ်ကြွေးနေကြတယ် ဒါဟာလဲအပေါ်ယံပဲ မြင်တွေ့နေရတယ်..အခုဖြစ်ရပ်ကသက်သေပဲ။ပြည်သူ့အသံကိုတော့နားထောင်တယ် ဘာမှတော့မလုပ်ပေးနိုင်ဘူး လုပ်ပေးနိုင်တော့လဲ ပြည်သူကဆယ်ခွန်းအော်မှတခွနှ်းတောင်မနည်း။ဒါဟာဘာကြောင့်လဲ အုပ်ချုပ်မှု့ နယ်ပယ်၇ဲ့ သူတွေရင်ထဲမှာ အမှန်ကိုလက်ခံတတ်တဲ့ ဥာဏ် မပါခဲ့လို့ များလား...ဒီလိုဆိုရင်တော့ အဖွဲ့ စည်းတွေထဲမှာမ၇ှိသင့်တော့ဘူး။ပြောမှသိတယ် ဆိုကတည်းက ဦးဆောင်သူမဖြစ်သင့်တော့ဘူး။ဘာလို့ လဲဆိုတော့ ပြည်သူအော်နေတဲ့အသံ၇ဲ့ အဓိပ္ပါယ်က ဘာမှမသင်ခဲ့ဘူးတဲ့ တောက နွားကျောင်းသားတောင်သိတယ်။
Post a Comment