ရန်ကုန် ၊အောက်တိုဘာလ ၃
သံလျင် မြို့နယ် ဖားကူး ကျေးရွာတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး ကာဘွန်လစ်ဆီ သောက်၍ သေဆုံး ခဲ့သော ဖြစ်စဉ်တစ်ခု အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်း သိရှိရသည်။
အဆိုပါမိန်းကလေးမှာ ဖားကူးကျေးရွာ တွင်နေ ထိုင်ကာ ဈေးရောင်း လုပ်ကိုင်သူ တစ်ဦး ဖြစ်ပြီး၊ ချစ်သူဖြစ်သူက မကြာခင်ရက်ပိုင်းအတွင်းက လမ်းခွဲခဲ့ကြောင်း၊ အလုပ်လုပ်ကိုင်သော ကုန်စုံဆိုင်မှ ကာဘွန်လစ်ဆီ ပုလင်းအား ယူ၍ နေအိမ် တွင် သောက်သုံး ခဲ့ခြင်း ဖြစ်သည်ဟု မှုခင်း မှတ်တမ်းများအရ သိရသည်။
အဆိုပါ သေဆုံးမှုကို သေမှုသေခင်းအမှတ် ၃/၁၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သရက်ပင်ချောင် ရဲစခန်းထံမှ သိ ရသည်။
The Voice Weekly

အမျိုးသမီးငယ် တစ်ဦး ကာဘော်လစ်ဆီသောက် သေဆုံး
Reviewed by သစ်ထူးလွင်
on
19:58
Rating:
9 comments:
အဲသလောက်တောင်မှ ရူးမိုက်ရသလား မိန်းကလေးရာ။ ကိုယ့်ကိုယ်ကို သတ်သေလောက်သည့် အခြား အကြောင်းပြချက်မရှိဘူးလား။
သေတာတောင်နည်းသေး၊လင်မရလို့ကိုယ်ကိုကိုယ်သတ်သေတာသနားမဲ့သူတောင်ရှိမှာမဟုတ်ဘူး
ဒါမျိုးဆိုမသနားဘူး
ကိုယ်ချင်းစာပြီးပြောကြကွာ
မင်းတို့ကဘာသိလို့တုံး
ဘ၀မှာ အချစ်ကြောင့် ဒုက္ခများနေတဲ့လူတွေထဲမှာ မင်းလည်းတစ်ယောက် အပါအ၀င်ဖြစ်ပြီပဲ ညီမရယ်။ နောက်ဘ၀မှာ ဒီလိုမျိုးထပ်မကြုံစေဖို့ ဆုတောင်းပေးပါတယ်ကွာ။
သြော်....အသက်ကလဲ ၁၇ နှစ် ငယ်သေးတော့ အသိညဏ်ဘယ်ရှိပါအုံးမလဲ...
ရူးမိုက်လချည်လားမိန်းကလေးရယ်။
အသက်ငယ်သေးတော့ အမှားအမှန်ခွဲခြားနိုင်စွမ်း နည်းသေးတာပေါ့... သူ့ဘ၀ကံအကျိုးပေးပေါ့လေ... သနားတော့သနားပါတယ်။
Post a Comment