ရည်းစားကို မတွေ့ရ၍ လူငါးဦးကို ဓါးဖြင့်ခုတ်

မကွေးတိုင်း ဒေသကြီး အောင်လံမြို့နယ် စစ်အောင် ကျေးရွာ ၌ အောက်တိုဘာ လ ၁၂ရက် နေ့ နေ့လည် ၂နာရီ တွင် ယင်း ကျေးရွာ၌ နေထိုင်သူ နေဝင်းထွန်း သည် ၄င်း ရည်းစားဖြစ်သူ ကို မတွေ့ရ၍ လူငါးဦးကို ဓါးဖြင့် ခုတ်ခဲ့ရာ နှစ်ဦး သေဆုံး ခဲ့ကြောင်း အဆိုပါ မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ပြစ်မှု ကျူးလွန်သူ သည် ၄င်းနှင့် ချစ်ကြိုက် ခဲ့ဖူးသူ မိန်းကလေးနှင့် မိသားစုရှိရာ ယာခင်းဘက် သို့ ငှက်ကြီးတောင် ဓါးကိုင်ကာ အဆိုပါ မိန်းကလေး နှင့် တွေ့ဆုံရန် ကြိုးစားစဉ် တွေ့ခွင့် မပေး သည့် ၄င်း၏ ရည်းစားနှင့် မိသားစုဝင် နှစ်ဦးကို ဓါးဖြင့် ခုတ်ပြီး ပြန်လာစဉ် လွန်ခဲ့သော သုံးနှစ်ခန့် က အမှု ရင်ဆိုင်ခဲ့သူ အမျိုးသမီး နှစ်ဦးကို လမ်းတွင် တွေ့ဆုံ သဖြင့် ထပ်မံ၍ ဓါးဖြင့် ခုတ်ခဲ့ကြောင်း၊ အဆိုပါ ဓါးဖြင့် ခုတ်ခံခဲ့ရသူ ငါးဦးထဲမှ နှစ်ဦး သေဆုံးပြီး သုံးဦး မှာ အောင်လံ ပြည်သူ့ဆေးရုံ တွင် တက်ရောက် ဆေး ကုသမှု ခံယူ နေရပြီး ပြစ်မှု ကျူးလွန်သူ ကို အောင်လံ မြို့နယ် ရဲစခန်းက ပ ၁၇၆ / ၁၂ ၊ ပုဒ်မ - ၃ဝ၂ / ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေး နေကြောင်း ယင်း ရဲစခန်း ထံမှ သိရသည်။

The Voice Weekly

ရည်းစားကို မတွေ့ရ၍ လူငါးဦးကို ဓါးဖြင့်ခုတ် ရည်းစားကို မတွေ့ရ၍ လူငါးဦးကို ဓါးဖြင့်ခုတ် Reviewed by သစ်ထူးလွင် on 21:58 Rating: 5

2 comments:

Unknown said...

ဒါမျိုးသေဒဏ်ပေးသက့်ပါတယ်

Unknown said...

အော်အော် အရေးထဲ ဒီလိုမယားထာယူးကရှိသေးတာကို ဘယ်လောက်များအသိပညာ အတန်းပညာ ခေါင်းပါးသလဲဆိုတာ သူ့လုပ်ရပ်က သူ့ကိုကောင်းကောင်းကြီး သင်ခန်းစာပေးလိုက်ပါပြီ။ ခံပေအုံးတော့ မယားထာယူးရေ..................

Powered by Blogger.