ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် ကဒုံကနိ ရဲစခန်းတွင်ရေလုပ်ငန်းရှင် မိသားစုအား ဝိုင်းဝန်း ရိုက်နှက် ခဲ့သောကြောင့်ဖမ်းဆီးထားသည့် ရွာသား ၂၅ ဦးကို ပြန်လည် လွှတ်ပေးရန် ဖမ်းဆီးခံရသော မိသားစုဝင်များက ရဲစခန်းရှေ့တွင် တောင်းဆိုလျက် ရှိကြောင်းကဒုံကနိ ဒေသခံများက ပြောကြားသည်။---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကဒုံကနိ ရဲစခန်းတွင် အချုပ်ခံရသူများ လွတ်မြောက်ရန် လူစုလူဝေးဖြင့် ဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
23:04
Rating:
3 comments:
တကယ် ဥပဒေ ချိုးဖောက်လို့ ဖမ်းထားတာ ဆိုရင်တော့ ဥပဒေအတိုင်း အရေးယူရပါမယ်။ ထစ်ကနဲရှိ ဆန္ဒပြ အော်ကြဟစ်ကြ ဆိုရင် စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အထစ်အငေါ့တွေ ဖြစ်လာနိုင်ပါတယ်။ နားဆိုတာ နှစ်ဖက်ရှိတဲ့အတွက် နှစ်ဖက်လုံးက အသံကို နားထောင်ရပါမယ်။
ဉပဒေချိုးဖောက်တာကဉပဒေအတိုင်းသွားသင့်ပါတယ်။ အင်းလေလံကိစ္စကစဖြစ်တယ်ဆိုတာဖတ် ရပါတယ်။အင်းပိုင်ရှင်များဟာငွေလည်းရင်းနှီးထးရပါတယ် သူတို့ကိုလည်းကြောက်နေရပါတယ်။ပြသနာတခုဖြစ်ရင် လူစုပြီး ဟိုတိုင် ဒီတိုင်နဲ့။ သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနကလည်းရှင်းပေးနိုင်ခြင်းမရှိပါဘူး။အဲ့ဒီလိုမရှင်းနိုင်လေ ဒီလိုပြသနာတွေထပ်ဖြစ်လာမှာပါ။
ကိုသစ်ထူးလွင် ခင်ဗျာ
ကဒုံကနိ ရဲစခန်း ရှေ.မှာဆန္ဒပြတယ်ဆိုတာဖတ်လိုက်ရပါတယ်။ အဲဒီမှာ အင်းလေလံကိစ္စကစဖြစ်တယ်ဆိုတာဖတ်ရပါတယ်။ အခုဖြစ်နေတာက အင်းပိုင်ရှင်များဟာ ငွေကြေးလည်းရင်းနှီးထားရသေး ရေလုပ်သားတွေကိုလည်းကြောက်နေရတဲ. အနေအထားဖြစ်နေပါတယ်။ သူတို.က တခုခုဖြစ်ရင် လူစုဖွဲ.ပြီ ဟိုတိုင်မယ် ဒီတိုင်နဲ. သူတို.ရပိုင်ခွင်.ဆိုပြီ လုပ်တော.တာပဲ။သက်ဆိုင်ရာ ငါးလုပ်ငန်း ဌာနကလည်းဖြေရှင်းနိုင်ခြင်းမရှိပါဘူး။ ဆိုလိုတာက ငါးလုပ်ငန်း ဥပဒေ ထုတ်ထားတာရှိပါတယ်။ အဲ.ဒီဥပဒေအတိုင်း အတည်ပြု လုပ်ဆောင်ပေးနိုင်ရင် ဒီပြသနာမျိုးမဖြစ်နိုင်ပါဘူး။ ဒါကိုမှမဖြေရှင်းနိုင်ရင် ဒီလိုပြသနာမျိုး နောက်ထပ် ထပ်ဖြစ်နိုင်ပါတယ်။ အင်းလုပ်ငန်းရှင်တွေကလည်း လာမည်.လေလံကာလအတွင်း လေလံဆွဲဝယ်ဖို.တောင်စဉ်းစားနေရပါတယ်။ ပိုဆိုးတာက လက်ရှိကြေးတိုင်အင်းတွေတောင် ပြန်အပ်ရမယ်.အနေအထားရှိပါတယ်။ အောက်ဖက်မှာကလည်း ဟိုအဖွဲ.ကလိုလို ဒီအဖွဲ.ကလိုလို ၀ါဒဖြန်.တဲ.လူတွေလည်းရှိတော. ပြသနာတခုဖြစ်ရင် လူစုဖွဲ.ပြီး ဟိုတက်မယ် ဒီတက်မယ်လုပ်တော.တာပါပဲ။ အဲ.ဒီကိစ္စတွေကို လာမည်.နှစ်ရာသီအမှီ အခုကတည်းကဖြေရှင်းပေးစေချင်ပါတယ်။ အဲ.ဒီအကြောင်းတွေဘယ်သူဆီရေးရမှန်းမသိလို. ကိုသစ်ထူးလွင် ဆီကိုရေးလိုက်ရတာပါ။
Post a Comment