မုံရွာခရိုင် အတွင်းရှိ လယ်တီဆရာတော် ဘုရားကြီး သီတင်းသုံး ခဲ့တဲ့ ကျောင်း စေတီ နဲ့ လှိုဏ်ဂူတို့ ကို မိုင်းခွဲ ဖျက်ဆီးလိုက်တဲ့အတွက် စစ်တပ်ပိုင်ဦးပိုင် ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက ၀မ်ပေါင်ကုမ္ပဏီတို့ ကိုဒေသခံတွေ က တရားစွဲမယ် လို့ ပြောဆိုနေကြပါတယ်။ ဦးအောင်ဇော်ထက် တင်ဆက် ။ ရိုက်ကူး မတင်မာဆွေ။ DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
ကျောင်း စေတီ နဲ့ လှိုဏ်ဂူတို့ ကို မိုင်းခွဲ ဖျက်ဆီး ခံရပုံ |
ဦးပိုင် နဲ့ ဝမ်ပေါင် ကျောင်း စေတီ နဲ့ လှိုဏ်ဂူတို့ ကို မိုင်းခွဲ ဖျက်ဆီး (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
19:38
Rating:
33 comments:
လယ်တီဆရာတော်ဘုရားသီတင်းသုံးခဲ့သည်ဖြစ်စေ။ မသုံးခဲ့သည်ဖြစ်စေ။ လယ်တီဆရာတော်ဘုရားကြီး မြတ်စွာဘုရားစေတီကိုတည်ခဲ့သည် ဖြစ်စေ၊ မတည်ခဲ့သည်ဖြစ်စေ၊ စေတီတော်တစ်ဆူကို မိုင်းခွဲပြီး ဖျတ်ဆီးတယ်ဆိုတာ မြတ်စွာဘုရားကိုစော်ကားလိုက်တာပဲ။ သာသနာကိုစော်ကားလိုက်တာပဲ။ တာဝန်ရှိသူများ ထိရောက်စွာ အရေးယူသင့်ပါသည်။ ပိုစ့်လေးအတွက်ကျေးဇူးတင်ပါတယ်။
ဘုရားဘုရား...ရိုင်းစိုင်းယုတ်မာလိုက်ကြတာ တရုတ်ကွန်မြူနစ်တွေနဲ့ တရုတ်အားကိုး စစ်တပ်ပုဆိန်ရိုးတွေ တူသောအကျိုးပေးတော့မည် စစ်တပ်ဆို သံဃာသတ် စေတီ မိုင်းခွဲ သာဓုသာဓုသာဓု...
ဒါကတော့ သိပ်လွနိသွားပြီထင် တယ်
ဘုရား ကျောင်း စေတီ တွေ ကို တောင် မရှာင်တော့ ပါလား အစိုးရ ရေ ငွေ ၇မယ်ဆိုရင် သမတ ကြီးလည်းမတက်နိုင်တော့ပါလား ဘယ်လိုလုပ်ကြအမလဲ
ရှေးဟောင်းသုတေသန ဦးစီးဌါန ဘာလုပ်နေလဲ မတက်နိုင်တော့ဘူးမဟုတ်လား ဦးပိုင်ကအာဏာအ၇ှိဆုးံလား
မပြောတော့ဘူးေ ပြာကိုမပြောချင်တော့ဘူး...........
မိုက်ရိုင်းလိုက်တဲ့တရုတ်တွေသနားလို့မြန်မာ့မြေပေါ်
လက်ခံထားတာ အခုတော့အားလုံးမောင်းထုတ်ပစ်ဘို့
အချိန်တန်ပြီ။
ယုတ်မာမှုကတော့ ကမ်းကုန်နေပါပြီ ။ လူမဆန်သော လုပ်ရပ်များ ရပ်တန်းက ရပ်တံ့ပေးဘို့ တောင်းဆိုပါတယ် ။
ကြားကောင်းသေးရဲ့လား....မင်းတို့ လုပ်တဲ့အပြစ်မင်းတို့ ခံရမယ်..
ဒီဧရိယာလေးတော့ ချန်ထားသင့်ပါတယ်ဗျာ။
ko zaw ooဆိုတဲ့လူကမြန်မာစကားကိုမြန်မာလိုပီပီသသပြောတတ်ဖို့လိုပါသေးတယ်
ပြီးတော့မှဘာသာနဲ့သာသနာကိုစောင့်ရှောက်ပေါ့
အစီုးရနဲ့ပြည်သူတစ်သါးတည်းမရှိဘူး၊ ကိစ္စတော်တော်များများမှာ. အစီုးရရဲ့ရပ်တည်မှုဟာ ပြည်သူ့ဆန္နကိုဆန့်ကျင်တယ် ဒါဟာပြည်သူ့ရွေးလို့တက်လာတဲ့အစီုးရမဟုတ်လို့ပါ(မဲလိမ် မဲခိုး ထိုခွေးမျိုးတို့ပြည်သူကို နိပ်စက်ဦး အံ့)
ဟုတ်လို့လား မတရားအမိန့်တွေအချခံရလို့ ဖုရားအားကိုးတယ်ဆိုမှ ဖုရားပါဖျက်ဆီးခံရပြီ
စီးပွားရေးလုပ်တာ လား ကုလားတို့ထုံးနှလုံးသွင်းပြီး ဘာသာ သာသနာကို ဆော်ကားတာလား ဒီနေရာကိုချန်ထားခဲ့လို့မရဘူး လား။ မလုပ်သင့်ပါဘူး ဗျာ ။ ဗိုလ်ချုပ်ခင်ဇော်ဦး တစ်ဦးတည်းပိုင် တဲ့တစ်ဦးပိုင် ကုမ္ပဏီကြီးရယ်။
***မုံရွာခရိုင် အတွင်းရှိ လယ်တီဆရာတော် ဘုရားကြီး သီတင်းသုံး ခဲ့တဲ့ ကျောင်း စေတီ နဲ့ လှိုဏ်ဂူတို့ ကို မိုင်းခွဲ ဖျက်ဆီးလိုက်တဲ့အတွက် စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက၀မ်ပေါင်ကုမ္ပဏီတို့ ကိုဒေသခံတွေကတရားစွဲမယ်လို့ ပြောဆိုနေကြပါတယ်။***ဆိုသည့်သတင်းကိုဖတ်လိုက်ရ
တော့-----နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာအနှောက်အယှက်/အဟန့်အတားတွေအလကားနေမပြုလုပ်လုပ်သင့်ပါ။နိုင်ငံတော်အစိုးရအနေနဲ့က တ
ကယ့်နိုင်ငံတကာကြီးတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုလုပ်နေတာကိုပြည်သူ
လူထုတွေအနေနဲ့အားပေးသင့်ပါတယ်။နိုင်ငံတော်၏ဝင်ငွေအနေနဲ့လုပ်ဆောင်နေကြတာပါ။ နိုင်ငံတော်ကြီးမှာအဖက်ဖက်ကနိုင်ငံ၏ဝင်ငွေရလမ်းများကိုလုပ်ဆောင်ကြရာမှာ နိုင်ငံတော်မှာထွက်ရှိနေတဲ့ သယံဇာတ များကိုရောင်းချ
နိုင်အောင်ဆောင်ရွက်ကြရပါတယ်။ ဒီလိုရောင်းချခွင့်ရရှိနိုင်တာဟာ မြန်မာ
နိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသောနိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက်နိုင်
င့တကာ၏စိတ်ဝင်စားမှု့ရရှိသဖြင့် ဝယ်ယူလိုကြသောနိုင်ငံများရှိနေခြင်း
မြန်မာနိုင်ငံအတွက်အထူးဂုဏ်ယူဝမ်းမြောက်ဖွယ်ကောင်းပါသည်။ အချို့နိုင်ငံ
တွေဆိုရင်မိမိတို့၏နိုင်ငံမှာထွက်ကုန်မရှိတာကြောင့်နိုင်ငံတော်အတွက်ဝင်ငွေ
ရလမ်းမရှိကြသည့်အပြင့်၊ပြည်ပကနေထပ်မံဝယ်ယူအသုံးပြုနေကြရသည့်အတွက်နိုင်ငံခြားငွေအထွက်များကြရသည်။ ဒါတွေကိုလေ့လာသုံးသပ်ကြည့်ရာ
ဦးပိုင်၏လုပ်ရပ်မှာမှန်ကန်သည်ဟုယူဆပါသည်။ လယ်တီဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့တဲ့ ကျောင်း စေတီနဲ့ လှိုဏ်ဂူတို့
အတွက် နေရာအစားပြန်ပေးရန်နှင့်ပြန်လည်တည်ဆောက်ပေးရန်တော့---စစ်တပ်ပိုင်ဦးပိုင် ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက ၀မ်ပေါင်ကုမ္ပဏီတို့အနေနှင့်တာ
ဝန်ယူလုပ်ဆောင်ပေးလိုက်ခြင်းဖြင့်အားလုံးအဆင်ပြေနိုင်လိမ့်မည်ဟုယူဆပါ
သည်။ အားလုံးအဆင်ပြေချောမွေ့ကြပါစေလို့ဆန္ဒပြုလိုက်ပါသည်။
ဟာ.. ဒီဟာ လုံးဝမဖြစ်သင့်ဘူးဗျာ။ လယ်တီဆရာတော်ဘုရားကြီးရဲ့ သမိုင်းဝင် ကျင့်ကြံအားထုတ်ခဲ့တဲ့ နေရာတွေဆိုတာ ဘာသာ၊ သာသနာနဲ့ အမျိုးသားရေးဂုဏ်အတွက် ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး။ တစ်နှစ်နေလို့ တစ်ခေါက်မရောက်ပေမယ့် ဒါတွေ ရှိနေတယ်ဆိုတဲ့ အသိက ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ကို အတိုင်းအတာတစ်ခုအထိ လုံခြုံမှု ပေးနေတာပါ။ သိစိတ်မှာရော မသိစိတ်မှာပါ ဒေသအတွက် ဂုဏ်ယူနေတာပါ။ လယ်တီဆရာတော်ဘုရားကြီးဆိုတာ မြန်မာပြည်ထေရ၀ါဒသာသနာမှာမက ကမ္ဘာ့ ဘာသာရေးဆိုင်ရာ မှတ်တမ်းတွေမှာထိ အင်မတန်မှ ကြီးမားတဲ့အခန်းကဏ္ဍမှာ ရှိနေတဲ့ မြင့်မြတ်ထူးခြားလှတဲ့ အရှင်မြတ်ကြီးပါ။ ဒီတန်ဖိုးတွေကို သိနားလည်လျှက်နဲ့ အခုလို လုပ်တာမျိုးတွေကတော့ အတော်ကို လွန်လွန်းသွားပြီဗျာ။ ဒါဟာ ဆားလင်းကြီးပတ်ဝန်းကျင် အရေးကိစ္စမဟုတ်တော့ပါဘူး။ သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ လယ်တီဆရာတော်ကြီးရဲ့ သာသနာ့အရိပ်မှာ အစဉ်အဆက်မီခိုမကင်းသူ အားလုံးမှာ တာဝန်ရှိနေပြီ။
သူတို့ရဲ့ အကျိုးစီးပွားတစ်ခုထဲကိုပဲ ကြည့်တဲ့ ဒီလူတွေ မိုက်ရိုင်းလွန်းပါတယ်။
ကြားနေ၀ါဒသမားဆိုပြီး မျက်စိရှေ့က မတရားမှုကို ဆိပ်ဆိပ်နေပြီး လက်ပိုက်ကြည့်နေသူဟာ မတရားမှုတွေကို အားပေး၊ အားမြောက်ပြုသူ သက်သက်ဖြစ်တယ်။
ဒီအရေးကိစ္စမှာ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လက်ပိုက်ကြည့်နေခဲ့ရင်တော့ ကိုယ်ဟာ သာသနာဖျက်တွေကို မကန့်ကွက်သူ၊ ထောက်ခံသူ ဖြစ်သွားနိုင်တယ်ဆိုတာ သိနားလည်ထားသင့်ပါတယ်။
မုံရွာက ရပ်မိရပ်ဖဆိုသူတွေ ဒီလိုအရေးကိစ္စမှာ ခင်ဗျားတို့ ဘာသံမှမထွက်တာ အံသြမိတယ်။
မြန်မာ့စီးပွားရေးဦးပိုင်သည် မြန်မာနိုင်ငံ၏ စီးပွားရေးကို လက်ဝါးကြီးအုပ်ထားသည့် လက်နက်ကိုင်ပြီး တိုင်းပြည် အုပ်ချုပ်ရေးတွင်ပါဝင်နေသူများ၏စီးပွားရေးအုပ်စုကြီးဖြစ်ပါသည်။ မြန်မာ့တပ်မတော်မှ စစ်သား အားလုံး ရှယ်ယာမ၀ယ်မနေရနဲ့ အများပိုင်ကုမ္ပဏီ တည်ထောင်ထားတာပါ။ ဥပဒေအထက်မှာရှိတဲ့အတွက် တရားစွဲလို့ရပါ့မလား။
အပေါ်ကလည်းကတိတွေလွယ်လွယ်လှည့်ပေးနေရတယ်အောက်ကသူတောင်းစားတွေကလုပ်ချင်သလိုလုပ်ပြီးအကောင်ထည်ဖော်နေကြတယ်သမ္မတကြီးတရုပ်ပြည်မှာဘာကတိပေးခဲ့ရသလဲနိုဗယ်ဆုစာရင်းထဲပါတာမပါတာအပြောကိးမဟုတ်ပါစိတ်မဝင်စားပါဒါကလဲတကယ်လုပ်သူထိုက်သူမှပေးတာရတာပါကတိတွေမျှော်လင့်ချက့တွေပေးနေရုံနဲ့ရတာတော့မရှိဘူးပြည်သူတွေတော့ယုံစားမိနေကြပါပြီလူမျိုးနဲ့ဘာသာအနာဂါတ်ကောင်းစားရေးအတွက်တခုခုလက်တွေ့လုပ်ပြဖို့လိုပါတယ်ပြည်သူတွေယုံလာတာနဲ့မပြီးပါဘူးကိုယ့်အောက်ကကောင်တွေရိုသေသမှုနဲ့လေးစားရမှန်းသိအောင်လုပ်နိုင်ဖို့တော့လိုပါသေးတယ်သမ္မတအောက်ကကောင်တွေတော့သံဃာတော်တွေရိုက်နှက်ကတည်းကမလုပ်ဝံ့သောအမှုကိစ္စမရှိဘူးဆိုတဲ့အသိကမြင်ခဲ့ပြီးသားပါသမ္မတကိုယုံချင်လာပေမယ့်ယခုဖြစ်ပျက်နေတာနဲ့ယခင်ကကြုံခဲ့ဘူးတာရှိတော့မဝေခွဲနိုင်ပါဒါနဲ့မဆိုင်ဘူးငါနဲ့မဆိုင်ဘူးဆိုလျှင်လည်းခွင့်လွတ်ပေးပါလက်တွေ့မြင်နေရတော့ကြုံခဲ့ဘူးတော့မဟုံစားရဲပါဘူး
ဟုတ်တယ်ဗျို့  ဒါလုံးဝမလုပ်သင့်ဘူး
ု ဘုရားကို လုပ်ရင် လုပ်တဲ့သူကော လုပ်ခိုင်းတဲ့သူကော ဘုရားရိုက်တာခံရမယ်.
မြန်မာပြည်ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာ ခြေအနေတခု ကိုပြလိုက်တာ။မြန်မာပြည်ကိုချစ်တဲ့ စစ်ဗိုလ်ချုပ်များပိုင်သော company ကဒီလို့မလုပ်သင့်ဘူး၊တိုင်းပြည်ကို မမြတ်နိုးတတ်သော တန်းဖိုးမထားသော
ဦးပိုင် limite တည်တန့်ပါစေလို့ မေတ်တာပို့ပါတယ်၊
အကောင်းဖက်ကမြင်ပေးလျှင်-ကောင်းတာတွေတွေ့နိုင်သလို/အဆိုးဖက်
ကမြင်မယ်ဆိုလျှင်အပြစ်တွေအများကြီးတွေ့နိုင်ပါတယ်။တစ်ခုဘဲစဉ်းစား
ကြည့်ကြပါ။နိုင်ငံတော်အတွက်လုပ်ကြတာလား၊ကိုယ်ကျိုးအတွက်လုပ်ကြတာလား။နိုင်ငံသားများ၏အကျိုးစီးပွားနှင့်ထိခိုက်မှု့များရှိကြသလား/ပြည်သူတွေကိုသေကျေပျက်ဆီးအောင်ပြုလုပ်ထိခိုက်နိုင်သလားဆိုသည့် ကောင်းကျိုး/ဆိုးကျိုးများကိုဝေဖန်ပိုင်းခြားပြီး၊နည်းမှန်လမ်းမှန်ကိုစဉ်းစားသုံးသပ်ခြင်းဖြင့်ကောင်းသည့်ကိစ္စရပ်ဆိုလျှင်ထောက်ခံအားပေးသင့်ပါသည်။ကိုယ်ကျိုးအတွက်
ဆိုလျှင်တော့ လုံးဝလက်မခံနိုင်ပါဘူး။
နိုင်ငံတော်အကျိုးအတွက်ဆိုတာကောင်းပါတယ်။နိုင်ငံတော် တိုးတက်ဘို့လဲလုပ်သင့်ပါတယ်...။ဒါပေမဲ့ ဘုရားရယ်။ဘုန်းတော်ကြီးကျောင်း
၇ယ်။ဘုရားပုရ၀ဏ် ကို အတတ်နိုင်ဆုံးချန်လှပ်ထားခဲ့၇င်ကောင်းပါတယ်
အင်္ဂလိပ်ခေတ်ဂျပန်ခေတ်က ဗဒ္ဒဘာသာ ဘုရားကျောင်းတွေကို ဗုံးကြဲခြင်း။
ဖျက်ဆီးခြင်း။ရဟန်သံဃာတော်များကို စွပ်စွဲဖမ်းဆီးခြင်းများလုပ်သည်ဟု
ကြားဘူးနားဝမရှိခဲ့ပါ..အင်္ဂလိပ်ခေတ်..ဂျပန်ခေတ်က ကျနော်တို့တို့၏
အမေအဖေများသည်စစ်ဒဏ်ကြောက်၍ ဘုရားကျောင်းကန်များတွင်ပုန်းခို
ရသည်ဟုပြောဘူးပါသည်။ဘုရားရိပ်တရားရိပ်သည်လုံခြုံမှုရှိသည်ဟုယုံကြည်
မိပါသည်။ယခုမျက်မှောက်ခေတ်တွင် ဘုရားရိပ်တရား၇ိပ်သည်လုံခြုံမှူ
ပေးနိုင်ဘို့ဝေးစွ။ဘုရားကိုယ်တိုင်ပင်ဖျက်ဆီးခံနေရသည်..ကဲ..ကျနော်တို့
ဘုရားထက် ..ဘယ်တန်ခိုးရှင်ကိုများ ...အားကိုးရမည်လဲ..သိရင်
အကြံဥာဏ် လမ်းညွှန်မှူများပေးကြပါခင်ဗျာ.......။
ဖိုးဖိုးကြီး ဆိုသူကဒီလို ရေးထားတယ်................
ဦးပိုင်၏လုပ်ရပ်မှာမှန်ကန်သည်ဟုယူဆပါသည်။ လယ်တီဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့တဲ့ ကျောင်း စေတီနဲ့ လှိုဏ်ဂူတို့
အတွက် နေရာအစားပြန်ပေးရန်နှင့်ပြန်လည်တည်ဆောက်ပေးရန်တော့---စစ်တပ်ပိုင်ဦးပိုင် ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက ၀မ်ပေါင်ကုမ္ပဏီတို့အနေနှင့်တာ
ဝန်ယူလုပ်ဆောင်ပေးလိုက်ခြင်းဖြင့်အားလုံးအဆင်ပြေနိုင်လိမ့်မည်ဟုယူဆပါ
သည်။ အားလုံးအဆင်ပြေချောမွေ့ကြပါစေလို့ဆန္ဒပြုလိုက်ပါသည်။
----------------------------------------------------------------------------
ရုပ်ဝါဒီ တို့ရဲ့ အတွေးလို့ ခံစားနားလည်မိပါတယ်....
တကယ်တော့ သမိုင်းဝင် အားလုံးကို နိုင်ငံတကာမှာလည်း ဖြက်စီးခွင့် မရှိပါဘူး၊ ဘာသာတရား ၏ ဆိုင်ရာ ကိုးကွယ်မှုဆိုင်ရာ အဆောက်အဦးများ၊ နေရာ၊ သက်ဆိုင်ရာ အဝဝတို့သည် ရွှေ့ပြောင်းခြင်း ၊ ဖြက်စည်းခြင်း လုပ်လို့မရပါဘူး။
ဥပမာ အားဖြင့် တရုတ်တို့၏ The Imperial Palace in Beijing, also known as the Forbidden City, is located in the center of the city of Beijing. The largest ancient palatial architecture in the world is now home to the Palace Museum. Built between 1406 to 1420, the Imperial Palace is a complex composed of 980 preserved ancient wood and stone buildings. The Palace Museum houses and displays artwork, treasures and collectibles from the Ming (1368–1644) and Qing (1644–1911) Dynasties. ဒါမှမဟုတ် Shanghai မှာရှိတဲ့ 1216 မှာဆောက်ခဲ့တဲ့ Jing'an Temple ကို ဖြက်ပြီး နေရာတခုမှာ ပြန်ဆောက်ပေးလိုက်ရင် ကိစ္စပြီးသွားနိုင်ပါသလား.............
Moses
လယ်တီဆရာတော်ဘုရားကြီှးဆိုတာ--အလွန်ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်ပါတယ်--လောကကြီးမှာ ငွေထက်တန်ဘိုးထာားတာ လူတွေမှာရှိတယ် ၊တိရစ္ဆန်မှာမရှိဘူး------------------
ဖိုးဖိုးကြီးဆိုတဲ့ကောင် စောက်ရူး နေရာအစားပြန်ပေးတိုင်းရသလား ဒီလိုဆိုရင် ပုဂံကဘုရားတွေကို စီမံကိန်းရှိလို့ ဆိုပြီးအကုန်လုံးမိုင်းခွဲဖျက်ဆီးပြီး နေရာအစားပြန်ပေးရင်ေ၇ာ မင်းအိမ်ကို သိမ်းပြီး နေစရာသင်းချိုင်းမှာအစားပြန်ပေးရင်နေမလား။
ဗုဒ္ဓဘာသာကိုလေးစားယုံကြည်ကိုးကွယ်အထွတ်အမြတ်ထားသူတယောက်အနေနဲ့ ကြည့်ရ
တာရင်နာစရာပါလား
သမိုင်းဆိုတာအစားပေးတာနဲ့ ရလို့ လား
သာသနာကိုလုံးဝစော်ကားတာပဲ
ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေးဦးပိုင် လိမိတက် သည် ဘယ်လိုစိတ်ဓာတ်နှင့် ဘုရားကိုမိုင်းခွဲရဲတာလဲ။အမိန့်ပေးရင် ငရဲသော ဘာသော မသိတော့ဘူးပေါ့။ ပြီးတော့မှတော့ အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူမင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်မျိုး မအော်နဲ့နော်
ဖိုးဖိုးကြီးရယ်။စဉ်းစဉ်းစားစားလေးနဲ့ဦးနှောက်သုံးပြီးပြောပါဗျာ.ဗုဒ္ဓဘာသာမဟုတ်လို့များလား၊
ခုချိန်မှာ အမျိုးဘာသာ သာသနာအတွက် ဘာသာခြားတွေကိုစိတ်ပူနေ၇တဲ့ အချိန်မှာ ကိုယ့်ဘာသာတူခြင်းလုပ်တယ် ဆိုတာတော့ မကောင်းပါဘူး။ ဒါဆို ဘာသာခြားတွေဖျက်ဆီးမှာကို ဘယ်လို ကာကွယ်ကြမလဲ..
တစ်ကယ်ရင်နာမိပါတယ်......ကွန်မြူနစ်စိတ်ဝင်နေတဲ့သူတွေ...ကို...ကွန်မြူနစ်အုပ်ချုပ်တဲ့နိုင်ငံကိုပို့လိုက်...
ဒီလိုအဖွဲ့အစည်းတွေ၊ ဒီလိုလူမျိုးတွေ ရှိနေသမျှကာလပတ်လုံး
မြန်မာပြည် လုံးဝ(လုံးဝ)မပြောင်းလဲနိုင်ပါ။
ဦးသိန်းစိန် လည်းဘာမှ မတတ်နိုင်ပါ။
ိ
Post a Comment