လောင်းကစားဒိုင် အား တိကျသေချာသည့် အထောက်အထားပေး က ဖမ်းဆီးမည်ဟုဆို

နိုင်ငံသားများ၏ အကျင့် ပျက်ပြားအောင် စီးပွားရေး ဆန်ဆန် ပြုလုပ်နေသည့် လောင်း ကစားဒိုင်များအား မြန်မာနိုင်ငံ ရဲတပ် ဖွဲ့မှ ထိရောက်စွာ အရေးယူမှု မရှိဟု လွှတ်တော်ကိုယ်စား လှယ်များ တင်ပြမှုအပေါ် တိကျ သေချာသည် ထောက်အထား ပေးပါက
ဖမ်းဆီးသွားမည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လောင်းကစားဒိုင် အား တိကျသေချာသည့် အထောက်အထားပေး က ဖမ်းဆီးမည်ဟုဆို လောင်းကစားဒိုင် အား တိကျသေချာသည့် အထောက်အထားပေး က ဖမ်းဆီးမည်ဟုဆို Reviewed by သစ်ထူးလွင် on 20:18 Rating: 5

20 comments:

aggawan said...

တော်ကြပါတော့ .. တော်ကြပါတော့ ခပ်တည်တည်နဲ့ ဖြီးမနေကြပါနဲ့တော့ .. တကယ် တိုင်းပြည်တိုးတက်စေချင်တဲ့ စိတ်ထားနဲ့ လုပ်မယ်ဆိုရင် လွယ်လွယ်လေး ... ဘာတဲ့ တိကျသေချာသည့် အထောက်ထားတဲ့ ဟုတ်လား.... ရယ်စရာကောင်းလိုက်တာ .... အကြံတစ်ခုပေးလိုက်ပါမယ် .. ရပ်ကွက်တစ်ခုခုကို ပုံမှန်ခပ်နွမ်းနွမ်း အ၀တ်အစားဝတ်ပြီး ချဲဒိုင် ကြီးကြီး ဘယ်နားမှာ ရှိသလဲလို့ မေးလိုက်စမ်းပါ .... မေးခံရတဲ့သူက ခင်ဗျားတို့ကို နေရာပြောယုံတင် မကဘူး .. ဂဏန်းတောင် တောင်းလိုက်ဦးမယ် ...

မောင်ငွေ said...

တကယ်ဖမ်းမှာဆိုလျှင်ဖြင့် လိုင်းကြေးတွေ ပိတ်ကုန်တော့မယ်နော်..
သြော်..ရေစကြိုမှာ သိန်းထောင်ကျော်တန် တိုက်ကြီးတွေတည်၊ ကားကြီးတွေစီးနေကြတဲ့ ၁-၂-၃ ဒိုင်ကြီးများ စာရင်းပေါက် ၇ ယောက်လောက်ရှိတယ်လို့ ပြောကြတယ်နော်..ဌာနေရဲတွေ သိလို့ထည့်မရေးတော့ပါ။

Anonymous said...

တယ်ဆို ငွေဘဲလိုတယ်မဟုတ်ခဲ့ရင်

ဓါတ်ပုံတွေနဲတကွ ပို့ခြင်တယ်

ဟဲဟဲ။

Unknown said...

တော်တော်ရယ်စရာကေါင်းတဲ့ စကားပါပဲ။ တိကျသေချာတဲ့သတင်းပေးမှအရေးယူမယ်တဲ့လား။ ပြည်သူကသတင်းမပေနိုင်ရင်အရေးမယူတော့ဘူးဆိုတဲ့သဘောလား။ ဒီသတင်းတွေရအောင်ကျိုးစားဘို့၊အပြစ်ရှိသူတွေကိုအရေးယူဘို့၊ပြည်သူတွေရဲံ့ဘဏ္ဍာငွေကို လစာ အဖြစ်စားသုံးနေတဲ့ တာဝန်ရှိ သူတယောက်အနေနဲ့ဒီစကားမျိုးပြောတာ တာဝန်မဲ့လွန်းအားကြီးပါတယ်။

ဖိုးဖိုးကြီး said...

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေအနေနှင့်မြို့နယ်ရဲများ၏အကျင့်ပျက်ချစားနေခြင်းကိုသိရှိနိုင်ပါတယ်။လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး တင်ဝင်းကခိုင်မာသည့်သတင်းပေးသူရှိပါကသတင်း ပေးသူကိုလျှိုဝှက်၍ဒိုင် ကြီးများအား ဖမ်းဆီးသွားမည်။=====တော်ပါတော့ဝန်ကြီးရယ်..တကယ့်
ဖြစ်ရပ်တခုကိုတင်ပြပါ့မယ်။ (--------မြို့နယ်တခုမှာအိမ်နံပါတ်(---)
မှာအကြီးအကျယ်လောင်းကစားဝိုင်းပြုလုပ်နေတာကိုအတိအကျ(၁၉၉)ဖုန်းကိုဆက်ပြီးသတင်းပေးလိုက်တာ-ဘာပြောကောင်းမလဲ..လာမဖမ်းတဲ့အ
ပြင့်၊(၁၅)မိနစ်အတွင်း၎င်းအိမ်မှလောင်းကစားသူတွေဟာအသီးသီးထွက်
ပြေးသွားကြပါတယ်။(၁၉၉)ရဲတွေထဲမှာလောင်းကစားများနှင့်ပူးပေါင်းနေသူ
ရှိနေတဲ့အတွက်၊သတင်းပေးလိုက်တာနဲ့ချက်ချင်းလောင်းကစားနေရာသို့သ
တင်းကရောက်ရှိသွားပြီးထွက်ပြေးလွတ်မြောက်ကုန်ကြပါတယ်။နောက်ပြီးလာ
ရောက်ဖမ်းဆီးသည့်သူလည်းလုံးဝမရှိပါ။ (၁၉၉)ဖုန်းကိုကိုင်သောရဲများ
သည်လောင်းကစားသူဒိုင်များ၏ ဆက်ကြေးပေးထားသောရဲဖြစ်နေသဖြင့်
သတင်းကို၎င်းတို့ကလောင်ကစားနေရာများသို့သတင်းပေးပို့ရှောင်တိမ်း
ခိုင်နေသည်မှာထင်ထင်ရှားရှားပင်ဖြစ်သည်။ ဒီလိုနိုင်ငံအပေါ်သစ္စာဖောက်
ဖျက်/ဥ့ဒေကိုမိမိကိုယ်တိုင်ဖောက်ဖျက်သည့် ရဲဝန်ထမ်းများကို ဖမ်းဆီး
ထောင်ချအရေးယူသင့်ပါကြောင်း အထက်လူကြီးများသိစေရန်တင်ပြပါတယ်

သန့်နေဝင်း said...

အတိအကျ သတင်းပေးရင် ဖမ်းမယ်ဆိုတော့ 

လိုင်းကြေးတွေ လစဉ်ကြေးတွေ တောင်းနေတာဘဲ။

ဒိထက် ခိုင်လုံတဲ့ အထောက်အထား ရှာရဦးမှာလား။

ဆင်ကောင်ကြီးတွေ့နေတာတောင် ခြေရာရှာရဦးမှာလား

အော့့်  ရဲကိုကို တို့ရယ်။

true said...

ဒီလိုတိုင်မှဆိုတဲ့စကားမျိုးပြောတာတော့မကောင်းဘူး။ရန်ကုန် တိုင်းမှာရှိတဲ့လောင်းကစားမျိုးစုံ၊ကာရာအိုကေဆိုင်၊အနှိပ်ခန်း၊
အရက်ဆိုင်၊တည်ခိုခန်းစသည့်လုပ်ငန်းပေါင်းစုံမှအဆင့်ဆင့်
ရဲမှုးများ၊ရဲများ၊စရဖများ၊လိုင်းကြေးစက်ကြေးတွေယူနေတာမသိ ဘူးလား။ဒါအမှန်တရားတွေပါ၊တိုင်ခြင်း၊မတိုင်ခြင်းထက်ဘာကို လုပ်သင်သလဲဆိုတာဆုံးဖြတ်ပါ ၀န်ကြီးချုပ်ဦးမြင့်ဆွေ။ အဆင့်ဆင့်ဒီလိုမတရားဝါးပြီး လိမ်နေတာကိုသိသင့်နေပါပြီ။ တိုင်းပြည်ကောင်းကျိုး၊အများအကျိုးကို ဆောင်ရွက်ဖို့အချိန်တန်ပါပြီ။ဒီလိုခွေးသတောင်းစားတွေကို
အပြစ်ပေးပါတော့။

Unknown said...

ရဲတွေကလိုင်းကြေးယူပြီးအားပေးအားမြောက်လုပ်နေတာပါ

Unknown said...

မမမမ

Unknown said...

ရဲတွေလိုင်းကြေးကောက်တဲ့နေရာမှာဘယ်အဘအတွက်ကဘယ်
လောက်ဘယ်အဘကဘယ်လောက်နဲ့ခေါင်းစဉ်တပ်ပြီးကောက်
နေတာမသိသလိုလိုနဲ့ အတည်ပေါက်ပြောနေတာလိုင်းကြေး
ကောက်တဲ့ကောင်တွေကပေါ်တင်ပြောပြီးကောက်နေတာလူကြီး
မင်းတို့ ကအောက်ခြေကကောင်တွေအတ်ထဲကပေးနေတယ်များ
ထင်နေလားလူကြီးမင်းတို့ ခေါင်းစဉ်နဲဗြောင်ကျကျကောက်မှရတာ
ဗျ။လူယောင်ဆောင်ပြီးလူထုကြားထဲဝင်ကြည့်အုံးခင်ဗျားတိုနာမည်
တွေနဲကောက်နေတာလက်တွေ့ မြင်ရပါလိမ့်မယ်။

Unknown said...

လောင်းကစားဝိုင်းပဲဖမ်းမလား မူးယစ်ဆေးဝါးကောမဖမ်းတော့ဘူးလား ရှမ်းပြည်မြောက်ပိုင်း သိန်းနီမှာအများကြီး

Unknown said...

လောင်းကစားပဲဖမ်းမှာလားမ မူးယစ်ဆေးဝါးကော မဖမ်းတော့ဘူးလား ရှမ်းပြည်မြောက်ပိုင်း သိန်းနီမှာအများကြီး

မောင် Sultan said...

မှန်ပါတယ်.......
လက်သည်ချည်းအားမကိုးပါနဲ့
ကိုယ်ကိုယ်တိုင်လည်းညှစ်ကြပါဦး...။

ချမ်းမွန် said...

အဲဒီအကြောင်းတွေ လွှတ်တော်မှာပဲ ပြောနေတယ် အောက်ကလူတွေကို လိုက်မှ မလုပ်ခိုင်းတာ ကော့ဘိန်းရွာ မှာ ဆို လမ်းမ အလယ်မှာ ပဲ ရောင်းနေကျတယ် ရဲတွေ ပိုက်ဆ့ရထားတယ်ဆိုတော့ ဒီအတိုင်းပဲ လွှတ်ထားတယ်လေ ရွာသိပ်ခါကျပါတယ်

Anonymous said...

ုအတိအကျသတင်းပေးမှ မင်းတို့ကဖမ်းမှာလား။ အောက်တမ်းကျလိုက်တာ။ ပြည်သူတွေမှာတာဝန် ရှိတာလား မင်းတို့မှာတာဝန် ရှိလား။ အရှက်မရှိနိုင် ငံတော်လစာညာယူနေတယ်။ ရဲဆိုတဲ့ကောင်တွေက ရပ်ကွပ်ထဲမှာအပ်ကျတာက အစသိတယ်။ ခင် ဗျားပြောသလိုဆိုရင် ပြည်ထဲရေးဝန်ကြီး ဌာနကို တိုင် ဖမ်း ဝန်ကြီးဌာနလို့လွှတ်တော်မှာပြောင်းလဲသတ်မှတ် ဖို့အဆိုတင်ပေးရမှာလား တိုင် ဖမ်းဝန်ကြီးရယ်။ တစ်ခုတော့ကောင်းတာပေါ့ ဆက်ကြေးပေးနေတဲ့လူကိုဝင် ဖမ်းရင် လည်းဆင်ခြေ ပေးလို့ရတာပေါ့ ဘယ်သူကတိုင် လို့ မဖြစ်မ နေဖမ်းရတာပါ ပေါ့လေ။ ရိုးနေပါပြီဗျာ။ လူကြီးတစ်ယောက်အ နေနဲ့ မပြောသင့် ပါဘူး။ ဒီလိုတိုငိမှဖမ်းမယ်ဆိုရင် ထွက်စာသာတင်ပြီး နားလိုက်တောလေ။ ခင် ဗျားရောကင်းရဲ့လား။

Unknown said...

သတင်းပေးလိုက်ရင် သတင်းရထားတယ် ခဏနားပါလို့ သွားပြောမယ်လေ ။ မဖမ်းပါဘူး

ဘီအီး said...

၂၉.၉.၂၀၁၂နေ့ကမန္တလေးမြို့သစ်(စ)ရပ်ကွက်၅၅လမ်း၅၆လမ်းကြားထဲမှာမူးယစ်မှုဆိုပြီးတော့တောင်ပိုင်းနယ်မြေထဲကိုမြောက်မူးယစ်ကရဲအုပ်စိုးအောင်ကဝင်ပြီးဓါးပြတိုက်သွားတယ်။ငွေသိန်း(40)ခြမ်းခြောက်ပြီးတောင်းသွားတာ
အိမ်ရှင်အမျိုးသမီးကိုဖမ်းမယ်ရဲစခန်းလိုက်ခဲ မလိုက်ခြင်ရင်သိန်း၃၀ပေးလို့ပြောတော့ဟိုအမျိုးသမီးကြီးနဲသားသမီးတွေကတောင်းပန်လို့သိန်း၂၀နဲ့ကျေနပ်ပြီးအဲဒီရပ်ကွက်ထဲကဘောလုံးဒိုင်ဝင်းအောင်ဆီက၁၅သိန်းယူသွားတယ် နောက်နေ့နံက်ကျဟိုအမျိုးသမီးဆီငွေ၅သိန်းထပ်ယူသွားတယ်။၅၅လမ်းနဲ၅၆လမ်းထဲကအိမ်အမှတ်၄၃ကိုသွားပြီးစုံစမ်းလိုက်ပါ။အဲဒါသတင်းအမှန်ပဲ။

ချမ်းမွန် said...

လိုင်းကျေးတွေပိတ်လိုက်မယ်ဆိုရင် ရဲတွေ ငတ်ကုန်ပီးပေါ့ သူ့တို့ မိန်းမ ကို ဘယ်လိုမှ ကောင်းကောင်းမွန်မွန်ထားနိုင်မှာ မဟုတ်ဘူး သူရတဲ့ လစာနဲ့ ဘယ်လိုထားနိုင်မှာလဲ အဲဒီ၂လုံး ၃လုံးတွေ ဆီမှာ ရမှ သူတို့ အဆင်ပြေမယ်လေသူတို့ ကိုထမင်းကျွေးနေတာ ၂လုံး ၃ လုံးလေ

ဖိုးဖိုးကြီး said...

ရဲတွေကိုတော်တော်စိတ်နာပါတယ်။ရဲခရိုင်ရဲမှူးကြီး/မြို့နယ်မှူး/စခန်းမှူးများ
ကိုအရမ်းစိတ်နာပါတယ်။ဖြစ်နိုင်ရင်တာဝန်အပြင်ဖက်ကေ/ယူနီဖောင်းချွတ်ပြီး
အရပ်ဝတ်နဲ့တစ်ယောက်ချင်းယှင်လိုက်ခြင်းပါတယ်။လက်ကိုလက်ချင်/ဓါးကို
ဓါးချင်း/သေနတ်ဆိုသေနတ်ချင်း သူသေသေ/ကိုယ်သေသေအပြိုင်ချလိုက်
ချင်ပါတယ်။အဲ့ဒီအထိအောင် နာကျည်းသိတ်တွေအရမ်းပြင်းပြခဲ့ပါတယ်။ ရဲစခန်းထဲမှာအနိုင်ကျင့်တာအမုန်းဆုံးပါ။ ဥပဒေသာမရှိခဲ့ရင်-ရှိသမျှရဲတွေကို
တစ်ယောက်ပြီးတစ်ယောက် အဝီဇိ ကိုပို့ပစ်တာကြာပြီ။ဥပဒေကိုလိုက်နာ
လေးစာတဲ့ပြည်သူဖြစ်နေလို့သီးခံနေရတာ။ သူများတွေကတစ်ကျွန်းပြန်လို့
စကားသာရှိတယ်။ ဒို့ကတော့ သေရွာပြန် တစ်ဦးဖြစ်တော့ သေရမှာမစိုး
ရိမ်တော့ပါဘူး။သေရမှာလည်လုံးဝကြောက်စိတ်မရှိပါဘူး။ရှင်းရှင်းပြောရရင်
သေမင်းနဲ့စစ်ခင်းခဲ့ရလို့ရဲတွေနဲ့စစ်ခင်းရတာမစမ်းပါဘူး။သေရမှာလည်းမ
ကြောက်ပါဘူး။ အောက်ခြေရဲတွေကသိတ်မရိုင်းပါဘူး။စာနာစိတ်ရှိတယ်။
ရဲခရိုင်ရဲမှူးကြီး/မြို့နယ်မှူး/စခန်းမှူး များကိုတော့လုံးဝမကျေနပ်ပါဘူး။
မိုက်ရိုင်းထွားကြိုင်းတဲ့ ခွေးရဲဖြစ်တဲ့ ရဲခရိုင်မှူးနှင့်စခန်းမှူး-ဒီ(၂)ဦးသတိ
ထားပါ။ ပြည်သူကိုမတရားညှင်းပမ်းနှိပ်စက်ခဲ့တာ(ခံ)ရသူအဖို့လုံးဝမမေ့နိုင်ပါ။ ပြုလုပ်သူကိုယ်တိုင်-ဒီ Comment ကိုဖတ်ရရင်မိမိအပြစ်ဘာလဲဆိုတာ
အကြွေးမှတ်ထားပါ။အခွင့်အရေးရှိလာတဲ့အခါ/ကြုံဆုံတဲ့အခါ-အကြွေးပြန်
တောင်းပါ့မယ်။ စိတ်ချပါ။ ရစရာရှိတဲ့ရာဇဝင်အကြွေးကိုတွေ့ခဲ့ရင်တောင်းပါ့
မယ်ဆိုတာ ဂတိ ပေးပါတယ်။

Unknown said...

သူ့အပိုင်နယ်ထိန်းလောက်ပဲ ဘယ်သူကပိုပြီးသိနိုင်ဦးမှာလဲကွယ် ကြည်လုပ်ကြ

ပါဦး

Powered by Blogger.