အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အစည်းအဝေးကို နေပြည်တော်မှာ ရှိတဲ့ ကော်မတီရုံးခန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် ပညာပေးအစီအစဉ်၊ ဌာနဆိုင်ရာတွေ ပူးပေါင်း ဆောင်ရွက်ရေး၊ အခြားသော ဥပဒေပညာရှင်တွေနဲ့---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပခဲ့စဉ်က |
တရားဥပဒေစိုးမိုးရေး အစည်းအဝေး ပြုလုပ်
Reviewed by သစ်ထူးလွင်
on
18:22
Rating:
7 comments:
တရားဥပဒေစိုးမိုးရေးကိုလွှတ်တော်မှာမဲခွဲလျှင်ရှုံးမှာအ သေအချာပါဘဲ။ပိုင်ဆိုင်မှုတွေဖေါ်ပြဘို့မဲခွဲသလိုပေါ့။ဒါပေမယ့် အောင်မြင်စေချင်တယ်။
တရားဥပ ဒေစိုးမိုးရေးအ နေနဲ့သိသ လောက်ပြောရရင်ုတိုင် ရင် ဖမ်းတယ်ဆိုတဲ့လုပ် ရပ်ပါ။ရှင်းပါတယ်။မတိုင် ရင်ပေါင်းစားမယ်ပေါ့။ တိုင် တဲ့နေရာမှာလည်း ဥပ ဒေအရတိုင် တဲ့လူကိုလျှိုဝှက်ပေးထား ရမှာပါ။ ဒါပေမဲ့ မြန်မာပြည်မှာ တိုင် တဲ့လူဘယ်သူဘယ်ဝါဆိုတာ ပြန်ပြောတာ သဘာဝတစ်ခုလိုဖြစ်နေပါတယ်။တိုင် တဲ့လူအ ပေါ်မှာအငြိုးအ တေးတွေထားရန်ပြုခံရတာတွေရှိပါတယ်။ တိုင် လို့ဖမ်းရတာပါ အတတ်နိုင် ဆုံးကူညီပေးပါ့မယ်ဆိုပြီး ပေါင်းစား တောင်းစားနေတာလည်းဒီအဖွဲ့အစည်းတွေပါဘဲ။ မတိုင်တော့ မဖမ်းဘဲနဲ့ယူ တိုင်တော့လည်း ဖမ်းပြီးတော့ယူနေကြတာပါဘဲ။ တိုင် တဲ့လူရှိတော့ပိုလုပ်စားလို့ကောင်း ပိုတောင်းလို့ကောင်းတာ ပေါ့ဗျာ။ မန္တလေးမှာလိုင် စင် မဲ့လုပ်ငန်းတစ်ခုကိုတိုင် လိုက်မိလို့ ငြိုးခံရတာ ရပ်ကွက် မြို့နယ် ခရိုင် တိုင်း နေပြည်တော် အဆင့်ဆင့် ပေါင်းပြီး ဖြေရှင်းသွားတာ လုပ်ငန်းလိုင် စင် ကို ၇ရက်တစ်ပတ်အ တွင်းချထားပေးလိုက် တာကိုယ်တွေ့ပါ။ ဥပ ဒေအရ တိုင် တဲ့အမှု့ ရယ် စည်ပင်အက်ဥပ ဒေရယ် သွင်းကုန်ထုတ်ကုန်ဥပ ဒေ ၅ ၁ ရယ်တွဲရမှာကို အခွန်မှူး မြို့နယ်ထွေအုပ် စခန်း ပူးပေါင်းလိုက်ပြီး တစ်မှု့ တည်းဖွင့်တယ်။ တရားခံအစားထိုးတယ်။ ဒဏ်ငွေနဲ့ဖြတ် တယ်။တိုင် တဲ့အမှု့တောင် မပြီးသေးအမိန့်မချရသေးဘူး လိုင် စင် ကချပေးထားပြီးဖြစ်နေပြီ။ ကောင်းလားဗျာ။ တိုင် ဖို့ပြောတာ ဖော်ထုတ်ခိုင်းတာကလည်း သူတို့ ဖမ်းပြီး ဝိနည်းလွတ်ပြန်လွတ်ဖို့ ကူညီတာလည်းဒင်းတို့လေ။ မ ကျေနပ်တာအမှန်ပါ ရဲလေး အဆိုတော်မဟုတ်ပါ မန္တလေးအ ခေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့် ထံသို့ ၄င်း သမ္ပတကြီးထံသို့ ၄င်း အ မေစုကော်မတီသို့ ၄င်း တိုင် ချင် ပါသေးသည် ။ သို့သော်မတိုင် ရဲသေးပါ ။ အရှုးကတစ်မှုးသာ သခိုးကလူပြန်ဟစ် သူခိုးဓါးရိုးကမ်း လူတန်းစားများနှင့် ပြည့်နှက်နေသေးသော အစိုးရအမှု့ထမ်း အရာထမ်းများဖြင့်ပြည်နှက်နေ သေးသောကြောင့်ဖြစ်ပါသည်။ ၄င်း လူတန်းစားများ ဝန်ထမ်းများရှိနေ သ၍ သမ္ပတကြီးပြောသော ကောင်းမွန်သန့်ရှင်းသောအစိုးရဖြစ်ရေးသည် အိမ်မက်သာဖြစ်ပေ တော့မည်။

မှန်လိုက်တာ ကျေးဇူးပါကိုထွန်းတောက်
ရဲလေးတို့အမေစုတို့ကြားရဲနော်
အကျင့်ပျက်ခြစားနေတဲ့ ခေါင်းကြီးပိုင်းကသူတွေကို နမူနာအနေနဲ့ဖော်ထုတ်အရေးယူသင့်ပါတယ် ။ဒါမှအောက်ခြေကခြစားနေတဲ့သူတွေလည်း ထိတ်လန့်ပြီး မလုတ်ရဲမှာ ။
တရားသူကြီးတွေက သူအရုံးပေးချင်တဲ့သူ နစ်နာအောင် အမိန့်တွေမှာ မတော်တရော် မဟုတ်မဟတ်ရေး ထားတာတွေကို ဘယ်လိုတန်ပြန် အရေးယူရမလဲ တရားသူကြီးတွေလုပ်ချင်တာလုပ်လို့ရအောင် ကာကွယ်ပေး နေတဲ့သူ တွေအပေါ်မှာတာဝန်ရှိတယ်
ူုမြန်မာပြည်သူများအးလုံး..အသိတရားရှိဘို့  အချိန်တန်ပါပြီ..
မိမိ ကိုယ်ကိုကောင်းအောင်အရင်ကြိုးစားကြပါ..တဦးချင်းစီ
ကောင်းမှ
တိုင်းပြည်ကောင်းလာပါမည်..ခေါင်းဆောင်ကောင်းပေမဲ့နောက်ကလိုက်တဲ့အများကမကောင်းရင်..ကောင်းမလာနှိုင်ပါပြည်သူတွေကောင်းရင်..ကောင်းသောအစိုးရကို..ရပါမယ်..ပြည်သူမကောင်းရင်မကောင်းတဲ့.အစိုးရဘဲရမယ်.ပြည်သူနဲ့ တန်တဲ့မင်းဘဲရမယ်...ပြည်သူတွေအပေါ် မူတည်ပါတယ်..
Post a Comment