လွှတ်တော်အစည်းအဝေးများ နိုဝင်ဘာ ၂၇ ရက်ထိ ကျင်းပမည်

နေပြည်တော်၊ အောက်တိုဘာ- ၁၈

ယခု ကျင်းပ လျက်ရှိသည့် ပထမ အကြိမ် လွှတ်တော် အစည်းအဝေးများ၏ ပဉ္စမ ပုံမှန် အစည်းအဝေးကို ယနေ့ အောက်တိုဘာ ၁၈ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပရန် လျာထားကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကပြောသည်။

သို့သော် အကြောင်းအရာများ ပေါ်မူတည်၍ ကျင်းပမည့်ရက် ပိုလျှင်လည်း ပိုသွားနိုင်ကြောင်း ဆက်လက်ပြောသည်။

သူရဦးရွှေမန်းက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပုသိမ်မဲဆန္ဒနယ်မှ
 လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့် တင်သွင်းသည့် "လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်နှင့် အချိန်ကြာမြင့်စွာ ကင်းကွာနေမှုမရှိစေရေး၊ နယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်နိုင်ရေးအတွက် တစ်နှစ်လျှင် ၆ လထက် မပိုသော ကာလအထိသာ လွှတ်တော်ပုံမှန်အစည်းအဝေးများ ကျင်းပရန်၊ လွှတ်တော်များသို့ တိုက်တွန်းကြောင်း" အဆိုကို ပြန်လည်ရှင်းလင်းရာတွင် အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။

လက်ရှိလွှတ်တော်ကျင်းပနေမှုပုံစံသည် သတ်မှတ်ထားသည့် လ မရှိသော်လည်း တစ်နှစ်လျှင် ခြောက်လ၊ ခုနစ်လ ပတ်ဝန်းကျင်သာ ကျင်းပနေခြင်းဖြစ်ကြောင်း ဦးရွှေမန်းကပြောသည်။

လွှတ်တော်ကျင်းပချိန်ကို သတ်မှတ်ခြင်းကိုခွင့်ပြုလိုက်ပါက လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်မည်မဟုတ်သဖြင့် ဦးဝင်းမြင့်တင်သွင်းသည့် အဆိုအား မှတ်တမ်းတင်ထားရန်သာ ဥက္ကဋ္ဌကပြောကြားသည်။

7Day News Journal

ယနေ့ကျင်းပသည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့အခမ်းအနားအစီအစဉ်တွင် ထူးခြားသည့်အစီအစဉ်များပါဝင်ခြင်းမရှိကြောင်း 7Day News သတင်းထောက်ကသတင်းပေးပို့သည်။ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်ကြားလွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ပခရီးစဉ်များအကြောင်းပြောကြားခြင်း၊ မေးခွန်းခြောက်ခု မေးမြန်းခြင်း၊ အဆိုတစ်ခုတင်သွင်းခြင်း၊ ဥပဒေများပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်မည်ဖြစ်သည်။
ယနေ့ကျင်းပသည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်။
ဓာတ်ပုံ-သီဟ - 7Day News Journal

လွှတ်တော်အစည်းအဝေးများ နိုဝင်ဘာ ၂၇ ရက်ထိ ကျင်းပမည် လွှတ်တော်အစည်းအဝေးများ နိုဝင်ဘာ ၂၇ ရက်ထိ ကျင်းပမည် Reviewed by သစ်ထူးလွင် on 13:52 Rating: 5

1 comment:

မမနန်း said...

သမ္မတကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးရယ် ပြည်ထဲရေးကဝန်ထမ်းတွေကိုလည်း ပြန်ကြည့်ပေးပါအုံး နှစ်ကာလများစွာရာထူးမတက် ဖိနှိပ်ခြင်းခံနေရတဲ့ရဲအရာရှိမကြီးတကြီးတွေကိုလည်းမသေခင်စိတ်သက်သာရာရအောင်ပြန်လည်ကြည့်ရှုပေးပါအုံးနော်

Powered by Blogger.