ဒလမြို့နယ် ခနောင်ရွာမနှင့် တုံးတင်ကန်မြောက် ကျေးရွာအုပ်စုမှ လယ်ဧက ၅၀၀ ပေါ်တွင် နေထိုင်သော လယ်သမားများအား ရေတပ်မှ ၂၀၁၃ နှစ်ဆန်းပိုင်း နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းကြောင်း လယ်သမားများက ဆိုသည်။ လယ်သမား (၄၄)ဦးပိုင် ၎င်းလယ်မြေများအား ဧရာဝတီ ရေတပ်စခန်း ဋ္ဌာနချုပ် တပ်ပိုင်မှ အဆောက်အဦးများ ပြန်လည် ဆောက်လုပ် မည်ဖြစ်သဖြင့် ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဧရာဝတီရေတပ်စခန်း အဆောက်အဦးများ ဆောက်လုပ်ရန် ဒလမြို့နယ်မှ လယ်သမားများအား အဓမ္မပြောင်းရွေ့ခိုင်း
Reviewed by သစ်ထူးလွင်
on
12:06
Rating:
8 comments:
စစ်တပ်နှင့်ပါတ်သက်သောသတင်းများအားsource
ခိုင်လုံမှတင်စေချင်ပါတယ်
ဒီအချိန်မှာ တပ်နဲ့ပါတ်သက်ရင်အမှားမခံလို့ပါ
ုမြန်မာနိုင်ငံကြီးတိုးတက်တော့မဲ့လက္ခဏာတွေ တွေ့လာနေပြီး၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု့တွေဝင်လာတော့မှာဆိုတော့ အရင်ကဗီဒိုထဲမှာ ပြစ်ထားတဲ့အနိုင်ကျင့်မဲ့စာရွက်စာတမ်းတွေထုတ်ပြီး၊ ကိုယ့်ဖာတာထုတ်ထား တဲ့ဥပဒေတွေနဲ့ ကိုင်ပေါက်ပြီပေါ့။ (ဥပဒေတွေသိပ်နားမလည်ကြတဲ့ တောသူတောင်သား၊ ဆင်းရဲနေတဲ့သူတွေအပေါ်မှာ သူတို့မှားတာဆိုရင်လဲ နေရာတစ်ခုတော့ ပြန်ပေးသင့်ပါတယ်။) တစ်နိုင်ငံတည်းသားဖြစ်ပြီး၊ ကိုယ်ထက်နိမ့်ကျတဲ့သူပေါ်မှာ ညှာတာပေးကြပါ။
ကြားရတာကလည်းမကောင်းပါလားနော် ဟိုနေရာလည်းသိမ်းချင်ဒီနေရာလည်း
သိမ်းချင်နဲ့ တော်တော်ဆိုးတာဘဲ
အင်္ဂလိပ်တို့ ဂျပန်တို့ မြန်မာပြည်က ပြန်သွားတော့ မရွှေ့ပြောင်းနိုင် တဲ့ပစ္စည်းတွေ ကျန်ခဲ့သေးတယ်။ စစ်တပ်ကကျတော့တစ်ဆွေတစ်မျိုးလုံးတစ်သက်စားမကုန်အောင်ယူထားတယ်။ဒီအချိန်မှာရသလောက်ယူမှာပဲ။ ကူးတို့ခ ပေးတယ်လို့သဘောထားလိုက်ပါ။ ပြည်သူတွေအတွက်စိုက် ပျိုးစရာမြေ တွေ ရိုးမ တွေထဲမှာ ကျန်ပါသေးတယ်။ ဒါလဲမ သေချာပါဘူး။ ဒီကောင်တွေကမြင် မြင် သမျှ သူ့ ပ ထွေး ထန်းတော ချည်းပဲ။ကိုယ်တိုင် ခံစားခဲ့ ရလို့ ပါဗျာ။
စစ်တပ်ဆိုတာတိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ဘို့ဖွဲ့စည်းထားတာပါ
တိုင်းပြည်နဲ့လူမျိုးကိုဒုခ ပေးဘို့မဟုတ်ပါဘူး
့
တရာသီတော့ စိုက်စားလို့ ရအုံးမယ်။ဒါပေမဲ့ လယ်တွေ အသိမ်းခံ ရခါ နီးလေ လယ်သမားတွေ ရင်ပူလေ ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိ စိတ်ဆင်းရဲ ရတယ်ဆိုတာ မိရိုးဖလာ လယ်လုပ် စားလာတဲ့ လယ်သမားဘဝကိုရောက်မှ ကိုယ်ခြင်းစာ တတ်မှာပါ။မြန်မာပြည် က လယ်သမားဘဝ ဟာ ဒီမြေ ဒီယာပေါ်မှာ နှစ်ပေါင်းများစွာ ဆွေစဉ် မျိုးဆက် လုပ်ကိုင် စားခဲ့ ကြပေမဲ့ ဘာအကြောင်း နဲ့ ဘယ်နေ့ အသိမ်းခံ ရမလဲ ကိုယ့်ထမင်း အိုး ဘယ်နေ့ ကွဲ မလဲနဲ့ ကျီးလန့် စာစား နင်းပြား ဘဝတွေပါ။
တနင်္သာရီတိုင်းမှာတော့ကုန်းပေါ်ကကြည်းတပ်တွေရေ
(ပင်လယ်)ထဲဆင်းပြီးတော်တော်အတောင်းကြမ်းနေတယ်
အခုဧရာဝတီမှာလည်းရေထဲကနေကုန်းပေါ်တက်အုန်း
မယ်
တနင်္သာရီတိုင်းမှာတော့ကုန်းပေါ်ကကြည်းတပ်တွေရေ
(ပင်လယ်)ထဲဆင်းပြီးတော်တော်အတောင်းကြမ်းနေတယ်
အခုဧရာဝတီမှာလည်းရေထဲကနေကုန်းပေါ်တက်အုန်း
မယ်
Post a Comment