ကျောက်ဖြူ ၊ မင်းပြား ၊ ရမ်းဗြဲ နှင့် မြေပုံ မြို့ နယ်များမှ ဆန္ဒဖော်ထုတ်ပွဲများ
ကျောက်ဖြူမြို့ တွင် ဆန္ဒထုတ်ဖော်မှု မြင်ကွင်းပုံ
ကျောက်ဖြူမြို့ တွင် လူထု ဆန္ဒထုတ်ဖော်
=======================
သမ္မတကြီး၏ နိုင်ငံသား ကိစ္စ မိန့်ကြားချက်ကို အပြည့်အ၀ ထောက်ခံပါသည်။ OIC နှင့် ပတ်သက်သော မည်သည့် အဖွဲ့ အစည်းကိုမှ အလိုမရှိ ဟူသော စာ တမ်းများကို ရေးထိုး ကိုင်ဆောင်ခဲ့ကြ ကြောင်းသိရှိ ရပါသည်။
မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မ္မတရုံး သတင်း ထုတ်ပြန်ချက်ကို အပြည့်အ၀ ထောက်ခံသည်၊ OIC နှင့်ပတ်သက် သော မည်သည့် အဖွဲ့အစည်းကိုမှ အလိုမရှိဟု ကျောက်ဖြူမြို့တွင် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။
ထိုပွဲကို အောက်တိုဘာ ၂၀- ရက် ယနေ့ မွန်းလွဲ တစ်နာရီက ကျောက်ဖြူမြို့ ဘုရားကြီး တောင်ကွင်းတွင် စတင်ပြုလုပ်ပြီး ဆန္ဒထုတ်ဖေါ်ရာ ရဟန်း သင်္ဃာတော် အပါး ၂၀၀ခန့်၊ ကျောက်ဖြူ
မြို့ခံများနှင့် ကျောက်ဖြူခရိုင် တိုက်နယ် အသီးသီးမှ လူထုအင်အား ၁၀၀၀၀-ကျော် ပါဝင်ကြောင်း သိရသည်။
ဆန္ဒထုန်ဖေါ်ရာတွင် ကျောက်ဖြူလူငယ်များက ဦးဆောင်ပြီး လမ်းလျှောက် ဆန္ဒထုတ်ဖေါ်ရာ OIC အလိုမရှိထွက်သွား၊ OIC နှင့်ပတ်သက်သည့် မည်သည့်အဖွဲ့အစည်းကိုမှ အလိုမရှိဟု ကြွေးကြော်သံများဖြင့် သံပြိုင်ရွက်ဆိုကာ ဆန္ဒထုတ်ဖေါ်ပွဲကို မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကျော်ဖြူမြို့ နာရီစင်ကွင်းတွင်း ငြိမ်းချမ်းစွာဖြင့် လူစုခွဲခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုသို့ ဆန္ဒဖော်ထုတ်မှုများယနေ့ ၂၀ ရက်နေ့တွင် မြို့နယ်လေးခုတွင် ကျင်း ပပြုလုပ်ခဲ့ကြောင်းလည်းသိရှိရပါသည်။
မင်းပြားမြို့တွင် ဆန္ဒထုတ်ဖော်မှုမြင်ကွင်းပုံ
ရမ်းဗြဲမြို့နယ်တွင် ဆန္ဒထုတ်ဖော်မှုမြင်ကွင်းပုံ
ရခိုင်ပြည် ၊ ရမ်းဗြဲမြို့နယ်တွင် လူထု ဆန္ဒထုတ်ဖော်
----------------------
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် လူထု ဆန္ဒထုတ်ဖော်ပွဲတရပ်ကို ၂၀.၁၀.၂၀၁၂ ရက် နံနက် ၉း၃၀ နာရီမှ ၁၀း၀၀ နာရီထိ မြို့နယ် ဓမ္မာရုံတွင် လူစုဝေးပြီး မြို့တပတ် ချီတက် ဆန္ဒဖော်ထုတ်ခဲ့ပါသည်။ ဆန္ဒဖော်ထုတ်ပွဲတွင် လူ ၃၀၀ ခန့်လောက် တက်ရောက်ခဲ့ပြီး သမ္မတကြီးရဲ့ ရခိုင်ပြည်အပေါ် ရပ်တည်ချက်သဘောထားကို ထောက်ခံခြင်း၊ OIC အလိုမရှိ၊ ရသေ့တောင်ညီလာခံကို ထောက်ခြင်း တို့ကို ကြွေးကြော်ပြီး မြို့နယ် ဓမ္မာရုံတွင် လူစုခွဲခဲ့ကြပါသည်။
မြေပုံမြို့နယ် ဆန္ဒထုတ်ဖော်ပုံမြင်ကွင်း
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဆန္ဒထုတ်ဖော်
------------------------------------
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ ၂၀.၁၀.၂၀၁၂ ရက် နံနက် ၇း၃၀ မှ ၉း၀၀ နာရီထိ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင်
1 ဘင်္ဂလီနှင့် ယှဉ်တွဲနေထိုင်ရေး (အလိုမရှိ)
၂ တရားမ၀င်ရောက်ရှိနေသော ဘင်္ဂလီများ ( ဖယ်ရှားပေး)
၃ ရခိုင်ပြည်အရေး (ဒို့အရေး)
၎ ရခိုင်သားအရေး (ဒို့အေ၇း)
၅ အမျိုးဘာသာ စော်ကားသူ (ဒို့ရန်သူ)
တို့ကို ကြွေးကြော်ပြီး တောင်းဆိုခဲ့ကြပါသည်။
သတင်း - ဓါတ်ပုံ Rakhine Straight Views
2 comments:
ladyjune33 said...
အာလုံးကို လုံးဝလုံးဝ အ့ပြည့်အဝ ခြွင်းချက်မရှိ ထောက်ခံ၏။ ရဟန်းရှင်လူ ပြည်သူများ ဆန္ဒနှင့် ဘဝ တစ်ထပ်တည်း ကျပါစေ။
dnrchq77 said...
လုံးဝထောက်ခံတယ်။
Powered by Blogger.