ရန်ကုန်မှ ငသိုင်းချောင်းသို့ ပြေးဆွဲလျှက်ရှိသော မိဘမေတ္တာ ခရီးသည် တင်ယာဉ် နှင့် ဇလွန် ဟသာင်္တသို့ ဘုရားဖူး သွားရာမှ ရန်ကုန်သို့ ပြန်လာသော Light Track ယာဉ်တို့ ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ ဇလွန်နှင့် ဟင်္သာတကြားရှိ ကျုံခမော် ကျေးရွာအနီး ယနေ့ မွန်းတည့် ၁၂နာရီခန့်က တိုက်မိရာ light Track ယာဉ်မှ ယာဉ်ကိုးဦး နှင့် မိဘ မေတ္တာ ခရီးသည်ယာဉ်မှ ယာဉ် နောက်လိုက်တစ်ဦးတို့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားကြောင်း ယင်းဒေသရှိ လူ့အခွင့်အရေး ကာကွယ် မြင့်တင်သူများ ကွန်ယက် အဖွဲ့ဝင် တစ်ဦးက ပြောကြားချက် အရ သိရှိ ရသည်။
သတင်း - ဓါတ်ပုံ ။ ။ The Voice Weekly
သတင်း - ဓါတ်ပုံ ။ ။ The Voice Weekly
လူ ၁၀ ဦး သေဆုံးသော ယာဉ်တိုက်မှုဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
16:31
Rating:

5 comments:
မြန်မာပြည်က လမ်းတွေမှာ မျဉ်း တားပေးခြင်းမရှိတာ တကြောင်း ဘတ်စ်မောင်းသူတွေဟာ သူများယာဉ်ကြောကို နဲနဲ ယူမောင်းချင်ကြတာတကြောင်း တွေကြောင့် မသေသင့်ဘဲသေကြ ရတာ ရင်နာစရာပါ။
ဟင်္သာတမြို့ထဲမှာလမ်းတွေမကောင်းတဲ့အထဲ,စက်ဘီး ဆိုင်ကယ်ရှုပ်
နေတဲ့မြို့တွင်းထဲမှာတောင်အဲဒီရန်ကုန်မှန်လုံကားတွေဟာအရှိန်နဲ့
ဒလကြမ်းမောင်းနေကြတာဘယ်အုပ်ချုပ်ရေးအဖွဲ့အစည်းဘယ်ယဉ်ထိမ်းမှကြပ်မတ်ပေးချင်းမရှိဘူး ယာဉ်ထိမ်းကလဲပိုက်ဆံအလွယ်တကူရတဲ့
ဆိုင်ကယ်ဖမ်းဘိုလောက်စိတ်ဝင်စားတယ် တစီးမိရင် ၆၀၀၀ပြေစာ
မဖြတ်ရင် ၃၀၀၀လက်သိတ်ထိုးပေးတော့ ယာဉ်ထိမ်းကဆိုင်ကယ်ဘဲ
ဖမ်းတယ် ဟင်္သာတမှာဟိုရက်ကဆိုင်ကယ်လိုင်စင်ဝင်ဘို့လာတဲ့နယ်ဆိုင်
ကယ်တွေအဖမ်းခံရတာတနေ့ကိုအစီးရေရာချီပြီးရှိတယ် အဲဒီငွေတွေက
ဘာသုံးလဲ မြို့ဖွံ့ဖြိုးရေးရန်ပုံငွေဆိုပြီးယာဉ်ထိမ်းနဲ့အုပ်ချုပ်ရေးအဖွဲ့တွေ
ခွဲတမ်းချစားနေတာအကုန်သိပါတယ် စည်ပင်ကလဲအခွန်တွေသာအတင်းလည်ပင်းညှစ်ကောက်နေပြီးလမ်းတွေစုတ်ပြတ်သတ်နေတာလုံးဝမပြင်ပါဘူး ဝန်ကြီးချုပ်တောင် အင်္ဂပူထူးကြီး
ဘက်သွားရင်ဟင်္သာတကမဖြတ်ဘဲပုသိမ်မုံရွာလမ်းဘက်ကရှောင်သွား
တယ် ဧရာဝတီတိုင်းသားသမ္မတကြီးနဲ့ဦးဌေးဦးတိုင်းလွှတ်တော်ဥက္ကဋ္ဌ
ဦးဆန်းဆင့်တို့အနေနဲ့ဟင်္သာမြို့တွင်းလမ်းများဆိုးရွားစွာပျက်ဆီးနေမှု
ကိုလျစ်လျူရှုမထားပါနဲ့လို့တင်ပြချင်ပါတယ့်
ဒရိုင်ဘာများ၏ ဇာတိပုည ဂုဏ်မာန ညစ်ချင် ကပ်ချင်သော စိတ်ဓါတ် အခြေခံနှင့်..အခြားသော အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ချိန်တန် ဖြစ်...ပျက်ချိန်တန် ပျက်ကြတာပဲ နေမှာပေါ့လေ..။အော်...အနိစ္စ...အနိစ္စ.အနိစ္စ သင်္ခါရ..တွေပေါ့လေ..။
မိဘမေတ္တာ ကားက အဲဒီနေ့ က ကျွန်တော်တို့ ကား ရဲ့ေ၇ှ့ ကနေ ရပ်လိုက် နောက်ကနေ အရေးတကြီးကျော်တက်လိုက်နဲ့ တလမ်းလုံး အရှိန်ပြင်ဲးဲပြင်း မောင်းလာတာ ဓနုဖြူ အထိပါပဲ..Light Track ကားကလူတွေ အတွက် တော့ စိတ်မကောင်းစရာပဲ...
ကားတိုက်မိတဲ့ အချိန်မှားနေသလား...အဲဒီနေ့ က ဆုံးသွားတဲ့သူထဲ့မှာ တစ်ယောက်က 103း0 ဆုံးလို့ တစ်လမ်းတည်းမို့ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်...
Post a Comment