ပုဂံရှေးဟောင်း နယ်မြေအတွင်း ဟိုတယ်နှင့်ဆိုင်များ တည်ဆောက်မှု ဆန္ဒပြမည်

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ တည်ဆောက် နေတာကို မြို့ခံတွေ စုပေါင်းကန့်ကွက် ဆန္ဒပြကြမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်း ထန်းဥယာဉ် ဟိုတယ်ခေါ် Treasure Resort ကနေ စတင် ဆန္ဒပြကြမယ်လို့ ဦးဆောင်သူ တဦးဖြစ်တဲ့ ကိုမင်းနိုင်က ပြောပါတယ်။  --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပုဂံရှေးဟောင်း နယ်မြေအတွင်း ဟိုတယ်နှင့်ဆိုင်များ တည်ဆောက်မှု ဆန္ဒပြမည် ပုဂံရှေးဟောင်း နယ်မြေအတွင်း ဟိုတယ်နှင့်ဆိုင်များ တည်ဆောက်မှု ဆန္ဒပြမည် Reviewed by သစ်ထူးလွင် on 19:23 Rating: 5

5 comments:

Numega said...

ဟိုတယ်တွေကိုတော့ သီးခြားသတ်မှတ်နေရာမှာပဲ တည်ဆောက်ခြင်းဖြင့် မိမိစီးပွားရေးကို သမာသမတ်ဖေါ်ဆောင်ရန် လုပ်ငန်းရှင်များအနေဖြင့် အထူးဂရုပြုစေခြင်ပါသည်။ ဟိုတယ်မြိုလို့ ပုဂံပျက်ရတာဆိုရင်တော့ သမိုင်းနာပါတယ်။ ခေတ်အဆက်ဆက် တည်လာခဲ့တဲ့ မင်းအပေါင်းကလည်း နှစ်မြို့မည်မထင်ပါ။

sheetody said...

မန်းမြို့ ကနန်းတော်ကြီး လည်းပြောင်းလဲဖို့ 
ချိန်တန်ပြီ ရှေးဟောင်းပစ္စည်းထိန်းသိမ်းကြပါစို့ 

driver said...

မြန်မာလူမျိုးတွေ မြန်မာယဉ်ကျေးမှု့အမွေအနှစ်ကိုထိမ်းသိမ်းစောင့်ရှောက်
ရမှာသမိုင်းကပေးတဲ့အမျိုးသားရေးတာဝန်ပါ

nanda khit said...

ရှေးဟောင်းကလူတွေကို ခရိုနီတွေက အိပ်ကပ်ထဲထည့်ထားတာ ဒင်းတို့ ဟိုတယ်ဆောက်ချင်ရင် ဘုရားကြိုဘုရားကြားလည်းဆောက်ခွင့်ပေးတာပဲ တကယ်တမ်းပြောရရင် နန်းမြင့်ဟိုတယ်လည်းရှေးဟောင်းနဲ့မလွတ်ပါဘူး နာမည်ကျော် တူရွင်းတောင်ခြေမှာဆောက်ထားတာ

Unknown said...

ရှေးဟောင်းယဉ်ကျေးမူနယ်မြေ ဆိုတာ အတိတ်သမိုင်းကြောင်းကောင်းတဲ့ နိုင်ငံတွေမှာဘဲ ရှိတာ။ခော်သစ်ဖွံ့ဖြိုးပါတယ်ဆိုတဲ့ စင်္ကာပူလိုနိုင်ငံလို သမိုင်းမရှိတဲ့ နိုင်ငံတွေအတွက် အားကျပေမယ့် ဘယ်သောခါမျိုးမှာမှ ဖန်တီးရယူလို့ မရနိုင်တဲ့ ဘိုးမွေဘွားမွေ သမိုင်းလှခဲ့တဲ့ ပုဂံမြေ ပါ။လာရောက်လည်ပတ်သူ နိုင်ငံခြားသားတွေကလည်း တမ္ပဒီပရဲ့အလှနဲ့သမိုင်းကြောင်းကိုဘဲ လေ့လာကြတာ။ဟော်တယ်ကြီးတွေရဲ့ဝန်ဆောင်မှု ကိုလာရောက် ခံစားတာမဟုတ်ပါ။ပုဂံရဲ့အလှ ဒီခောတ်ကျမှဖုံးကွယ်ဖျက်ဆီးခံရမည်ဆိုလျင် ငါတို့သည် ငါတို့သမိုင်းကြောင်းကို ဆုတ်ဖြဲနေသည်နှင့် တူမည်။လူတချို့၏ကိုယ်ကျိုးစီပွားကြောင့် သမိုင်းဝင်နယ်မြေရဲ့အလှပျက်စီးမည့်ဘေး မှကာကွယ်ကြရမည်မှာ ပုဂံသားတွေရဲ့ အရေးသက်သက် မဟုတ်။ကမ္ဘာတည်သရွေ့ မြန်မာဟေ့လို့ ကြွေးကြော်နေချင်တဲ့ မြန်မာတိုင်းရဲ့တာဝန်ပါ။ကိုယ်တိုင်ပါဝင်ခွင့် ဆင်နွှဲခွင့် မရပေမယ့် ပုဂံကိုကာကွယ်ကြမည့် ဆန္ဒပြပွဲကိုအပြည့်ဝ အတိုင်းထက်အလွန်ထောက်ခံပါသည်။အောင်မြင်ပါစေ။

Powered by Blogger.