တရားဥပဒေ စိုးမိုးရေး ပူးပေါင်းကူညီဖို့ ကိုမင်းကိုနိုင် တိုက်တွန်း

မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူတွေဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ယင်းမာပင်မြို့ မဂ္ဂင်ကျောင်းတိုက်ရှေ့မှာ ဒီကနေ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းများ ဖော်ဆောင်ရေး လူထုတွေ့ဆုံပွဲမှာ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

 သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


RFA
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းများ ပေါ်ပေါက်ရေး လူထုတွေ့ဆုံပွဲ ခရီးစဉ်အတွင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က သာစည်မြို့တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဟောပြောနေစဉ်။
တရားဥပဒေ စိုးမိုးရေး ပူးပေါင်းကူညီဖို့ ကိုမင်းကိုနိုင် တိုက်တွန်း တရားဥပဒေ စိုးမိုးရေး ပူးပေါင်းကူညီဖို့ ကိုမင်းကိုနိုင် တိုက်တွန်း Reviewed by သစ်ထူးလွင် on 09:49 Rating: 5

3 comments:

Unknown said...

တရားဥပဒေစိုးမိုးရေးကိုလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစု
ကြည်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်တို့အုပ်စုကြိုးပမ်
နေတာကိုဝမ်းသာပါတယ်။ဒါပေမဲ့ဥပဒေချိုးဖေါက်သူတွေကို
အားမပေးမိစေဖို့ပါ။ဥပမာတခုပြောပါရစေ။မန္တလေးကကျး
ကျော်သူတွေကိစ္စပါ။ကျူးကျော်သူတွေကိစ္စကိုကူညီရင်ကျူးကျော်ခံရတဲ့တရားဝင်ဂရံရှိသူတွေဘယ်လောက်ခံစားနေရတယ်ဆိုတာနားလည်စေချင်ပါတယ်။သိသိကြီးနဲ့ကျူးကျော်တယ်။အ
ကျိုးအမြတ်တခုအတွက်ရောင်းတဲ့သူကလိမ်ရောင်းတယ်။ဝယ်
တဲ့သူကလဲအကျိုးအမြတ်တခုအတွက်သိသိကြီးနဲ့ဝယ်ကြ
တယ်။ဘာအထောက်အထားမှမရှိဘဲဝယ်ကတည်းကရှင်းရှင်း
ကြီးပါ။ပြသနာတခုကိုဖြေရှင်းပေးချင်ရင်နှစ်ဖက်မျှတွေးစေချင်
ပါတယ်။တရားဥပဒေမဲ့ကျူးကျော်သူတွေကိုထောက်ခံခဲ့ရင်အ
ခုကိုမင်ကိုနိုင်တို့ဒေါ်အောင်ဆန်းစုကြည်တိုလုပ်နေတဲ့တရားဥပဒေစိုးမိုးရေးဆိုတာနဲ့သွေဖယ်သွားပါလိမ့်မယ်။ကျူးကျော်သူ
တွေကတရားဥပဒေမဲ့လုပ်ခဲ့ကြတယ်အကျူးကျော်ခံရတဲ့တရားဝင်ဂရံရရှိထားသူတွေကဆုတောင်းနေရုံဘဲလားဖြေ။

Unknown said...

မင်းကိုနိုင်က ဆရာကြီးတဆူလိုပါပဲ
လူဆိုတာ အမျိုးမျိုးရှိပါတယ်
အခုကော တရားဥပဒေ စိုးမိုးမှုမရှိလို့လား
ပညာရှင်ဆရာကြီးတွေကို လေးစားသင့်တယ်
မိမိဘာလဲ ဘယ်လောက်တတ်လဲ စဉ်းစားဖို့လိုတယ်
နေရာတကာလိုက်ပွနေရင် ငပွကြီးဖြစ်နေမယ်
နာမည်ရအောင် လုပ်တာကို အပြစ်မပြောလိုပါဘူး
ဒါလဲ သူလဲလေ လောကီသားပေမို့ဆိုပြီး တွေးပေးပါတယ်
စကားကို ဆင်ခြင်ပြောဖို့နဲ့ စဉ်းစားဝေဖန်တတ်ဖို့ပါ

minnminn said...

တရားဥပ ဒေဆိုတာကို ပြည်သူတွေ က ရော
ဘယ်လောက် အထိလေ့လာ ထားပြီး
ဘယ်လောက် အထိ လိုက်နာနေပြီလဲ
ဆိုတာ အရင် လေ့လာကြည့်သင့်တယ်

Powered by Blogger.