၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅)ရက် မှ အောက်တိုဘာ (၃)ရက် အတွင်း ရန်ကုန်တိုင်းဒေသကြီး
မြို့နယ် ရဲတပ်ဖွဲ့ စခန်း (၃၃)ခုမှ ဖမ်းဆီးသိမ်း ဆည်း ရရှိသော ဆင်ဆာမဲ့နိုင်ငံခြားခွေ (ညစ်ညမ်း ၊သီချင်း ၊ဇာတ်လမ်း တွဲ) VCD , DVD အချပ် များ နှင့် မြန်မာ ခိုးကူးခွေ (ကာရာအိုကေ ၊ ဇာတ်လမ်း ၊ လက်ဝှေ့ ၊ တရား) စသည့် VCD ,DVD စုစုပေါင်း (၇၇၉၃၅)ချပ်ကို ပြန်ကြားရေး ၀န်ကြီးဌာန ၊မြန်မာ့ရုပ်ရှင် လုပ်ငန်း ဗီဒီယို ဆင်ဆာအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ ကြီးကြပ်မှု ဖြင့်အောက်တိုဘာ (၆)ရက်နေ့ မနက် (၈)နာရီက မြန်မာ့ ရုပ်ရှင်လုပ်ငန်း ၀န်းထဲမှာ စုပေါင်းဖျက်ဆီးခြင်း များပြုလုပ်ခဲ့ သည်။
ယခုစုပေါင်း ဖျက်ဆီးမှုသည် ၂၀၁၂ ခုနှစ် ပြက္ခဒိန်နှစ် အတွင်း မှာ (၉)ကြိမ်မြောက် ဖျက်ဆီးခြင်းဖြစ်ပြီး စုစုပေါင်း ၉ ကြိမ်အတွင်း ဖျက်ဆီးပြီး ခိုးကူးချပ် အရေအတွက်မှာ (၆၃၃၆၇၆)ချပ် (ယခုဖျက်ဆီးမှု အပါအ၀င်)ရှိနေခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
BY POPULAR NEWS

၂လအတွင်း မြို့နယ်ရဲတပ်ဖွဲ့စခန်း (၃၃)ခုမှ ဖမ်းဆီးရရှိသည့် ခိုးကူးခွေ ခုနှစ်သောင်းကျော် ဖျက်ဆီး
Reviewed by သစ်ထူးလွင်
on
07:18
Rating:
6 comments:
မူး/ဆေးတွေ မီးရှို့ ကြသာပဲ ပျောက်လို့ လား
အခုလဲ လုပ်ပြန်ပြီ ပျောက်အောင်တော့မလုပ်နဲ့ 
အိမ်မှာ ပြန်ကြည့်ဖို့ အခွေရွေးနေကြတာထင်တယ်...
မြန်မာဒါရိုက်တာ ဇာတ်ညွှန်းရေးသူ ထုတ်လုပ်သူ သရုပ်ဆောင်မင်းသား မင်းသမီးများ ခပ်ပြောင်ပြောင် ခိုးချနေသည့် နိုင်ငံခြားရုပ်ရှင် ဇာတ်ကားများအတွက် ဘယ်မူပိုင်
ခွင့်နဲ့ တရားစွဲရမလဲ သူခိုးများဖြေကြပါ
တစ်နေ့ တစ်နေ့ဒီလောက်ထွက်နေတဲ့ နိုင်ငံခြားရုပ်ရှင်တွေကို ဆင်ဆာဘယ်လို ဖြတ်မှာလဲ။ မြန်မာကားတွေ၊ သီချင်းခွေတွေ ခိုးကူးကြတာလည်း မပြောနဲ့လေ။ ရောင်းတာက တစ်ခွေကို တစ်ထောင်အထက်၊ သီချင်းကြည့်လိုက်တော့ တစ်လလောက်တောင် နားမထောင်ချင်ဘူး။ ပေါ်ပင်ပဲ၊ ခဏတစ်ဖြုတ်နားထောင်မယ်။ ပြီးယင် ရင်ထဲ ခေါင်းထဲ ဘာမှာ မကျန်ခဲ့တဲ့ သီချင်းတွေလေ။ နားထောင်မယ့်သူကလည်း မတန်ဘူးထင်တော့ ခိုးကူးကိုပဲ နားထောင်တာပေါ့။ တစ်ခွေမှ (၃၀၀)ကျပ်ထဲ။ ဒီကြားထဲ အစည်းအရုံးတို့ ဆင်ဆာဘုတ်တို့ဆိုတာတွေက တစ်ခွေကို ဘယ်လောက်ဆိုပြီးတော့ ဖြတ်စားသေးတယ်။ အဲဒီတော့ ဘယ်သူက များများထုတ်မလဲ။ မရောင်းရတော့ဘူးလို့ သိထားတော့။ နည်းနည်းပဲ အဖြစ်ထုတ်မယ်။ ပြီးယင် အောက်လမ်းကဖြန့်မယ်။ နိုင်ငံခြားရုပ်ရှင်ကားတွေဖမ်းတာတော့ အစိုးရက လွန်တယ်ထင်တာပဲ။ တစ်လောကကြားလိုက်တာကတော့ နိုင်ငံခြားတွေကို မဖမ်းခိုင်းဘူးလို့ပြောလိုက်တယ်။ မြန်မာပြည်မှာ ဘယ်အိမ်မှာမှ နိုင်ငံခြားခွေမရှိတဲ့အိမ်မရှိဘူး။ ထိပ်ဆုံးကစပြီး ပလေယာရှိတဲ့ ဘယ်အိမ်မဆို။ ဒါပေမယ့် ဖမ်းချင်ရင် လူတိုင်းကို ဖမ်းလို့ရအောင် ပုဒ်မတစ်ခုပေးထားတာလို့လဲထင်တယ်။ အမြင်ကပ်ရင် ဆင်ဆာမဲ့စီဒီခွေ လက်ဝယ်တွေ့ရှိမှု ပုဒ်မxxx သေပေတော့ပဲ။
ကိုယ့်ကြတော့ခိုးကူးတဲ့သူ့ကြတော့မူပိုင်ခွင့်တဲ့ကြီးကြီးကျယ်ကျယ်နဲ့၃ရက်နဲ့၁ကားရိုက်၊အိမ်တလုံးနဲ့တကားလုံးပြီး၊ရသလဲမရှိ၊ဟာဒယလဲမပါ၊မှတ်သားစရာဆိုဝေလာဝေး။ဒီလိုအခွေတွေကိုကြည့်နေတဲ့မျိုးဆက်သစ်တွေအတွက်ရင်လေးမိတယ်။
ကိုယ့်ကြတော့ခိုးကူးတဲ့သူတို့ကြတော့မူပိုင်ခွင့်တဲ့သူတို့ခိုးကူးခဲ့တဲ့ဇာတ်ညွှန်းတွေ ဇာတ်လမ်းတွေစကားလုံးတွေကိုဘယ်မူပိုင်
ခွင့်နဲ့ တရားစွဲရမလဲ၊ခိုးမကူးတဲ့ ဇာတ်လမ်းကြတော့၃ရက်နဲ့တကားရိုက်အိမ်တလုံးမှာတကားပြီး၊သြော်မှတ်တောင်ထားရအုံးမယ်ထုတ်လုပ်ရေးနဲ့၊မင်းသမီး၊မင်းသားတွေရေ။
Post a Comment