ဟားခါးပြည်သူ့ဆေးရုံတွင် ခွဲစိတ်လူနာတွေထံ ငွေကောက်ခံ

ချင်းပြည်နယ်မြို့တော် ဟားခါးပြည်သူ့ ဆေးရုံတွင် ခွဲစိတ်ကုသသူ လူနာတဦးလျှင် ဆရာဝန်ပူဇော်ခ ကျပ်ငွေ ၃၀၀၀၀၊ ဆရာမ လဘက်ရည်ဖိုး ကျပ်ငွေ ၁၀၀၀၀ ကုန်ကျသည်ဟု သိရသည်။
ဆေးဖိုးဝါးခ မပါသေးကြောင်း အဲဒီအပြင် ခွဲစိတ်ခန်းစရိတ်၊ ဆရာဝန်အကူ သူနာပြုဆရာမ ၂ ဦး အတွက် ထပ်မံ ငွေပေး ရသေးကြောင်း ကျေးလက်ဒေသမှ လူနာရှင်တဦးက ပြောသည်----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဟားခါးပြည်သူ့ဆေးရုံတွင် ခွဲစိတ်လူနာတွေထံ ငွေကောက်ခံ ဟားခါးပြည်သူ့ဆေးရုံတွင် ခွဲစိတ်လူနာတွေထံ ငွေကောက်ခံ Reviewed by သစ်ထူးလွင် on 22:14 Rating: 5

2 comments:

Unknown said...

ဆေးရုံဆရာဝန်ကြီးများသည်အသိပညာအတတ်ပညာရာထူးဂုဏ်ရှိန်အားဖြင့်
မြင့်မားသောသူများဖြစ်ပါသည်။ဆရာမများသည်လည်းကျွမ်းကျင်ဝန်ထမ်းများ
ဖြစ်ပါသည်။သို့သော်၎င်းတို့၏လုပ်ရပ်များသည်အလွန်အောက်တန်းကျသော
လုပ်ရပ်များဖြစ်နေပါသည်။လူနာများသည်ပျော်ရွှင်လိုသဖြင့်ဆေးရုံကိုဟိုတယ်လိုသဘောထားပြီးလာတက်ခြင်းမဟုတ်ပါ။ရောဂါဝေဒနာခံစားရသဖြင့်..
ဆရာဝန်ဆရာမ များကို ကယ်တင်ပေးပါရန်အားကိုးတကြီးလာရောက်
ကုသမှူခံယူကြခြင်းဖြစ်ပါသည်..ယခုဆရာဝန်ဆရာမများ၏လုပ်ရပ်သည်
ကယ်တင်သလိုနှင့်ရေနစ်သူကိုဝါးကူထိုးပြီးနှစ်သတ်သလိုဖြစ်နေပါသည်။
လူနာများအပေါ်ဆင်ခြင်တုံတရားဖြင့်မေတ္တာထားစေချင်ပါသည်။

နေနတ်သား said...

ကိုယ်ကိုတိုင်က ဆရာဝန် မဟုတ်ရင်တောင် ကိုယ့်အမျိုး အသိုင်းအဝိုင်းထဲမှာ အစိုးရဝန်ထမ်းဆရာဝန် တယောက် လောက်များ ပါခဲ့ရင် သူ့ရဲ့ အခက်အခဲ ခံစားချက်တွေကို မေးမြန်းကြည့်ပြီးမှ။ ကိုယ်ကိုတိုင်လည်း ဒီနေရာမှာ ဒီတာဝန်မျိုး ထမ်းဆောင်ရရင် ဒီလိုမလုပ်ပါဘူးဆိုတာ သေချာမှ comment ရေးကြပါဗျာ။ အညစ်အကြေးတွေ ကိုင်တွယ်ပြီး လူ့အသက်ကယ်နေရတဲ့ သူတွေကို တဖက်စကားလေး နားထောင်ပြီး မစော်ကားသင့်ကြပါဘူး

Powered by Blogger.