လူရွှင်တော် ဇာဂနာ၏ စင်္ကာပူ အာလပသလာပ ရုပ်သံဖိုင် အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့

ဒေါ်အောင်ဆန်းစုကြည်၊ NLDလွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ အကြောင်း အာလပသလာပပြော ဆိုထားသော လူရွှင်တော် ဇာဂနာ၏ ရုပ်သံဖိုင် အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့နေကြောင်း သိရသည်။

''ဒီအသံဖိုင်အကြောင်း ကျွန် တော်မသိဘူး။ တရားဝင်လား၊ခိုး ဖမ်းတာလားလဲ မသိဘူး။ အများသိအောင်လုပ်တဲ့ စင်ပေါ်တွေများ ပြောတာလား။ ကျွန်တော်ဘာသာ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် ဘတ်စ် ကားပေါ်မှာပဲ ဖြစ်ဖြစ် ပြောရင် ပြောမယ်။ ဒါ ကျွန်တော်ရဲ့ အလွတ် သဘော Private Life ပဲ။ တရားစွဲ လို့တောင်ရတယ်။ ဒါကို အသံ ခိုးဖမ်းပြီး ဖြန့်တယ်ဆိုရင်တော့ အဆင့်အတန်းနိမ့်ကျတယ်။ ကျွန် တော်လည်း မအားဘူး။ ဒါတွေကို ကြည့်နိုင်မှာ မဟုတ်ဘူး''ဟု ဦး ဇာဂနာက ပြောသည်။

ဦးဇာဂနာ ပြောကြားသော ရုပ်သံဖိုင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးကိုကိုကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုး မင်းသိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်၊ အမျိုးသမီးသတ္တိဆုရှင် မဇင်မာ အောင်၊ နိုင်ငံရေး တက်ကြလှုပ်ရှား သူ ကိုမြတ်သူ၊ ကိုမျိုးရန်နောင်သိန်း အကြောင်းအရာများနှင့် DVB သတင်းဌာနနှင့် RFA သတင်းဌာန အစရှိသော အကြောင်းအရာများ လည်း ပါဝင်သည်။

အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်တွင် ဦးဇာဂနာနှင့် ပတ်သက်သူမျာ၏ ဓာတ်ပုံများ ပါရှိပြီး ထူးခြားချက်အနေဖြင့် အသံဖိုင်ကို စာဖြင့်ပါ ရေးပေးထားပြီး အသံဖြင့်လည်း နားထောင်၍ရကြောင်း သိရ သည်။

''အခုပြောတဲ့ ပုံသဏ္ဍာန်က ရင်းနှီးတဲ့မိတ်ဆွေနဲ့ တွေ့တဲ့အချိန် မှာ အာလာပသလာပ ပြောတဲ့ပုံ။ ကိုယ့်စိတ်ထဲမှာရှိတဲ့ အကြောင်း အရာကို ပေါ့ပေါ့ပါးပါး ပြောနေ တဲ့ ပုံစံမျိုးပါ။ ခက်တာက လူရွှင် တော် ဇာဂနာဆိုတာ ကျွန်တော် မဟုတ်ဘူး။ ခင်ဗျားလည်း မဟုတ် ဘူး။ ဆိုလိုတာက လူသိများပြီး ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ် နေတယ်။ သူ့နှုတ်ထွက်စကားက သက်ရောက်မှု အများကြီးရှိတယ်။ ဒီလို ပြောနေတာကို အသိမပေးဘဲ ခိုးဖမ်းပြီး အွန်လိုင်းစာမျက်နှာပေါ် ဖြန့်တာလည်း မကောင်းဘူး။ လူမှု ရေးရှုထောင့်အရလည်း မလုပ်သင့် ဘူး''ဟု ပြည်တွင်းစာနယ်ဇင်း သမားတစ်ဦးက သုံးသပ်ပြောကြား သည်။

လူရွှင်တော်ဇာဂနာသည် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ် မြောက်ရေးနှင့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင်လည်း ပါဝင်သူဖြစ်ပြီး အနုပညာလောကတွင်လည်း လူကြိုက်များသော လူရွှင်တော်တစ်ဦး ဖြစ်သည်။

By Messenger News Journal

အဆိုပါ ရုပ်/သံ ဖိုင် ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


လူရွှင်တော် ဇာဂနာ၏ စင်္ကာပူ အာလပသလာပ ရုပ်သံဖိုင် အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့ လူရွှင်တော် ဇာဂနာ၏ စင်္ကာပူ အာလပသလာပ  ရုပ်သံဖိုင် အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့ Reviewed by သစ်ထူးလွင် on 15:59 Rating: 5

9 comments:

Anonymous said...

ဒီဖိုင်ကို တင်တဲ့သူကတော့ စင်ကာပူလို နိုင်ငံမှာ နေပြီးတော့ တော်တော် အောက်တန်းကျတဲ့ အမျိုးအစား ထဲက လူပါပဲ...

မောင်ပြောချင် said...

ကောင်းတာပေါ့ ဒါမျိုးများများပြန့်သင့်တယ် နို့မဟုတ်ရင် ပရိတ်သတ်ရှေ့ ပြည်သူရှေ့ မိုက်ခရိုဖုန်းရှေ့ ကျတော့နားထောင်ကောင်းအောင် ပြောပြီးနောက်ကွယ်စိတ်ရင်းအမှန်က အောက်တန်းကျ ယုတ်ညံ့ နေရင်လူတွေဘယ်သိနိုင်မှာလဲ။ ဒါမျိုးသူမှမဟုတ်ဘူး သမ္မတကြီးတို့ တပ်ချုပ်ကြီးတို့ ဒေါ်စုတို့ ပြောစကားတွေကြားရရင်လည်း တန်ဖိုးရှိတယ်ဗျ။ ရှေ့တစ်မျိုးနောက်တစ်မျိုးဟုတ် မဟုတ် ရင်ထဲကစေတနာအမှန် နဲ့ စိတ်နေစိတ်ထားအဆင့်အတန်းသိရတာပေါ့ဗျာ။

Unknown said...

အမှားနဲ့ကင်းနိုင်တဲ့လူကိုဒီနေ့ထိလဲရှာမတွေ့သေးပါဘူး အသံဖိုင်ကိုနားထောင်ကြည့်ရသလောက်ဆိုရင်တော့အပြောခံရတဲ့လဲူသာကိုယ်သာဖြစ်မယ်ဆိုရင်တော့အားနည်းချက်တွေကိုပြင်ဘို့အခွင့်ကောင်းပါပဲ ဒါမှမဟုတ်လို့ပြောတာတွေမမှန်ဘူးဆိုရင်တော့ ပြောတဲ့လူနဲ့သာသွားရှင်းမိမှာပါ ဒါပေမဲ့ကိုယ့်ရဲ့လွတ်လပ်စွာပြောဆိုမှုကို မရိုးသားသောအကြံစည်နဲ့ခိုးဖမ်းပြီးရိုင်းပျစွာဝေဖန်ပြောဆိုမှုတွေကိုတော့ အားလုံးတွက်သင်ခန်းစာလို့မှတ်ယူသင့်ပါတယ် နေရာတိုင်းမှာသွားလာပြောဆိုတဲ့အခါဆိုရင်အိမ်တွင်းရေးမပြောနဲ့ မိမိအကြောင်းတောင်မပြောမိစေနဲ့လို့ အသိတရားတွေရရှိမိပါတယ် ဥပမာ စိုင်းထီးဆိုင်သီချင်းထဲကလိုပေါ့ ကောင်းကွက်တွေထောင်ချီပေမဲ့ဆိုးကွက်တစ်ခုဝင်လာတာနဲ့....................... ပြောဆိုဝေဖန်တဲ့လူကိုယ်တိုင်ကောင်းကွက်တွေဘယ်လောက်ရှိလဲဆိုတာကိုတော့သုံးသပ်သင့်ပါတယ် ။ ဘာပဲဖြစ်ဖြစ်ပါ ခံရတဲ့လူတွေနဲ့ ပြောတဲ့လူသာရှင်းလင်းရမယ်လို့ထင်ပါတယ် ။ထင်မြင်ချက်တွေကိုယ်ကပေးချင်ပေမဲ့ သူ့လောက်ကိုယ်ကဘာတစ်ခုမှဖြစ်ဖြစ်မြောက်မြောက်ကောင်းကွက်တွေမလုပ်ထားဘူးလို့ဘာကိုမှမပြောပါတော့ပါဘူး .......

nanda khit said...

ဦးဇာဂနာ ခေါ် ဦးသူရ ရေ ခင်များက media တွေကိုမှ သွား ခလုတ်တိုက်ထားတာကိုး နောက်ဆို လေလည်မယ်ဆိုရင်တောင် သတိထားပါ ပတ်ဝန်းကျင်ညစ်ညမ်းအောင်gas ထုတ်နေပါတယ်ဆိုပြီးခေါင်းစဉ်တပ်လို့ရတယ်

Anonymous said...

ဘာမှထွေထွေထူးထူးပြောဆိုထားတာမရှိပါဘူး။ တင်ပြတဲ့
သူကဘာရည်ရွယ်ချက်နဲ့လည်းဆိုတာ စဉ်းစားမရအောင်
ပါပဲ။ သတင်းမီဒီယာတွေက တယ်ကြောက်ဖို့ကောင်းတဲ့
ခေတ်ကြီးနော်။

ရာရာ said...

ဇာဂနာပြောသွားတဲ့ အကြောင်းအရာတွေမှာ အပြုသဘောတွေအများကြီးပါတယ်လို့ ထင်တယ်။ တကယ်တန်းစိတ်ဓါတ်အောက်တန်းကျတာကတော့ တိတ်တိတ်ခိုးရိုက်ပြီး လူထုက ပုဂ္ဂိုလ်ရေးအကြည်ညိုမဲ့အောင် အပ်လုဒ် တင်တဲ့သူလို့မြင်တယ်။ တော်တော်များများက ကိုယ့်အမေအရင်းကိုတောင် တစ်ခြားရင်းနှီးသူနဲ့ပြောတဲ့အခါ ..အိမ်ကဘွားတော်...အဘွားကြီး..စသည်ဖြင့်သုံးနှုန်းတတ်ကြတယ်..ဒါက..မချစ်လို့..မုန်းလို့ သုံးတဲ့အသုံးအနှုံးမဟုတ်ဘူး...။ လေဆိပ်မှာ မီဒီယာလောကသား တစ်ချို့နဲ့ ပြဿနာတက်ဖူးတဲ့အညိုးအတေးနဲ့လုပ်တာလို့ပဲမြင်တယ်...။ အမှန်ရှက်ဖို့ကောင်းတာက ဘယ်သူလဲ ဆိုတာ စဉ်းစားသင့်တယ်...။

ှဲKaung said...

ရှင်းရှင်းလေးပါ။ အားအားယားယား တမင် လိုက်ချောင်းပြီး အသံဖမ်းထားတာဖြစ်တယ်။ ပြီးတော့ သေသေချာချာ စာတမ်းတောင်ထိုးထားတယ်ဆိုတော့ ကြုံလို့ လုပ်တာမဟုတ်ဘူး။ ကြံစည်ပြီးလုပ်ထားတာ။ MyanmarExpress လို ကောင်မျိုးတွေပဲနေမှာပဲ။

Sin.apple said...

သြော်... အချိန်ကိုပါ သက်သေပြရအောင်လို့ ဖုန်းလက်ကျန်ငွေမရှိတော့တာကိုသိရက်နဲ့ လက်ကျန်စစ်တဲ့နံပါတ်နှိပ်ပြီး ပြန်လာတဲ့ မက်ဆေ့စ် ကို ကိုဇာဂနာကိုဖတ်ခိုင်းတယ်။ ဟိုကလဲ မသိပဲအကုန်ဖတ်လိုက်တာ နေ့ရက်တွေရော အချိန်တွေပါ အကုန်ပါသွားရော။
ကျွန်တော် ဒီစကားတွေကို ဘယ်နေ့ဘယ်အချိန်မှာပြောပါတယ်ဆိုပြီးသားဖြစ်သွားရော။ အသံဖမ်းတဲ့သူက သေချာကို အကွက်ဆင်ထားတာပဲ။
ကိုဇာဂနာတော့ ဘာမှမဖြစ်ပေမယ့် လောလောဆယ်တော့ အသံဖမ်းတဲ့သူကတော့ ဘာကောင်းကျိုးမှမရတဲ့အပြင် ဘယ်သူမှ အကောင်းမမြင်ပဲ တော်တော်အကြံ .... တယ်လို့ထင်သွားကြပြီ။
ဒီလုပ်ရပ်က ဘယ်သူမှအကျိုးမရှိပါဘူး။
ဗုဒ္ဓဘာသာအချင်းချင်း မေတ္တာထားနိုင်ကြပါစေ။။။။။။။

freemedia said...

ကိုဇာဂနာ ပြောသွားတဲ့  အ၇ာတွေက သတိထားသင့် တဲ့  အ၇ာတွေ
အများကြီးပါဝင်နေပါတယ် ဒါက ၇ိုက်ထားတဲ့  လူကြောင့်  အားလုံး
ကြားခွင့်  သိခွင့် တွေ ၇၇ှိလိုက်ကြတာပါ.ဒါပေမယ့် ဒီလို လုပ်၇ပ်မျိုးတွေ
က PAPARAZZI တွေ အများစု လုပ်တတ်တဲ့ အကျင့် တွေပါ..ဗြိတိန်
တော်ဝန်ဇနီးမောင်နှံေ၇ချိုးနေတုန်း ခိုး၇ိုက်ထားတဲ့ ဖြစ်၇ပ်ပုံစံ အားလုံး
ကြားကြပြီးဖြစ်မှာပါ..မီဒီယာ သမားမှန်၇င် မီဒီယာ ကျင့် ဝတ်ကို တန်ဖိုးထားတတ်ကြပါတယ် မိမိသတင်း၇၇ှိေ၇းအတွက် သူတပါးလွတ်လပ်မှု့  ကို ထိပါးစေတဲ့ လုပ်၇ပ်တွေ လုပ်မှာမဟုတ်ပါဘူး
ဒီသတင်း မျိုးက နိုင်ငံေ၇းသမားအချင်းချင်းစိတ်ဝမ်းကွဲအောင်တိုက်ပေး
ခြင်း သို့ မဟုတ် ကိုဇဂနာနဲ့  မီဒီယာတွေ အမုန်းပွားစေလိုတဲ့ ၇ည်၇ွယ်
ချက်တွေ အများကြီး မြင်နေ၇ပါတယ်..

Powered by Blogger.