သမ္မတဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌ ဂုဏ်ပြုတင်မြှောက်ခြင်းသာဖြစ်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ အဖြစ်ပြန်လည် ရွေးကောက် တင်မြှောက်ခြင်း ခံရခြင်းမှာ ၎င်းအား ဂုဏ်ပြုသောအားဖြင့် ပြန်လည် ခန့်အပ်ခြင်း ဖြစ်ကြောင်း ပါတီတာဝန် ထမ်းဆောင်ရန် မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌဦးဌေးဦးက အောက်တိုဘာ ၁၇ရက် နေ့က ဗဟို ပါတီညီလာခံ ကျင်းပရာ အခမ်းအနား၌ ပြောကြားခဲ့သည်။ ဦးဌေးဦးက ““သမ္မတဆိုတာဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီတာဝန်ထမ်းဆောင်လို့ မရဘူးလေ။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သမ္မတဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌ ဂုဏ်ပြုတင်မြှောက်ခြင်းသာဖြစ် သမ္မတဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌ ဂုဏ်ပြုတင်မြှောက်ခြင်းသာဖြစ် Reviewed by သစ်ထူးလွင် on 05:34 Rating: 5

11 comments:

Unknown said...

ဒါဘဲလေ သူတို့လုပ်နေကျ လက်တစ်လုံးခြားစကားတွေဘဲပေါ့ ဒီကောင်တွေ ရှိနေသမျှဒီလိုတွေဘဲပြောနေလုပ်နေအုံးမှာဘဲ ခံရအုံးမှာပေါ့ ၀ဋ်ရှိသမျှ

Unknown said...

ဒါဘဲလေ သူတို့လုပ်နေကျ လက်တစ်လုံးခြားစကားတွေဘဲပေါ့ ဒီကောင်တွေ ရှိနေသမျှဒီလိုတွေဘဲပြောနေလုပ်နေအုံးမှာဘဲ ခံရအုံးမှာပေါ့ ၀ဋ်ရှိသမျှ

gold said...

သမ္မတကြီးဦးသိန်းစိန်ကိုဂုဏ်ပြုခြင်းအတွက်ဝမ်းသာပါတယ်။အမှန်တကယ်ဂုဏ်ပြုချင်လျင်နိုင်ငံတော်အကြီးအကဲတဦးရဲ့ပုံကိုဌာနတိုင်းရဲ့ရုံးခန်းတွေမှာချိတ်ဆွဲကြဘို့ညွှန်ကြားပေးစေချင်ပါတယ်။

Unknown said...

ဒါဆို...ဦးဌေးဦးပြောသလိုဆိုရင် ရာထူးယူထားပီးတာဝန်ယူစရာမလိုဘူးပေါ့။တာဝန်မှမယူတဲ့ဥစ္စာ ရာထူးယူစရာလိုသေးလားဗျာ....နားကိုမလည်နိုင်တော့ဘူးးးး။

Unknown said...

သူတို့တွေလုပ်ချင်ရင်မရရအောင်ဆွဲပြောပြီးလုပ်တဲ့အကျင့်က
အခုထက်ထိမပျောက်သေးဘူး။ဒီမိုကရေစီခေတ်နော်

st4582 said...

ဆင်ဖြူတော်မှီပြီးကြံစုတ်ဖို့ ကြိုးစားနေကြပါလား....ဒီလိုနည်းနဲ့ ကြံဖွတ် တွေမဲရမယ်လို့  ထင်နေလား...ဗျာ...

Unknown said...

ပါတီညီလာခံကိုတက်တယ်၊ ၀င်ရောက် အရွေးခံတယ်ဆိုကတည်းက ပါတီအလုပ်ကို လုပ်နေတာ.. လို့ပဲ ရိုးရှင်းစွာ သဘောပေါက်မိပါတယ်။ ဒါဟာ အခြေခံဥပဒေ အခန်း-၃ အပိုဒ် ၄၇ မှာပါတဲ့ သမ္မတရာထူးတာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်း ပါတီအလုပ်တာဝန်များ မလုပ်ရဘူးဆိုတဲ့ သတ်မှတ်ချက်နဲ့ ကွဲလွဲနေတယ်လို့ ထင်မြင်မိပါတယ်။ ပါတီညီလာခံ အစည်းအဝေးတက်တယ်ဆိုတာ ပါတီအလုပ်ကို လုပ်နေတာပါ။ ပြန်လည်အရွေးချယ်တယ် ဆိုကတည်းက မူလဥက္ကဌရာထူးက ထုတ်ပယ်ထားတယ်ဆိုတဲ့ သဘောတရားအနက်က ပူးတွဲပါနေပြီးဖြစ်ပါတယ်။ တကယ်တော့ သမ္မတအဖြစ် အရွေးချယ်ခံထားရတဲ့အတွက် ပါတီဥက္ကဌရာထူးကနေ ထုတ်ပယ်ထားတာကို သွယ်ဝိုက်သောနည်းနဲ့ ၀င်ခံသလို ဖြစ်နေတာပါ။ ပြည်သူတွေအနေနဲ့ သမ္မတကြီး ပြည်ခိုင်ဖြိုးဥက္ကဌ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ သိပ်ပြီးခွဲခြားတဲ့ အမြင်မျိုး မရှိကြပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေခံ သဘာဝနိယာမနဲ့ ကွဲလွဲနေတာကိုတော့ စိတ်ခံစားသိနဲ့ သိနားလည်နိုင်ကြပါတယ်။
မြတ်ဘုရားရဲ့ ၀ိနည်းဥပဒေတော်ကြီးမှာ အချက်အလက် တစ်ခုဟာ ဟိုဖက်ဒီဖက် ရှင်းရခက်တဲ့ အခြေအနေမျိုးကြုံလာရင်.. အလေး အပေါ့ ရွေးချယ်ပြီး.. လေးတဲ့ဖက်ကို လိုက်ရမယ်လို့ သတ်မှတ်ချက်ပါရှိပါတယ်။ အခြေခံဥပဒေမှာလည်း အဲဒီလိုမျိုး သတ်မှတ်ချက်ပါဝင်ခဲ့ရင် သမ္မတဟာ ပါတီကနေ အချိန်ကာလတစ်ခုအတွင်း ထွက်ပေးရလိမ့်မယ်လို့ ထင်မြင်မိပါတယ်။
ဦးဌေးဦးတို့လို လူတွေရဲ့ စိတ်ထဲမှာ.. ဆင်သွားရင် လမ်းဖြစ်တယ်ဆိုတဲ့ အရိုးစွဲနေတဲ့ အယူအဆက အသွေးအသားထဲကနေ တော်တော်နဲ့ ပျောက်နိုင်ဟန်မတူပါဘူး။

Minn Myat said...

ရှုတ်နေတာပဲ။

Taw Thar Gyi said...

ဒီလူဟာတသက်လုံးစပ်ဖြဲဖြဲနဲ့ပေါတောတောရူးကြောင်ကြောင်စ
ကားတွေလျှောက်ပြောနေတုန်းပဲ။သူနဲ့ အောင်သောင်းကြောင့်
သမ္မတကြီးတောင်ပြည်သူလူထုကြည်ညိုရာကအမှတ်လျှော့သွား
နိုင်တယ်။သမ္မတကြီးကအင်မတန်ရိုးသားသူ၊ပြည်သူကိုစေတနာရှိ
သူ၊သူတို့ကတော့သူခိုးတွေ၊အထူးသဖြင့်အောင်သောင်းပါတာရွာ
နာတယ်ဗျို့ ။အောင်သောင်းနာမည်နဲ့ရွေးကောက်ပွဲတော့ခွက်ခွက်
လန်ဦးမှာပဲ။ တတိုင်းပြည်လုံးဆင်းရဲနေ
ချိန်မှာသူတို့မိသားစုတွေကတော့ဈေးအကြီးဆုံးလင်ခရူစာကားတ
ယောက်တစင်းစီနဲ့။အင်မတန်ရှက်စရာကောင်းတယ်

HN said...

ဒီရာထူးကိုသာငြင်းလိုက်ရင်သမ္မတကြီးအနေနဲ့ဒီထက်ပို
ပြီးပြည်သူလူထုထောက်ခံမှုကိုရနိုင်ပါတယ်ကမ္ဘာအလယ်
မှာလည်းအမှတ်ပိုရမှာပါသမ္မတလုပ်နေပြီးနိုင်ငံရေးပါးကို
မဝသေးဘူး

Unknown said...

ဦးဌေးဦးရဲ့ပြောကြားချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၆၄နဲ့ ဆန့်ကျင်နေတဲ့အတွက် ပြန်လည်ရုပ်သိမ်းသင့်ပါတယ်။ ယင်းဥပဒေပုဒ်မ-၆၄မှာ နိုင်ငံတော်သမ္မ္မ္မ္မ္မ္မ္မ္မတ (သို့မဟုတ်) ဒုတိယသမ္မ္မ္မ္မ္မ္မ္မ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မ္မ္မ္မ္မ္မ္မ္မတ (သို့မဟုတ်) ဒုတိယသမ္မ္မ္မ္မ္မ္မ္မ္မတများအဖြစ် ရွေးချယ်တင်မြောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု အတည်အလင်းပြဌာန်းထားပါသည်။ ဒါကြောင့် နိုင်ငံတော်သမ္မ္မ္မ္မ္မ္မ္မ္မတ၊ ဒုတိယသမ္မ္မ္မ္မ္မ္မ္မ္မတများဟာ ပါတီတစ်ခုကို ကိုယ်စားမပြုဘဲ နိုင်ငံတော်ကို ကိုယ်စားပြုတယ်လို့ ဖွဲ့စည်းပုံအခြေခံပုဒ်မ-၅၇မှာ ပြဌာန်းထားပါတယ်။ ယင်းဥပဒေပုဒ်မ-၅၈မှာတော့ နိုင်ငံတော်သမ္မ္မ္မ္မ္မ္မ္မ္မတသည် ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည်ဟု ပြဌာန်းထားပါတယ်။ ဒါကြောင့် ဦးဌေးဦးလို ပါတီကြီးတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးဟာ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်ပြီး ပြောဆိုနေမယ်၊ ဆောင်ရွက်နေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံသားတွေအတွက် ဘယ်လောက်ရင်လေးစရာကောင်းလိုက်မလဲ......

Powered by Blogger.