ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သော ရှမ်းပြည် တိုးတက်ရေးပါတီ (SSA-N/SSPP) တို့သည် နှစ်ဖက်တပ်များ နေရာချထားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များနှင့် ပတ်သက်၍ ရှမ်းပြည်နယ် လားရှိုးမြို့တွင် အောက်တိုဘာ ၁၀ ရက် နေ့လယ် ၁ နာရီခွဲမှ စတင် ဆွေးနွေးနေကြောင်း သတင်းရရှိသည်။
ဒုတိယ အကြိမ်မြောက် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ အစိုးရဘက်မှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုဝန်ကြီးအချို့ တက်ရောက်ခဲ့ကြပြီး ရှမ်းပြည် တိုးတက်ရေးပါတီဘက်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးခွန်ဆိုင်း အပါအ၀င် အဖွဲ့ဝင် ၁၀ ဦး တက်ရောက် ဆွေးနွေးနေကြသည်။
7Day News Journal
Photo-ဦးလှမောင်ရွှေ FB မှ

အစိုးရ နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ လားရှိုးမြို့ မှာတွေ့ ဆုံ ဆွေးနွေး
Reviewed by သစ်ထူးလွင်
on
17:13
Rating:
1 comment:
SSA-N/SSPPရှမ်းအဖွဲ့တွေကတော့ရှမ်းပြည်သူတွေရဲ့ဆန္ဒကို
အပြည့်အဝအကောင်အထည်ဖေါ်နေကြပြီေ။အခုလိုအပစ်အ
ခတ်ရပ်ပြီးဒေသဖွံ့ဖြိုးရေးတွေလုပ်နေတာရှမ်းပြည်နယ်တစ်ခု
လုံးမကမြန်မာတစ်နိုင်ငံလုံးဝမ်းသာနေကြပါသည်။KIAအဖွဲ့ကတော့အသိခေါက်ခက်အဝင်နက်နေတာ။အပစ်မရပ်ဘဲငြိမ်းချမ်းရေးဆွေးနွေးမယ်ပြောလိုက်ချောင်းပစ်လိုက်ရန်စလိုက်လူသစ်စုလိုက်ဆက်ကြေးကောက်လိုက်လူသတ်လိုက်ထိုးစစ်ဆင်နေပါပြီပြောလိုက်နဲ့နိုင်ငံရေးတိုက်ကွက်တွေဆင်နေတာပါ။ငြိမ်း
ချမ်းရေးမလိုချင်လို့သောင်းကျန်းသူသက်ရှည်ချင်လို့လုပ်တာပါ
ရပ်တန်းကရပ်လိုက်ပါ။အပစ်ရပ်ပြီးအချိန်မနှောင်းခင်ငြိမ်းချမ်းရေးဆွေနွေးပွဲသို့ချီတက်သင့်ပါပြီ။
Post a Comment