တောင်ငူမြို့ရှိ ၀က်သားသတ် လိုင်စင်ရ သူတို့၏ မင်းမဲ့ စရိုက်ဆန်ဆန် ပြုမူသည့် လုပ်ရပ်ကြောင့် တက္ကသိုလ်ကျောင်းသူတစ်ဦး ဆိုးရွာစွာ သေဆုံးခဲ့ရမှု
23-10-2012 ရက်နေ့ နံနက် (3) နာရီအချိန်ခန့်တွင် ပဲခူးတိုင်း တောင်ငူမြို့၊ ထီးနီကုန်းရွာမ နေ မသူသူအောင်၊ အသက် (၁၈) နှစ်၊ (ပ-နှစ် ရူပဗေဒ) နှင့် မမိုးသီတာစန်း၊ (၁၇) နှစ်၊ (၁၀-တန်း) တို့ နှစ်ဦးသည် ကျောင်းစရိတ်နှင့် စားဝတ်နေရေး အတွက် ၀က်သား (၃) ပိသာခန့်အား ရောင်းချရန် ဆိုင်ကယ်ဖြင့် နေအိမ်မှ ထွက်ခွာသွားခဲ့စဉ် တောင်ငူမြို့ ၀က်သားလိုင်စင်ရ ဦးမျိုးအောင် ခေါင်းဆောင်သော လူ (၈) ဦးတို့သည် ဆိုင်ကယ် (၄) စီးဖြင့် တုတ်၊ ဓားများ ကိုင်ဆောင်ကာ လိုက်လံ ဖမ်းဆီးခဲ့သဖြင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တောင်ငူမြို့ရှိ ၀က်သားသတ် လိုင်စင်ရ သူတို့၏ မင်းမဲ့ စရိုက်ဆန်ဆန် ပြုမူသည့် လုပ်ရပ်ကြောင့် တက္ကသိုလ်ကျောင်းသူတစ်ဦး ဆိုးရွာစွာ သေဆုံးခဲ့ရမှု
Reviewed by သစ်ထူးလွင်
on
17:51
Rating:
9 comments:
ကျွန်တော်တို့ဆောမြို့နယ် လောင်းရှည်ဘက်မှာလဲ သားသတ်လိုင်စင်ကိစ္စနှင့်ပတ်ကသက်ပြီး အတော်ဆိုးဝါးနေပါတယ် ရောင်းတဲ့သူမဟုတ်ပဲ ၀ယ်ပြီးပြန်လာတဲ့ သူကိုပါ ဖမ်းလားဆီးလားလုပ်ပါတယ် မိမိတစ်နိုင်တစ်ပိုင်(တစ်အိမ်မှ) တစ်ကောင် ပါမွေးတာပါ 2 နှစ်လောက်မွေးရတာပါ အသားပေါ်ရင် လိုင်စင်သမားကို တစ်ပိသာ 600 ကျပ်ပေးရပါတယ် မှောင်ခိုဝယ်ရောင်းသူတွေကို ဒေသသုံးဆိုပြီးတစ်နိုင်တစ်ပိုင်ပေး ပေးနေရင် အသားငါးကိစ္စမှာ ဒေသတွင်းစားသုံးမှုအတွက် ကော ကင်းလွတ်ခွင့်မပေးသင့်ပါဘူးလား အာဏာပိုင်များခင်ဗျား
နဂိုကတည်းကလိုင်စင်ဆိုတဲ့ကိစ္စကမရှိသင့်တော့ပါဘူး
အစိုးရခွင်ရှာချင်လို့လုပ်တဲ့ပြသာနာဘဲ၊ကိုယ့်ဝက်ကိုယ်ရောင်းတာအမှု့လား၊လိုင်စင်ကြေးတနစ်ဘယ်လောက်တောင်ပေးရသလဲမသိ
ဘူးလောဘကြောင့်လူတွေသေပြီ၊ဒီအဖွဲ့ကိုထောင်နစ်၅၀လောက်ချပြစ်လိုက်ဗျာ၊
မင်းမဲ့စရိုက်ကျူးလွန်သူတွေက်ု ထိရောက်ပြစ်ဒဏ်ပေးသင့်ပါတယ်၊မိန်းကလေးတွေကို ရိုက်ရဲတဲ့သတ္တိက အမျိုးယုတ်သတ္တိပါဘဲ
လိုင်စင်တွေနဲ့ ချုပ်ကိုင်ပြီး၊ ပြည်သူတွေအပေါ် ဗိုလ်ကျနေကြတာပါ။ အဲဒါတွေ ဖယ်လိုက်မှ ကုန်ဈေးနှုန်းကျလာမယ်။ တကယ်မွေးမြူသူတွေလည်း အကျိုးခံစားကြရမယ်။ နားမလည်ပဲ အုပ်ချုပ်ချင်တော့ ခက်တယ်။ စေတနာမပါတာက ပိုဆိုးတယ်။
ဒါတွေကမြို့တိုင်းလိုလိုဖြစ်နေတာ တိတိကျကျရေးယူဖို့ကောင်းတယ်
တကယ်တော့ ဒီလိုအဖြစ်ပျက်တွေဖြစ်ပေါ်လာတာဟာ စနစ်တကျ မ၇ှိတဲ့ လေလံပေးစနစ်။စည်းမျဉ်းတိကျမှု့ မ၇ှိတဲ့ လိုင်စင် ဆိုတဲ့ ငွေများ၇ာ လိုင်စင်ပါ စနစ်ကြောင့် နွမ်းပါးတဲ့ပြည်သူတွေ အထူးသဖြင့် နယ်ဘက်တွေပေါ့ဗျာ ၇ှာစားဖွေစားရတဲ့နေရာမှာ အခက်တွေ့ပြီးနလန်မထူတာလဲပါတယ်လို့  မြင်မိတယ် အတော်အကျည်းတန်တဲ့ အဖြစ်ပျက်တွေပါ။လိုင်စင်ဆိုတာ စီ်းပွားဖြစ် လုပ်သူတွေအတွက် တော့ ကာဗာ တခုတော့မှန်ပါတယ် ဒါပေမယ့် တပိုင်တနိုင်လုပ်ပိုင်ခွင့်နဲ့တော့ မရောထားသင့်ဘူး ကွဲပြားအောင်ထားသင့်တယ် ဒီလိုပဲရောနေမယ်ဆိုရင်တော့ အခုလိုပြသနာတွေနေ့ စဉ်နဲ့ အမျှ ဖြစ်နေလိမ့်ဦးမယ်လို့  မြင်မိတယ်...
သူတို့ကိုတိုက်မိတဲ့ကားကိုမောင်းတာကကျွန်တော့အဖေလေ ခုတော့ဒုက္ခတွေရောက်နေပြီ ကူညီပါအုံး............။
ဝက် သတ် လိုင် စင် နွား သတ် လိုင် စင်နွား ပွဲ ဈေး လိုင် စင် စီ တွေ လူ ပါး ၀ နေ တာ ကျွန် မ တို့ ရဲ့ အ ခွန် ငွေ တွေ နဲ့ လ စာ ယူ ထား ပြီး နှိပ် စက် နေ တဲ့ စည် ပင် နဲ့ ရဲ က ထိပ် ဆုံး က ပါ ကျွန် မ လက် ပံ တန်းမြို့ သွား လည် တော့ နွား ၀ယ် လါ တဲ့ လယ် သ မား လမ်း မကြီး ပေါ် ဆွဲ လါ တာ ထောက် ခံ စာ ပါ တာ တောင် ဒင်္ဏ ငွေ တသိန်းရိုက် သေး တယ် အောက် ခြေ က ခရို နီ အသေး လေးတွေ နဲ့ အကျင့် ပျက် ၀န် ထမ်း တွေ ကို ဘယ် တိုင် ရ ပါ့ မ လဲ တဲ့ မြို့ နယ် အုပ် ချုပ် ရေး မှုး လေါက် က တော့ ခါး ပိုက် ထဲ က ကောင် တွေ တဲ့(တိရစ္ဆာန်) ပါ ဖြစ် ရ တယ်
ဒါမဖြစ်သင့်တဲ့ကိစွပါယောကျားတွေတန်ပဲနဲ့မိန်းကလေးတွေကိုအနိုင်ကျင့်တာယောကျားမပီသတာပဲထိရောက်စွာအရေးယူပေးပါ
Post a Comment