လမ်းဖျက်စီးမှာလား?လမ်း ပြင်မှာလား? မေးလို့မရပါ

မြင်းခြံမြို့ လမ်းမတော် အမှတ် ၆ လမ်းဘေး ၀ဲယာကို မြေကော်စက်များနှင့်
ထိုးပြီး ထော်လာဂျီ များပေါ် မြေများ သယ်တင် သွားတဲ့ ဟာကို ပြည်သူများက
စိတ်ဝင်တစားနဲ့ လမ်းပြင် မလို့လားလို့ တာဝန်နဲ့
ယူနီဖေါင်းဝတ် S.A.Eကိုမေးတော့ ပြင်မယ် မပြင်ဘူး မဖြေပါ။

မြို့မိမြို့ဖ တစ်ဦးက တိုင်းဒေသကြီး ၀န်ကြီးကို တိုင်ကြားလို့
လမ်းကဘေးထက် နိမ့်အောင် လုပ်နေတာလို့ ဖြေပါတယ်။ အမှတ်
၆ လမ်းမတော်နေ ပြည်သူတစ်ဦးက ပုံနဲ့တစ်ကွ ပြောပြလို့ သိရှိရပါတယ်။

မနေ့က(၁၉-၁၀-၂၀၂၁)က စတင်လုပ်ဆောင်နေတာပါ အခု ထိကော်လို့
သယ်လို့ မပြီးသေးပါဘူး။ ဆိုးဆိုးဝါးဝါးကို လမ်းပျက်အောင် ထိုးနေတာပါ။

အဲဒီလမ်းဟာ နှစ်ပေါင်း ၃၅နှစ်ကြာ မပြုပြင်သော လမ်းဖြစ်သည်ဟု
လမ်းမတော် နေပြည်သူများ ကပြောကြားပါတယ်။

By Myanmar News Now


လမ်းဖျက်စီးမှာလား?လမ်း ပြင်မှာလား? မေးလို့မရပါ လမ်းဖျက်စီးမှာလား?လမ်း ပြင်မှာလား? မေးလို့မရပါ Reviewed by သစ်ထူးလွင် on 18:30 Rating: 5

1 comment:

ladyjune33 said...

ရောင်းစရာကုန်သွားလို့ မြေရောင်းစားမလို့နဲ့ တူပါတယ်။

Powered by Blogger.