နိုဘဲလ်ဆု ရမယ်လို့ ကြိုတင် ခန့်မှန်း ခံထားရ ပြီးနောက်၊ အခဲကြီး ခဲထားပြီး အလွဲကြီး လွဲကြရသူတွေ ထဲမှာ မြန်မာ သမ္မတ ဦးသိန်းစိန်လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ နိုဘဲလ် ငြိမ်းချမ်းရေး ဆုနဲ့ ပတ်သက်ပြီး ခန့်မှန်းရာမှာ တော်တော်နီး စပ်အောင် ခန့်မှန်းနိုင် တတ်သူလို့ အသိအမှတ်ပြုခြင်း ခံရတဲ့---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲက နှစ်ဦး အနက် သမ္မတ တဦး ကိုပဲ နိုဘဲလ်ဆု ပေးဖို့ ဆိုတာ အခက်အခဲ ဖြစ်နိုင် |
ဂျင်းရှပ်ရဲ့ သီအိုရီဟာ မြန်မာ့ နိုင်ငံရေး လှုပ်ရှား သူတွေ အကြားမှာ အတော် သြဇာ ရှိခဲ့ ဖူးပါတယ် |
သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးနဲ့ လူထွက်သွားတဲ့ အသျှင် ဂမ္ဘီရလည်း တစ်ပေးခံရတဲ့ အထဲမှာ ပါပါတယ် |
နိုဘဲလ်ဆုနဲ့ မြန်မာ လွဲချက်နာ
Reviewed by သစ်ထူးလွင်
on
08:35
Rating:
17 comments:
နာတယ်ကွာ
ဒို့မြန်မာနိုင်ငံကရမှာ
ခုတော့ကွာ
နိုဘယ်ငြီမ်းချမ်းရေးဆုကော်မတီကပညာရှိတွေပါဒါဟာထိတ်ပြောင်နဲ့မထိုက်တန်ဘူးဆိုတာစောင့်ကြည့်စရာမှမလိုတာ။
လွဲသင့်ပါတယ်..မထိုက်တန်သေးပါဘူး...စစ်အာဏာရှင်ထဲကလူပါဘဲ...ဘောင်းဘီချွတ်..ပုဆိုးပြောင်းဝတ်တဲ့အဖွဲ့ ကမို့  ယုံကြည်မှုမရှိသေးပါ....ခံလာရတာတသက်
မို့ ....
သမတကြီးက နိုလ်ဘယ်ဆုနဲ့ မထိုက်တန်သေးလို့ မရတာပါဗျာ- ဘာမှ မနာပါနဲ့ - တိုင်းပြည်အတွင်း အဖိနှိပ်ခံ နင်းပြားတွေဘ၀- အဖိနှိပ်ခံနေရဆဲပါ။ ပြည်တွင်းစစ်မီး တောက်လောင်နေဆဲပါ။ အဖိနှိပ်ခံ နင်းပြားတွေ အဖိနှိပ်ခံဘ၀မှ လွတ်မြောက်မယ်ဆိုရင် -တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးတောက်တွေငြိမ်း
သွားမယ်ဆိုရင် ငြိမ်းချမ်းရေးနိုလ်ဘယ်ဆု နဲ့ သမတကြီး တယောက် တကယ်ထိုက်တန်တဲ့ ရလာဘ်လို့ ဆိုရမှာပါ- အခုချိန်အထိတော့ သမတ လုပ်ရပ်က နိုလ်ဘယ်ဆု နဲ့  မထိုက်တန်သေးဘူးလို့ ယူဆပါတယ်။
E.U က နိုင်ငံ အချို့ဟာ ကဒါဖီကို စစ်ရေး အရေးယူမှု လုပ်ခဲ့ပါတယ် ဒါဟာ ငြိမ်းချမ်းရေးပါလား နားလည်သူများ ရှင်းပြပေးကြပါ
ပြည်သူတွေရဲ့ အားကိုးယုံကြည်မှူဟာနိုဘယ်ဆုထက် ပိုပြီးအင်အားကိုဖြစ်စေပါတယ်။
နိုဘယ်ဆု ဆိုတာ သရေစည်သူ၊၀ဏကျော်ထင်ဘွဲ့ လိုပေးချင်တိုင်းပေးလိုရတာမဟုတ်ဘူး၊အတိတ်ကလဲ မကောင်းခဲ့၊လက်ရှိကျလည်း လိုက်လိုက်လျှောလျှောလုပ်တယ်ဆို စီးပွါးရေးပိတ်ဆို့တာတွေ ဖွင့်ပေးအောင်ဟန်ပြသတ်သတ်ပါ။ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ပြောင်မြောက်အောင် ဘာလုပ်ပေးနိုင်ခဲ့လိုလဲ။သမ္မတရဲ့ အကြံပေးအဖွဲ့၊ကြံဖွတ်ပါတီ၊နဲ့ သူတို့ရဲ့လက်ကိုင်မီဒီယာတွေ လွှမ်းမိုးမှိုင်းတိုက်ဝါဒဖြန့်တာ တွေကပြည်တွင်းမှာဘဲရမယ်။In't အဆင့်မှာ child play အဆင့်ဘဲရှိတယ်။၂နှစ်ရှိပြီ သမ္မတအဆင့်အတန်းနဲ့အညီ နိုင်ငံကိုLeading လုပ်နိုင်တာဘာရှိလဲ။
မြန်မာပြည်သူပြည်သားများ အမှန်တကယ် ငြိမ်းအေးချမ်းသာမှု ရဘို့ကိုသာ အာရုံပြုပါ သမတကြီးခင်ဗျား။ အဲဒီကုသိုလ်က နိုဘယ်ငြိမ်းချမ်းရေးဆုထက် အဆမတန် မြင့်မြတ်ပါသည်။ အားလုံးက ဒီအခြေအနေကို မျော်လင့်စောင့်စားနေကြပါသည်။
မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံရဲ့သမ္မတ နိုဘယ်ဆုနဲ့လွဲချော်မှုကို ကျေနပ်နေကြတာတော့ ဘယ်လိုမှမဖြစ်သင့်ဘူးလို့ထင်ပါတယ်။
နိုဘယ်ငြိမ်းချမ်းရေးဆုဟာ သမ္မတကြီးအနေနဲ့ လွတ်လပ်စွာနိုင်ငံကိုဦးဆောင်နိုင်ဖို့ခက်လိမ့်မယ်လို့ထင်ပါတယ် ယ္ခုလက်ရှိ
မြန်မာနိုင်ငံလူမျိုးရေပဋိပက္ခများကိုခေါင်းဆောင်ဖြေရှင်းရာတွင်လည်း
အမျိုးသားရေးနဲ့လူ့အခွင့်ရေးဆိုတဲ့အကြောင်းတရား ၂ခုကြားမှာဆောင်ရွက်ရမှာပါ နိုဘယ်ငြိမ်းချမ်းရေးဆုရြ့ပီး ဆိုဗီယက်ပြည်ထောင်စု
ကြီးကို ပြိုကွဲသွားစေတဲ့သမ္မတ ဂိုဘာချော့ထက်အမျိုးသားရေးနိုင်ငံတော်
အဘက်ဘက်မှတိုးတက်ရေးကိုပြည်တွင်းပြည်ပမည်သည့်ပုဂ္ဂိုလ်ရေးအင်
အားမှမပါဘဲ စိတ်ရင်းမှန်ဖြင့်ဦးဆောင်ကြိုးပမ်းနေသော နိုင်ငံတော်သမ္မတကြီး၏လုပ်ရပ်များကိုပြည်သူတရပ်လုံးကနိုဘယ်ဆုထက်ပိုမိုလေးနက်သောစိတ်ဓါတ်
ဖြင့်ချီးကျူးဂုဏ်ပြုလျက်ရှိပါတယ်။
အခုရေးနေကြတဲ့သူတွေကရော တိုင်းပြည်အတွက်မပြောပါနဲ့ ကိုယ့်ပတ်ဝန်း ကျင်အတွက်တောင် ဘယ်လောက်အကျိုးပြုဘူးလဲ ဆန်းစစ်ကြည့်ပါအုန်း...သူများဝေဖန်ဖို့...ကိုယ့်အဆင့်ကဘယ်နေရာမှာလဲ....
ဟုတ်ပါ့...
မနေ့တနေ့ကမှပြည်သူအတွက်စတင်လုပ်ဆောင်နေတာမို့
အနှစ်၂၀ကျော်ပေးဆပ်အနစ်နာခံခဲ့တဲ့သူတွေအတွက်သာ
နိုဘယ်ကထိုက်တန်ပါတယ်..
သမ္မတကြီးရဲ့လုပ်ဆောင်ချက်ကခုမှမူကြိုအဆင့်တဆင့်ပါ။
အမှန်ပြောမိလို့ဝန်တာမိပါ။
အော်လူတွေလူတွေ ကိုယ်ကျဘာမှမလုပ်နိုင်သေးပဲနဲ့ နိုင်ငံ့ခေါင်းဆောင်ကို ဝေဖန်နေကြတာ..မရတာကတစ်ပိုင်းပါ.. ရွေးဖို့ပါနေတာကိုက ထိုက်တန်တဲ့အဖြေပါ...ဝေဖန်တဲ့သူတွေ မင်းတို့ရော ဘာတွေများလုပ်နိုင်နေလို့လဲ.....ကိုယ့်ကိုယ်ကိုမေးကြပါအုံး
သမ္မတကြီးကိုမကောင်းတဲ့အမြင်နဲ့ဝေဖန်နေသူတွေကရောတိုင်းပြည်အတွက် ဘာများကောင်းကျိုးပြုဘူးသလဲ။ပုဂ္ဂိုလ်ရေးမဆန်ဘဲဓမ္မဓိဌန်ကျကျမြင်ပေးကြ ပါလား။ကောင်းတာတွေမြင်လာပါလိမ့်မယ်။
spectrum ကဘာကိုပြောချင်တာလဲမသိအခုရေးနေသူတွေကသမ္မတလည်းမဟုတ်အမတ်လည်းမဟုတ်နိုဗယ်ဆုရာထားခံရသူတွေလည်းမဟုတ်ပါဘူး
မြန်မာတွေစိတ်ဓါတ်တွေပြင်သင့်ပြီ မြန်မာဖြစ်တိုင်းပြိုင်ပွဲတိုင်းနိုင်အောင်မဲတွေ
ပေးနေကြတယ်ဖြစ်သင့်တာကိုပဲစဉ်းစားရမှာဒို့နိုင်ငံကလူတွေသာရွေးချယ်ရေးအဖွဲ့ကဆိုရင်တကယ်မလွယ်ဘူး ဒီလိုစိတ်မျိုးနဲ့လဲ တသက်ဖြစ်မှာမဟုတ်ဘူး
မြန်မာဆိုတိုင်း မနိုင်သင့်တာနိုင်စရာမလိုဘူး။
သမ္မတကြီး အလုပ်လုပ်နေတာဟာ အဲ့ဒီ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရဖို့အတွက်မဟုတ်ပါဘူး။ သမိုင်းကပေးအပ်လာတဲ့ ၊သူ့ပုခုံးပေါ်ရောက်လာတဲ့တာဝန်ကို သူထမ်းရွက်နေတာပါ။ သူ့အတွက် အဲ့ဒီဆုဟာ အရေးမပါပါဘူး။ ထိုနည်းတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက်သူ့ဘ၀အချိန်တွေကို စတေးခဲ့တာမဟုတ်ပါဘူး။ လူမျိုးနဲ့နိုင်ငံအတွက်ပါ။ ဒါကြောင့် ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူ့အလုပ်ကိုသူဆက်လုပ်နေမှာပါပဲ။
အရှင်ဂမ္ဘီရ ရော တစ်ပေးခံရတယ်ဆိုတာကတော့ ခန့်မှန်းတဲ့သူကိုသာ ထူးဆန်းပါပေ့ ဆရာတွတ်ရယ်လို့ တစ်နေကုန်ထိုင် တစ်စိမ့်စိမ့်ကြည့်ပြီးပြောနေလိုက်ချင်တော့တယ်....
Post a Comment