ကန်လ/ထ နိုင်ငံခြားရေးဝန်ကြီး မြန်မာအစိုးရနဲ့ဒေါ်စုကို တွေ့

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်လ် ပေါ်စနာ (Michael Postner) နဲ့ အဖွဲ့ ဟာ ဗုဒ္ဓဟူးနေ့က နေပြည်တော် ဆီသွားပြီး အစိုးရအဖွဲ့ အဆင့်မြင့် တာဝန်ရှိ သူတွေနဲ့ရော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့တယ် ဆိုတာကို သူ့ရဲ့ လွှတ်တော်ရေးရာ ကိုယ်စားလှယ်ဖြစ် သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

ဒါပေမဲ့လည်း တွေ့ဆုံ ဆွေးနွေးတဲ့ အသေးစိတ်တွေ ကိုတော့ မသိရသေးပါဘူး။

အာရှငါးနိုင်ငံ ခရီးထွက်နေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ် ဘန်းန်စ် (William Burns) ကတော့ ဒီကနေ့ညဘက်မှာ မြန်မာနိုင်ငံဆီ ရောက်လာဖို့ရှိပြီး နှစ်ရက်ကြာခရီးစဉ်အတွင်း မနက်ဖြန်မှာ နေပြည်တော် သွားမယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ဗွီအိုအေကို ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ကန်လ/ထ နိုင်ငံခြားရေးဝန်ကြီး မြန်မာအစိုးရနဲ့ဒေါ်စုကို တွေ့ ကန်လ/ထ နိုင်ငံခြားရေးဝန်ကြီး မြန်မာအစိုးရနဲ့ဒေါ်စုကို တွေ့ Reviewed by သစ်ထူးလွင် on 22:06 Rating: 5

No comments:

Powered by Blogger.