မိုးပြားဂိုဏ်း ဒုတိယ ခေါင်းဆောင် ထောင်ဒဏ် ၂ နှစ်ချ မှတ်မှု ဥပဒေနှင့် မညီညွတ်ကြောင်း အကျိုးတော်ဆောင် ရှေ့နေ ပြောကြား
မိုးပြားဂိုဏ်း ဒုတိယ ခေါင်းဆောင်အဖြစ် လူတစ်စု၏ စွတ်စွဲမှုခံရပြီး၊ ယင်းလူတစ်စု၏ ဖိအားပေးမှုကြောင့် ရဟန်းအဖြစ်မှ လူဝတ်လဲခြင်းခံရကာ သာသနာတော် အကြည်အညို ပျက်စေမှု ပုဒ်မှ ၂၉၅(က)ဖြင့် ကလောမြို့နယ် တရားရုံးမှ တရားစွဲဆို ပြစ်ဒဏ် ချမှတ်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ အမှုဖြစ်စဉ် အပေါ် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓါတ်ပုံ - Popular Myanmar News Journal |
မိုးပြားဂိုဏ်း ဒုတိယ ခေါင်းဆောင် ထောင်ဒဏ် ၂ နှစ်ချ မှတ်မှု ဥပဒေနှင့် မညီညွတ်ကြောင်း အကျိုးတော်ဆောင် ရှေ့နေ ပြောကြား
Reviewed by သစ်ထူးလွင်
on
17:42
Rating:
11 comments:
ဦးဥတ္တမကို မိုးပြာဂိုဏ်း ဒုတိယ ခေါင်းဆောင်လို့ သုံးနှုန်းထားတာကိုက လွဲမှားနေတာပါ....
၂ နှစ်နည်းတယ် သာသနာတော်ကိုဖျက်ဆီး တာ ငါတို့ လည်း မခံနိုင် ဘူး မင်းဖာ သာ မိုး ပဲ ပြာ ပြာ မဲ မဲ ငါ တို့ နဲ့ မ ဆိုင်ဘူး
လွတ်လပ်စွာလည်း ကိုးကွယ်ခွင့်ရှိတယ် ဥပဒေ ကလည်း ပြဌာန်းထားတယ်
ဒါပေမဲ့ထေရဗုဒ္ဓဘာသာကျမ်းတွေကိုကိုးကားတာ
အပြစ်ပြောတာဘာသဘောလဲ
အခြားသူများကိုးကွယ်ယုံကြည်မှုကို စော်ကား တာ
မင်းတို့ဖါသာကျမ်းသစ်တွေတည်ထောင်ပြီး
အခြားဘာသာတွေလိုထူထောင်ရင် ငါတို့နဲ့အနေ သာကြီး
အခုဟာကသင်္ကန်းကြီးဝတ်ပြီးစော်ကားတာတော့ ၂ နှစ်
တောင်နည်းသေးတယ် တရားသူကြီးများခင်ဗျား
အယူခံမှာထပ်ပြီးနှစ်တိုးပေးလိုက်ပါ
မိုးပြာဂိုဏ်းဝင်မဟုတ်ရင် ဦးဥာဏတည်းခိုလေ့ရှိတဲ့ မိုးပြာဂိုဏ်းဝင်ဒေါ်နွဲ့နွဲ့ဌေးအိမ်ကိုဘာသွားလုပ်တာလဲ။တကယ်မဟုတ်ရင် တရားဥပဒေဘောင်အတွင်းကနေ အယူခံဝင် ဖြေရှင်းလို့ရပါလျှက်နဲ့ တရားရုံးဆုံးဖြတ်ချက်မှားယွင်းတယ်လို့ ပြင်ပမှာ ဂျာနယ်တွေကိုသတင်းစာရှင်းလင်းပွဲလုပ်တာ ဥပဒေ ကိုလေးစားတာလား။ဥပဒေနဲညီသလား။တကယ်တစ်ဘက်သတ်စီရင်ခံရတယ်ဆိုရင်အခုအချိန်မှာ သမတရုံးဝက်ဆိုဒ်ကလည်း တိုင်စာပေး တိုင် လို ရပါတယ်။ဒီလိုအမှုလမ်းကြောင်းမဆုံးသေးပဲ သတင်းစာရှင်းလင်းပွဲလုပ်တာဟာ တရားရုံးကိုအသရေဖျက်သလိုဖြစ်မနေဘူးလား။
အောင်ပန်းမှ မိုးပြာဒုခေါင်း ဟုစွပ်စွဲမှု မရှိလို့  စုံစမ်းသိရှိရပါသည် ။ ဦးဥတ္တမ က တကယ်ပဲ မိုးပြာဒုခေါင်းဆောင်လား သံသယပွားဖွယ်ဖြစ်ပါသည် ။
သူ့ဟာသူ ဘာပဲကိုးကွယ်ကိုးကွယ် ထေရဝါဒသာသနာကို ညှိုးနွမ်းအောင်လုပ်ရင် အရေးယူရမှာဘဲ
လိုက်ပါဆောင်ရွက်တဲ့ သံဃာများ ဘယ်လိုအာပတ်သင့်မယ်
ဆိုတာ သိမယ်လို့ထင်ပါတယ်
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာအပြင် အခြားသော ဗုဒ္ဓဘာသာဂိုဏ်းခွဲများ နောင်တစ်ချိန်တွင် တစ်မျိုးမဟုတ် တစ်မျိုးပေါ်ပေါက်လာနိုင်ပါသည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ်ကောင်းစွာရောက်ရှိပြီဆိုလျှင် လွတ်လပ်စွာကိုးကွယ်ခွင့် ဟောပြောခွင့် ပြန့်ပွားအောင်ပြုလုပ်ခွင့် စသည်တို့ကို တရားဥပဒေဘောင်အတွင်းမှ တင်ပြတောင်းဆိုလာလျှင် အခြေခံဥပဒေက ခွင့်ပြုရမည်လော။ ရှေးယခင် ဘယ်တုံးကမှ ခွင့်မပြုခဲ့သော ပွင့်လင်းစွာတရားဟောခွင့် ရေးသားထုတ်ဝေခွင့် မပြုခဲ့သော မဟာယာနဗုဒ္ဓဘာသာက မြန်မာနိုင်ငံတွင်းခြေဆန့် ဝင်ရောက်ရန် ကြိုးပမ်းမှုများ ရှိကောင်းရှိပေလိမ့်မည်။ တရားဝင်ခွင့်မပြုသည်လည်းတစ်ကြောင်း၊ ဗုဒ္ဓဘာသာအများစုက လက်မခံတာလည်းတစ်ကြောင်း စသည်တို့ကြောင့် ထေရဝါဒကို အများရှေ့မှာ လူလက်ခံအောင် ဟောပြောကျင့်ကြံပြပြီး ကွယ်ရာတွင်မူ သားမယားများနှင့် သောက်ကာစားကာ စီးပွားရှာနေကြသော ဘုန်းကြီးများ တစ်နေ့တစ်ခြား ပေါများ လာနေပါသည်။ ထိုအခြေအနေမျိုးကိုရော လက်ခံကြပါမည်လော။ ထေရဝါဒမဟုတ်ပါဟု ပေါ်တင်ပြောသော ဂိုဏ်းနှင့် ထေရဝါဒအမည်ခံ ကြောင်သူတော်ကြက်သူခိုးဂိုဏ်း နှစ်ဂိုဏ်းယှဉ်လာလျှင် ဘယ်ဂိုဏ်းကိုများ တော်သေးတယ်ဟု ယူဆရပါမည်နည်း။ ထေရဝါဒကို တကယ်မြတ်နိုးရင် ဒီပုံစံအတိုင်းသွားနေ၍ မဖြစ်နိုင်တော့။ သာသနာဖျက်ဆိုရာမှာ ယခုကြားသိနေရသော အကြမ်းဖက်နည်းနှင့်ဖျက်တာလည်းရှိသည်။ အယူဝါဒအသစ်တွေရောနှောပြီး ဖျက်တာလည်းရှိသည်။ အတွင်းဝင်ရောက်ပြီး ခြစားသလို တအိအိ ဖျက်မှန်းမသိအောင် ဖျက်နေကြတာလည်းရှိသည်။ ပေါ်တင်ဖျက်ရင် ဖျက်မှန်းသိ၍ တားဆီးကာကွယ်ကောင်းကာကွယ်နိုင်သည်။ ခြဖျက်သလို ဖျက်တာက ပြိုလဲပြီဆိုမှ သိရသည်။ ဘယ်လိုဖျက်တာကြောက်စရာကောင်းသနည်း။ တကယ်အတွင်းကျကျ ထဲထဲဝင်ဝင်သာသနာရေးလောကထဲဝင်ကြည့်လျှင် ခြဖျက်သလို ဖျက်နေကြသော ထေရဝါဒများ အများအပြားရှိနေကြသည်ကိုလည်း သိစေလိုပါသည်။ သိအောင်မြင်အောင် ကြည့်ကြပါ။ အပေါ်ယံအဟောအပြော အနေအထိုင်ကိုကြည့်ပြီး ထေရဝါဒလို့ဆုံးဖြတ်နိုင်ပါမည်လော။ သင်္ကန်းမချွတ်သော ပါရာဇိကဘုန်းကြီးများကို ဘယ်ဂိုဏ်းထဲထဲ့မည်နည်း။ ဒီမိုကရေစီကို မလိုလားသောသူများ၏ အကြောင်းပြချက်တစ်ခုက ထေရဝါဒသာသနာပျက်ပြားနိုင်သည် ဟု ဆိုကြသည်။ `ဒီမိုကရေစီနိုင်ငံနှင့် ထေရဝါဒသာသနာ ရှေ့အလားအလာ` ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများပြုလုပ်သင့်သည်။ ကိုယ်ကောင်းခေါင်းဘယ်မရွေ့၊ ဘုန်းကြီးတွေမကောင်းတာ သူတို့အပြစ်သူတို့ခံလိမ့်မယ် ဟု တစ်ချို့ ဗုဒ္ဓဘာသာ မြန်မာတွေက ပြောတတ်ကြသည်။ ဤအပြောက ထေရဝါဒအမည်ခံ၍ ကြိုက်သလိုသာနေကြ၊ ဟောတာပြောတာတော့ ပိဋကတ်နဲ့ညီပလေ့စေ၊၊ ကျင့်တာကြံတာတော့ ကိုယ်တော်တို့သဘော၊ တို့ကလက်ခံနိုင်တယ်။ ဟုအဓိပ္ပါယ်ရောက်နေသည်။ မြန်မာနိုင်ငံသာသနာ၏ အနာဂတ်ကို မျှော်တွေး၍ စစ်မှန်သောဘုရားသာသနာ အရှည်တည်တံ့ဘို့အရေး အဖြေကောင်းအဖြေမှန်က ဘာများဖြစ်နိုင်ပါသနည်း ဟု။
ဒါက အောင်ပန်းမှာဖြစ်ခဲ့တာပါ ကျနော်ကလည်း အောင်ပန်ူသားပါ သတင်းစာရှင်းလင်းပွဲကို အောင်ပန်းမှာလာလုပ်သင့်တယ်
ဒီမိုကရေစီကြောင့် ထေရ်ဝါဒပျက်ပြားနိုင်သည်ဆိုပါလား...ဒီမိုကရေစီအကြောင်းလည်း နည်းနည်းမှနားမလည်၊ ထေရ်ဝါဒသာသနာအကြောင်းလည်း ခရေစေ့တွင်းကျ မသိဘူးဆိုတာ တော်တော်ကြီးကိုထင်ရှားတယ်ဗျာ။
ထေ၇၀ါဒ ကိုးကွယ်သူတွေက စည်း၇ုံးလို့  ၇လောက်အောင် လွယ်နေကြသလား..လွယ်နေတယ်ထင်၇င် ထေ၇၀ါဒ ကိုးကွယ်သူတွေကိုယ်တိုင်က တ၇ားမ၇ှိလို့ပါ ..တကယ်တမ်း တ၇ား၇ှိ၇င် ခံယူချက်၇ှိနေ၇င် ဘယ်သူမှ ကိုယ့်ခံယူချက်ကို လာပြီး ပြောင်းလို့ ၇မှာ မဟုတ်ပါဘူး ကျွန်တော်လည်း ထေ၇၀ါဒ ကိုးကွယ်သူ တစ်ဦးပါ..ကျွန်တော်
ကိုလာပြီး မိုးပြာဂိုဏ်းက စည်း၇ုံး လို့ မ၇ပါဘူး..မိုးပြာပဲ ဖြစ်ဖြစ် မိုးမဲ ပဲ
ဖြစ်ဖြစ် မကြောက်ပါဘူး တ၇ားလည်းစွဲမနေပါဘူး ဗုဒဘာသာကနေ
တခြားဘာသာ ပြောင်းသွားတဲ့  လူတွေ အများကြီးပါ.. ထေ၇၀ါဒကနေ မဟာယာန ပြောင်းပြောင်း ..မိုးပြာကို ပြောင်းပြောင်း ဗုဒလမ်စဉ်ခြေခံတဲ့  ဂိုဏ်းကို ပြောင်းသွားတာ တခြားဘာသာကူးပြောင်းသွားကြတဲ့  လူတွေ ထက်တော့  ပိုကောင်းပါတယ်..စနစ်က လူကိုယ်ထိန်းမှာလား.. လူတွေက စနစ် ကို
ထိန်းမှာလား..အင်ဒိုနီးရှားက တစ်ချိန်က ဗုဒဘာသာ ပါ အခု အဲဒီမှာ ပုဂံလို ဘု၇ားတွေ အများကြီး ..မူပဲ ၇ှိတော့ တယ် လူတွေ မ၇ှိတော့ ဘူး..မူက အေ၇းကြီး သလား လူ က အေ၇းကြီးသလား စဉ်းစားဖို့ ပဲ လိုပါတယ် ..
အဖြစ်မှန် အခြေအနေမှန် ကို သတင်းဂျာနယ်သမားတွေ သိချင်ရင် အခင်းဖြစ်ပွားခဲ့တဲ့ နေရာကို သွားလာပြီးစုံစမ်း သင့်တယ်။ဖြစ်ပွားတဲ့ နေရာကို မရောက်ဘဲ ဖုန်းဆက်မေးမြန်းရုံနဲ့ သတင်းမှန် မရနိုင်ဘူး။ရန်ကုန်မှာ သတင်းစာရှင်းပွဲမှာ တွေ့ရကြားရတာတွေ အမှန်လို့ ယူဆပြီးသတင်းရေးရုံဘဲ ဆိုရင် အဲဒီ သတင်းဂျာနယ်သမား ဟာ ရေသာခိုအချောင်လိုက်သူ အဂတိလိုက်စားသူဘဲ။သတင်းဂျာနယ်သမား ဆိုတာသတင်းရှိရာမဖြစ်မနေ တတ်နိုင်ရင်သွားသင့်တယ်။တိုက်ထဲက အပြင်မထွက်ဘဲ သတင်းရေးတဲ့ သတင်းစာသမားတွေဆိုတာ အာဏာရှင်ခောတ်က ဖော်လံဖားတွေလက်ကိုင်တုတ်တွေရဲ့အမူအကျင့်ဆိုးတွေ ဆိုတာ သတိပံ့လိုက်ပါတယ်။ဒီကိစ္စမှာ အမှန်တရားကိုသိချင်တယ် ဆိုရင်ဖြင့် ဂျာနယ်သမားတို့ရေ အောင်ပန်းမြို့ကို ကြွခဲ့ကြ။
ဟုတ်မဟုတ်တော့မသိဘူး...တော်တော်ကိုပွဲဆူစေတဲ့ဆုံးဖြတ်ချက်များဘဲ
လူအများ၏အကြိုက်တွေနဲ့ဆုံးဖြတ်ချက်မျိုး နေရာတကာမှာရှိနေတယ်
လူသားအားလုံးလွတ်လပ်စွာကိုးကွယ်ခွင့်ရှိပါသည်ဆိုပဲ
Post a Comment