အောင်ပန်းမြို့ မှာ မိုးပြာဂိုဏ်း ခေါင်းဆောင် တဦးကို ထောင်ဒဏ် (၂) နှစ်ချမှတ်

ရှမ်းပြည်နယ် အောင်ပန်းမြို့ ဒေါ်နွဲ့နွဲဌေး အိမ်တွင် တည်းခို၍ အဓမ္မ၀ါဒ ဟောပြော ပို့ချ ရေးသားသူ မိုးပြာဂိုဏ်းမှ ဦးဥတ္တမ(ခေါ်)လှမြင့် (ခေါ်) နာမည် အမျိုးမျိုး ပြောင်းလွဲသူအား ထောင်ဒဏ်(၂) နှစ် ချမှတ် ကြောင်းသိရသည်။  အောင်ပန်းမြို့ မှ ဒေါက်တာထွန်းမြင့် ဦးဆောင်သော ဓမ္မကို ချစ်ခင်သော အဓမ္မ၀ါဒကို အလိုမရှိသောသူများမှ သာသနာတော်ကို စော်ကားသူ ဦးဥတ္တမ အား ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အောင်ပန်းမြို့ မှာ မိုးပြာဂိုဏ်း ခေါင်းဆောင် တဦးကို ထောင်ဒဏ် (၂) နှစ်ချမှတ် အောင်ပန်းမြို့ မှာ မိုးပြာဂိုဏ်း ခေါင်းဆောင် တဦးကို ထောင်ဒဏ် (၂) နှစ်ချမှတ် Reviewed by သစ်ထူးလွင် on 13:59 Rating: 5

13 comments:

Unknown said...

ဒါဟာ တကယ်တော့ မတရားမှုပါပဲ။ ဓမ္မအရေးထက် ပုဂ္ဂိုလ်ရေးဆန်စွာတိုက်ခိုက်ကြတယ်ဆိုတာ အောင်ပန်းမြို့မှ တရားစွဲသူပုရဂ္ဂိုလ်များအသိဆုံးဖြစ်မှာပါ။ ဦးဥတ္တမဆိုတဲ့သူက သူကိုယ်တိုင် မိုးပြာဝါဒဂိုဏ်းဝင်တစ်ဦး မဟုတ်ပါကြောင်း မိုးပြာဝါဒဂိုဏ်းနဲ့ မပတ်သက်ပါကြောင်းကို အခါခါပြောဆိုခဲ့တာလည်း စွဲချက်တင်မည့်သူများ အသိဖြစ်မှာပါ။ အဲဒီလိုဖြစ်ပါလျက် အတင်းအဓမ္မ လက်မှတ်တွေထိုးခိုင်း၊ ပြီးတော့ အမှုတွေမဖြစ်၊ ဖြစ်အောင်လုပ် တရားသူကြီးက စွဲဆိုတဲ့ ပုဒ်မနဲ့မညီဘူး၊ အရေးယူလို့မရဘူးဆိုတော့ ထောက်မကျရင်၊ တစ်မြို့လုံးဆန္ဒပြမယ်ဆိုပြီး ခြိမ်းခြောက်တာတွေဟာ....တကယ်ဖြစ်သင့်တဲ့လုပ်ရပ်တွေလား။ မသိတဲ့လူတွေကတော့ သာဓုခေါ်ဝမ်းမြောက်ကြမှာဖြစ်ပေမဲ့ သိနားလည်တဲ့ သူတွေကတော့ ဥပဒေအပြင်ဘက်ကထက် မကတဲ့..ဥပဒေအထက်တက်ပြီး အာဏာရှင်ဆန်တဲ့လုပ်ရပ်ကတော့ဖြင့် ကိုယ်တိုင်အဓမ္မပြုသူများ..ကိုယ့်ကိုယ်ကိုတော့ ရှက်သင့်ပြီဖြစ်ပါတယ်။

Anonymous said...

ဦးဥုတ္တမဟာ မိုးပြာဂိုဏ်းဝင် လုံးဝ မဟုတ်ပါဘူး။ ဒါကို မိုးပြာဂိုဏ်းသားတွေ အသိဆုံး ဖြစ်ပါတယ်။ ယခုလို ထောင်ကျတဲ့ ကိစ္စမှာ တရားရုံးရဲ့ ချမှတ်စီရင်ချက်ထက် ပုဂ္ဂလိက ဖိအားတွေ အများကြီးပါနေတာကို အထက်ပါ ဆောင်းပါးကို ဖတ်ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ (( တရားစွဲဆိုရာ တွင် မမှန်မကန် ဆုံးဖြတ်မည် စိုး၍..... )) လို့သာ စကားခံထားတာပါ တကယ်ဆို ရေးသင့်တာက (( ကျွန်ုပ်တို့ အလိုရှိသလို စီရင်ချက်မျိုး မဖြစ်မှာ စိုး၍ .....)) လို့သာ သုံးနှုန်းသင့်ပါတယ်။ မိုးပြာတွေက နဂိုတည်းက ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ အာဏာအားကိုးနဲ့ အမြဲလိုလို အနိုင်ကျင့် ခံနေရတာပါ... မိုးပြာနဲ့ ပတ်သက်ရင် ဘာမှ မမှန်မကန် ဆုံးဖြတ်ဖို့ဆိုတာ တွေးနေစရာတောင် မလိုပါဘူး။ အဲ့ဒါကြောင့် စီရင်ချက်ကို မမှန်မကန် ဖြစ်မှာ စိုးလို့လို ဆိုတာထက် ၄င်းတို့ လိုချင်သလို မဖြစ်မှာ ကြောက်လို့ဆိုတာ အသိသာကြီးဖြစ်ပါတယ်။ ပြီးတော့ ဦးဥုတ္တမ က မိုးပြာလို့ဆိုရင် ဦးဥုတ္တမ ဟောထားတာနဲ့ မိုးပြာဟောထားတာတွေ တိုက်ကြည့်လို့ရနေတာပဲ www.ariyathitsa.org မှာ မိုးပြာတရားတွေ တင်ထားတာ တစ်ပုံကြီးပါ။ ဦးဥုတ္တမ မိုးပြာဟုတ်မဟုတ်ဆိုတာ ဟောပြောချက်ခြင်းတိုက်ကြည့်ရုံနဲ့တင် သိမှာပါ။ ပြီးတော့ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိပါဘူး။ အခုလို လူစုလူဝေးနဲ့ ဖိအားပေး စီရင်ခိုင်းလို့လဲ မရပါဘူး။ ဒါကို သိသင့်ပါတယ်။ ဒီကိစ္စမှာ မတရားမှုတွေ ပုဂ္ဂလိက မကျေနပ်မှုတွေ၊ ခံစားချက်တွေ၊ စွပ်စွဲချက်တွေ၊ လုပ်ယူချက်တွေ ပါနေတာကို သိစေလိုပါသဖြင့်....ရေးသားလိုက်ရပါကြောင်း.......

Unknown said...

လွတ်လပ်စွာယုံကြည့်ကိုးကွယ်ခွင့်၊လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်တွေမရှိသေးသမျှတော့ ဒီမိုကရေစီနဲ့ ဝေးသတဲ့ဝေးနေဦမှာပဲ။
ဒါဟာ ဦးသိန်းစိန်တို့ ဒေါ်စုတို့ နဲ့ လုံးဝမဆိုင်တဲ့ကိစ္စတွေပါ။

Unknown said...

"မမှန်မကန်ဆုံးဖြတ်မည်စိုး၍............ချီတက်ဆန္ဒထုတ်ဖော်ဖို့ခွင့်ပြုချက်တောင်းထားရာမှာ ခွင့်ပြုချက်ရထားပြီးဖြစ်ပါသည်" တဲ့၊ ဘယ်လိုလုပ်လိုက်လဲမသိဘူး၊ မဆုံးဖြတ်ရသေးတဲ့တရားရုံးတစ်ရုံးရဲ့အမိန့်ကိုမမှန်မကန်ဆုံးဖြတ်မှာစိုးတယ်ဆိုတာ၊ဒါဟာ ဥပဒေအရတော့ ဆန္ဒထုတ်ဖေါ်ခွင့်တောင်းသူရော ခွင့်ပြုသူပါ တရားရုံးကိုမထေမဲ့မြင်ပြုသလိုများဖြစ်မနေဘူးလား။ ဆုံဖြတ်ပြီးမှပဲ မကျေနပ်သူက အပေါ်ရုံးကို အယူခံတို့၊ ပြင်ဆင်တို့တက်ပေါ့၊ အခြားမကျေနပ်တဲ့ပြည်သူကလည်း အဲဒီကျတော့မှ ဆန္ဒထုတ်ဖေါ်ခွင့်တောင်းရမှာပေါ့၊ အခုဟာက ဘယ်လိုကြီးလည်း၊ ဒါဟာလွတ်လပ်စွာတရားစီရင်ရေးမဏ္ဏိုင်ကိုထိပါးစေသလိုများဖြစ်နေမလား။ဘာဖြစ်ဖြစ်ပေါ့ မောင်ဥတ္တမရေ ခင်ဗျားကတော့ ထောင်ထဲနေလိုက်ဦးပေါ့၊ ဟုတ်ဘူးလား။

ဘုလုံး said...

မိုးပြာက ဘာအယူဝါဒလဲ မကြားဘူးဖူး။ ဗိုလ်ပဲလုပ်ချင် ကြတာကိုး။ တပည့်မှ မလုပ်ချင် ကြတာ။ တစင်ထောင်တာ အရေးမကြီးဘူး။ စင်ပြိုပြီး စင်ပိနေကြအုံးမယ်။

zaytishin said...

blackmanism ရေ မဆိုင် ဘူးဆိုရင်ပြောဖို့ မလိုဘူးလေ ဆိုင်ရင် ဆိုင်တယ်ပေါ့ကွာ ရိုးသားဖို့လိုတယ် တွေ့ဆုံပွဲမှာရှုံးထားတဲ့ဝါဒကို လိုက်လေ့လာဖို့ အချိန်မရှိပါ ဝိနိစ္ဆရတွေ လေ့လာပြီး ဝါဒစွဲကို ပယ်သင့်ပါပြီ ဥပဒေက မျှတပါတယ်။

ငြိမ်းချမ်းရေး said...

တရားရုံးကမှ အမိန့်မချရသေးခင် ဦးဥတ္တမအား လွှတ်ပေးပါက ဆူပူဆန္ဒပြကြမည်ဟု ပြင်ဆင်ထားကြခြင်းမှာ သက်ဆိုင်ရာ တရားသူကြီးကို ခြိမ်းခြောက်ဖိအားပေးသလို ဖြစ်နေပါသည်။

အဆိုပါ လုပ်ရပ်ကိုက အဓမ္မပြန်ဖြစ်နေသည်ဟု မြင်ပါသည်။

Unknown said...

ဟ ဟဟ ရယ်လိုက်ရ ဘုရားရဲ့ သာသနာမှီ အသက်မွေးတဲ့သူက ဘုရားကိုစော်ကားတော့လဲ ဆရာတော်အရှင်ဥာဏိဿရစကား ငှားသုံးရရင်
(လူမိုက်တို့၏ သွားရာလမ်း) ပေါ့ကွာ။ဒီကိစ္စကိုဆောင်ရွက်တဲ့သူတွေဟာ
ဘယ်သူကိုမှနစ်နာစေလိုတဲ့စိတ်မရှိဘူး။ဒါပေမယ့် သာသနာစော်ကားတဲကသူတွေကိုတော့ ရင်ဆိုင်ရဲတဲ့သတ္တိအပြည့်ရှိကြတယ်။ဘယ်သူမဆို သာသာနာစော်ကားရင် ဒီလိုဘဲ လုပ်ကြရမှာဘဲ။ဒီကိစ္စကို ကိုင်တွယ်တဲ့ တရားသူကြီးရဲ့သုံးသပ်ချက်နဲ့ဆုံဖြတ်ချက်တို့ကို လေ့လာကြည့်ကြရင် တရားတယ်မတရားဘူးဆိုတာသိမှာပါ။

Unknown said...

အောင်ပန်းမှာ ဆန္ဒပြမှာကြောက်လို့  တရားသူကြီးက ထောင် ၂ နှစ်ချတာ
ဖြစ်နိုင်ပါ့ မလား ။ ဥပဒေမဲ့ ထောင်ချတာ မဖြစ်နိုင်ပါဘူး ။
အပြစ်ရှိလို့ သာ ထောင်ချခံရတာ ဖြစ်နိုင်ပါတယ် ။

Unknown said...

ုးပြာတွေက နဂိုတည်းက ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ အာဏာအားကိုးနဲ့အမြဲလိုလို အနိုင်ကျင့် ခံနေရတာပါ...ဘာစကားကြီးပါလိမ့်၊၊ရေးတဲ့သူကဘာလဲ၊ဘယ်လိုစိတ်ကူးလဲ၊သာသနာပမဲ့စကားတွေလက်လွတ်စပါယ်ပြောလှပါလားကွယ်ရို့၊။။။။။။။။။။

Unknown said...

maungayechan နဲ blackmansim မင်တို.ဘာမှမသိဘဲ လျောက်မပြောနဲ.မိုးပြာဂိုင်းအကြောင်းမင်းတို.သိလား မသိရင် ငါ.ကိုမေးပါ သေသေချာချာ ငါရှင်းပြပါ.မယ်

Kaung said...

သာသနာကို စော်ကားတယ် လို့ထင်ရင် ၄င်းမိုးပြာဂိုဏ်းထက် ဆိုးတဲ့ ရိုပာင်ဂျာတွေ ကိုဘာကြောင့်အရေးမယူတာလဲ။ ကုလားတွေကို ကြောက်လို့လား...?

Min Lu said...

ရိုဟင်ဂျာများ င်္ဘဂါလီများသည် ဘာသာခြားများဖြစ်ကြသည်။မျက်နှာချင်းဆိုင်တိုက်ခိုက်လာသောရန်သူထက်နောက်ကျောဓါးနှင့်ထိုးသောရန်သူကပိုကြောက်ဖို့ကောင်းသည်။ မိုးပြာသည် အသားထဲမှလောက်ထွက်သောရန်သူဖြစ်သည်။ င်္ဘဂါလီကိုမမှု၊ နောက်ကျောဓါးနှင့်ထိုးသူကိုမကြောက်၊ ဘာသာအားကိုးပုဆိန်ရိုး မိုးပြာကို တော့ ရွံသည်။စက်ဆုပ်သည်။

Powered by Blogger.