အခင်းဖြစ်ပွားသည့်ညက ရဲတပ်ဖွဲ့ဝင်များက မိမိတို့လုံခြုံရေးအတွက် ကာကွယ်သည့်အနေဖြင့် လူအုပ်ထဲသို့ ပစ်ခတ်ခဲ့ရသည်ဟု ဆိုသော်လည်း အဓိကရုဏ်းနှိမ်နှင်းသည့်အခါ လုပ်ဆောင်ရမည့် လုပ်နည်းအဆင့်များကို ကျင့်သုံးခြင်းမရှိပဲ လူအုပ်အတွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓါတ်ပုံ -di york (ဟင်္သာတ)
အပြာရောင် တီရှပ်မှာ အင်းလုပ်သားများ အဖွဲ့ရဲ့ ၀တ်စုံဖြစ်ပါတယ်
အင်းလုပ်ငန်းရှင်များ၊ အာဏာပိုင်များနဲ့ အင်းလုပ်သားများ အငြင်းပွားမှုမှာ အသတ်ခံရသူရဲ့ အသုဘမြင်ကွင်းနဲ့ ပစ်ခတ်စဉ်က သုံးတဲ့ ကျည်ဆံခွံတွေ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓါတ်ပုံ -di york (ဟင်္သာတ)
ရှားခဲအင်းမှာ ရဲတပ်ဖွဲ့ ၏ ပစ်ခတ် သတ်ဖြတ်ခံရသူ တဦးအား တွေ့ ရစဉ် |
ဥပဒေနှင်မညီသော ရဲတပ်ဖွဲ့ပစ်ခတ်မှုကို တိုင်းလွှတ်တော် သို့်တိုင်ကြား
Reviewed by သစ်ထူးလွင်
on
15:30
Rating:
9 comments:
ကျည်ဆံ တွေက မပစ်ရသေးသောကျည်ဆံတွေပါလား..။
ကျည်တောင့်(Bullet )တွေမှာ ကျည်ထိပ်ဖူး(projectile)တွေ
တွဲလျှက်ပါပဲ..။မပစ်ရသေးသော ဒီ ကျည်မတွေကို ဘယ်က
ရလို့ ဓါက် ပုံ ရိုက်ပါလိမ့်..။ ကျည်ဖင် ငရဲ မီးခွက် ကိုသေချာ
ကြည့်တော့လည်း...ပေါက်ကွဲစေရန်..ကျည်ရိုက်တံ ရိုက်တဲ့
အရာ မတွေရပါ..။ဒီ ကျည်တွေ အပြင်မှာ အနရာယ် များတယ်။
အပြင်ရောက် သွား တဲ့ အကြောင်း စစ်ဆေးစုံစမ်း သင့်တယ်။
ကြောက်တောင်ကြောက်လာပြီ...အပြင်တောင်သိပ်မထွက်ရဲ
တော့ဘူး..။
မှန်တယ် ကျည်ခွံတွေမဟုတ်ဘူး ကျည်အစစ်တွေ
ဥပဒေနားမလည်သော
အာဏာကိုဥပဒေအပြင်ဘက်ကလုပ်တတ်သော
ငွေကိုသာကြည့်တတ်သော
ပြည်သူနှင့်တသားတည်းမရှိသော
ပြည်သူကိုညှင်းပန်းနှိပ်စက်သော
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုဥပဒေအရစုံစမ်းဖော် ထုတ်ပြီး
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်မှ
ပြည်သူကိုယ်စားဆောင်ရွက်ပေးပါရန် မေတ္တာ ရပ်ခံပါသည်
ဤကိစ္စသည်ဓါးခုတ်မှုသေနတ်ပြစ်မှုလူသတ်မှုတို့
ပါဝင်နေသော်လည်းယနေ့အချိန်ထိ
ဖမ်းဆီးမှုအရေးယူမှုမရှိခြင်းသည်အဘယ်ကြောင့်နည်း
ပြည်သူကိုပြည်သူဟုမြင်တတ်သောအစိုးရ အဖွဲ့ပေါ် ထွန်း ပါစေ။
ဟုတ်တယ်
သစ်ထူးလွင်အနေနဲ့ ကျည်ဆံတွေဘယ်ကရလဲဆိုတာ
အရင်စုံစမ်းသင့်တယ်
မှန်ပါတယ်၊ဓါတ်ပုံရိုက်ပြထားတဲ့ ကျည်ဆံတွေက မပြစ်ရသေးတဲ့ ကျည်တွေဆိုတာ ၊ ဓါတ်ပုံကို ဘယ်သူရိုက်သလဲ ၊ သတင်းထောက်လား၊သာမန်အရပ်သားလား၊ သေချာစုံစမ်း ဖော်ထုတ်သင့်ပါတယ် ၊ ပြဿနာ ပိုကြီးအောင် မီးလောင်ရာ လေပင့် မလုပ်သင့်ပါ ၊
လူအုပ်နဲ့ ၀ိုင်းထားခံရတဲ့အချိန်၊ အဲဒီလူအုပ်က ဒုတ်တွေ၊ ဓါးတွေ၊ ခဲတွေနဲ့ ပစ်ခတ်ရန်ပြုနေချိန်၊ လူတစ်ယောက်လည်း ရက်ရက်စက်စက်အရှင်လတ်လတ် အသတ်ခံထားရချိန်မှာ ဘယ်က သံဆူးကြိုးကို သွားယူရမှာလည်း၊ စည်းသုံးစည်းကို ဘယ်လိုတားရမှာလည်း ဘယ်ကရတဲ့ အသံချဲ့ စက်နဲ့ အော်ရမှာလည်း၊ သေနတ်မိုးပေါ်ထောင်ပစ်တာတောင်လူစုမခွဲဘဲ သတ်ဖြတ်ရန် လာတဲ့ လူအုပ်ကြီးကို ဘယ်သူက တားမှာလည်း။ သေနတ်ကျည်ဆံသည်သာ တားဆီးနိုင်ပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းတုန်းက စစ်ကိုင်းရဲစခန်းကို ကျောင်းသားလူအုပ်ကြီးက ၀ိုင်းပြီးတိုက်ခိုက်တုန်းက ကျောင်းသားတွေ ဘယ်လောက်သေသွားတယ်ထင်သလဲ။ ရာဂဏန်းကျော်တယ်။ အဲဒီမှာ သေသွားတဲ့ကျောင်းသားတစ်ယောက်ရဲ့  အမေကဆိုငိုပြီးတော့ ငါ့သားရယ် သားပြောတော့ ရဲသေနတ်ကျည်မထွက်ဖူးဆို လို့ပြောပြီးငိုတယ်။ လူတတ်ကြီးလုပ်ပြီး အဓိကရုဏ်းနှိမ်နင်းရေးမလုပ်လို့ဆိုပြီး အရေးယူခိုင်းတဲ့သူတွေကိုပါ ဖမ်းဆီးထောင်ချပစ်ရမယ်။ စည်းမရှိကမ်းမရှိ ကောင်တွေ။ နိုင်ငံက အခုမှ ဒီမိုကရေစီရခါစ။ ဘယ်အချိန် ဒိုင်စားခံမယ်မသိဘူး။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၉၉ ကို လည်းသေချာဖတ်ကြည့်ကြဦး။ ငါတို့ မြန်မာနိုင်ငံမှာ စာမတတ်တဲ့ကောင်တွေက အရမ်းများတယ်။ စာမဖတ်ဘူး။ စိတ်ထင်ရာလုပ်ချင်ရာလုပ်တယ်။
ဒီလိုသာပြောကြေးဆိုရင် တစ်ရွာလုံးကိုမီးရှို့ဖျက်စီး၊လူသတ်၊ရမ်းကားနေတဲ့ဘင်္ဂါလီတွေကျတော့ ပစ်မိန့်တောင်းတာ ၅နာရီကျော်ဘာကြောင့်ကြာရတာလည်း၊အခင်းဖြစ်စဉ်မှာပါလို့ဖမ်းထားပီးမှ ငွေရလို့လွတ်လိုက်တာတစ်ပုံကြီးပဲ
ရဲတွေကပြစ်မှု့/လူသတ်မှု့ကျူးလွန်တော့မိမိကိုယ်ကိုခုခံကာကွယ်တာတဲ့။
ပြည်သူတွေလည်းအသက်နဲ့ပါ။မိမိတို့အသက်သေမှာတော့ကြောက်ပြီး၊သေ
နတ်မရှိတဲ့ပြည်သူကိုတော့သေနတ်အားကိုးနဲ့ပစ်ခတ်တာတော့ရဲတွေရဲ့အမှားပါ။ပြည်သူမှာရှိတာဒုတ်/ဓါးကလွဲလို့သေနတ်မရှိပါဘူး။လုပ်နည်းတွေ
ကိုကျော်လွန်ပြီးဥပဒေမဲ့လုပ်ရပ်တွေကိုကျူးလွန်တာတွေဟာဝန်ထမ်းကောင်းတွေမဟုတ်ပါဘူး။ သေနတ်ဆိုတာမိမိကပစ်တာပါ။ခြေထောက်တွေကိုပစ်လည်းရပါတယ်။သေအောင်ပစ်မှရယ်လို့မဟုတ်ပါဘူး။
တိုင်းတစ်ပါးကကျူးကျော်ရန်စနေသည့်နယ်ချဲ့တွေမဟုတ်ပါဘူး။ပြည်သူတွေ
ပါ။သူတို့ရဲ့ရပိုင်ခွင့်တွေကိုလုပ်နေကြတာပါ။မတရားခံရလို့မခံမရပ်ဖြစ်ရတဲ့သူတွေပါ။တားဆီးတဲ့အဖွဲ့အစည်းရဲတွေမှာ-ချီးဦးနှောက်ဘဲရှိကြတာလား။
ဒါဟာပြည်သူတွေစစ်စစ်ပါ။သူပုန်တွေလည်းမဟုတ်ဘူး/တိုင်းတစ်ပါးကျူး
ကျော်သူတွေလည်းမဟုတ်ဘူး။ တားဆီးလို့ရတဲ့တခြားနည်းလမ်းတွေအများ
ကြီးရှိပါတယ်။လူကိုသေအောင်ပစ်မှတားဆီးလို့ရနိုင်တာမဟုတ်ပါဘူး။
မသေလောက်နိုင်တဲ့နေရာတွေကိုပစ်လို့ရပါတယ်။တကယ်လို့ဒီလိုပစ်ခတ်လို
တဲ့ဆန္ဒရှိကြရင်(KIA)ရှိတဲ့ရှေ့တန်းကိုပို့ပေးလိုက်ပါလား။ရှေ့တန်းကစစ်
သားတွေကိုတလှည့်၎င်းတို့၏တပ်မှာအနားယူခိုင်းသင့်ပါတယ်။စိတ်ယုတ်မာရှိ
နေကြတဲ့ဒီလိုရဲဝန်ထမ်းတွေကိုအပြစ်ပေးနိုင်အောင်လွှတ်တော်မှာတင်ပြအ
ရေးယူသင့်ပါကြောင်း-ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌဦးဆန်းဆင့်အားတင်ပြ
အကြံပြုအပ်ပါသည်။
လူ၃၀၀ နဲ့ လူ၃၀ ဆိုတော့ ဒီလောက်ဖြစ်တာပဲ ကျေးဇူးတင်ရအုံးမယ်။ကာကွယ်ခုခံပိုင်ခွင့်ကို ဘယ်နားသွားထား မလဲ။
Post a Comment