ကော့သောင်း ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းရေး ဆန္ဒပြ

တနင်္သာရီ တိုင်း ကော့သောင်းမြို့ မြောက်ဘက် အေးရိပ်ငြိမ်နဲ့ ရွှေပြည်သာ ရပ်ကွက် အကြားမှာ စတင် လည်ပတ်နေတဲ့ ကျောက်မီးသွေး စက်ရုံ ဖျက်သိမ်းပေးဖို့ အတွက် မြို့ခံတချို့ဟာ ကျောက်မီးသွေး စက်ရုံ အလိုမရှိ၊ အစားထိုး လောင်စာ တည်ဆောက်ပေး စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ဒီနေ့ မနက် ကြွေးကြော် ဆန္ဒပြ ခဲ့ကြပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ကော့သောင်း ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းရေး ဆန္ဒပြ ကော့သောင်း ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းရေး ဆန္ဒပြ Reviewed by သစ်ထူးလွင် on 16:21 Rating: 5

3 comments:

ranong said...

ကော့သောင်းမြို့ မှာ မီတာခဈေးကြီးကြီးသုံးနေတာ 10နှစ်ရှိပါပြီ။ယခု 200ကျပ်နဲ့ သုံးဖို့စဉ်းစားနေတုံးမှာ အဖျက်ကောင်းများပေါ်လာပါပြီ။အဲဒီအဖျက်ကောင်တွေက အများပြည်သူအတွက်သာပြောနေတာ။ကိုယ်ကျိုး အတ္တကြီးပြီး ကိုယ့်အတွက်ဘဲလုပ်နေတာ ကော့သောင်း1မြို့လုံးသိနေကြတော့ သူတို့ အော်တာ အဖက်တောင်မလုပ်ကြပါ။ရှက်ရမ်းရမ်းနေကြတာပါ။

နေနတ်သား said...

စက်ရုံစဆောက်ကတည်းကတော့ မကန့်ကွက်ကြဘဲ လည်ပတ်တဲ့ အဆင့်ရောက်မှ ထကန့်ကွက်တာ တမျိုးကြီးဘဲနော်။ နိုင်ငံတော်က ရှေ့ဆက်သွားမရဘဲ ပြီးခဲ့တာတွေ ပြန်ရှင်းရင်း ထစ်ငေါ့နေအောင် တမင်များ လုပ်နေကြတာလား။

ုkyaw said...

ကျွန်တော်သိသလောက်ပြောရရင်တော့ ဆန္ဒပြမဲ့နေ့မတိုင်ခင်က သန်းထွန်းဆိုသူက ထိုင်းနိုင်ငံသို့သွားမည့် အလုပ်သမားများအား နေ့တွက်တစ်နေ့(၂၀၀၀)ကျပ်ပေးမည်၊၄င်းတို့၏နောက်သို့လိုက်၍အော်ရမည်ဟုစည်းရုံးခဲ့ပါသည်။ကလေးသေဆုံးသည်ဆိုသည်မှာလဲမဟုတ်ပါ ကျောက်မီးသွေးမီးစက်ကအဲဒီအချိန်တုန်းကမလည်ပါတ်သေးပါ၊မြို့သူမြို့သားများကလည်းဘယ်သူမှကောင်းသည်ဆိုးသည်မပြောကြပါ ကိုယ်တိုင်ကွင်းဆင်းလေ့လာပြီးအင်တာဗျူးကြည့်လျှင် လိုချင်သည့်လူများပဲ တွေ့ရပါလိမ့်မည် ၊ဒီပါတီကထင်ပေါ်ချင်ဇောဖြင့်ဖန်တီးထားခြင်းဖြစ်ပါသည်။တာဝန်ရှိသူများ လူထုစစ်ရဲ့ဆန္ဒကိုပဲဦးစားပေးစဉ်းစားကြပါလို့ပြောချင်ပါတယ်။

Powered by Blogger.