သာယာဝတီ ခရိုင် ဆေးရုံကြီး၏ အဖြစ်ဆိုး

ခွဲစိတ်ရန် အတွက် ပထမငွေ ၈ သောင်းကျော် ကုန်ကျခဲ့ပါသည်။ သန့် ရှင်းရေး ၀န်ထမ်းဖိုးဆိုပြီး ငွေ ၅ သောင်း၊ အကူဆရာမမျး အဖွဲ့ သို့ ငွေကျပ် ၁ သောင်း ပြောသဖြင့် ပေးလိုက်ရပြီးနောက် ခွဲစိတ်အထူးကု ဆရာဝန်ကြီး အတွက် နောက်ထပ် ၁ သိန်း ၃ သောင်း ထပ်ပေးရမည်ဟု ပြောသဖြင့် ----

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သာယာဝတီ ခရိုင် ဆေးရုံကြီး၏ အဖြစ်ဆိုး သာယာဝတီ ခရိုင် ဆေးရုံကြီး၏ အဖြစ်ဆိုး Reviewed by သစ်ထူးလွင် on 12:34 Rating: 5

26 comments:

Unknown said...

ဒါမျိုးတွေကို အရင်ဆုံး ပြင်ရမှာပါ။

Unknown said...

ပညာသင်ယူခဲ့တာ တိုင်းပြည်အကျိုးတာဝန်ထမ်းဆောင်ရန်မဟုတ်ဘဲ ငွေရဖို့သင်ယူခဲ့ကြသူများဖြစ်လို့ခွင့်လွတ်လိုက်ကြပါ။ သူတပါးအားပေးကမ်းနိုင်သောသူဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။

Khant Zaw Hein said...

ပညာတတ်ဆရာဝန်တောင် အကြင်နာတရား အကျင့်သိ
က္ခာဒီလောက်အောက်တန်းကျနေတာ တခြ်ားဝန်ထမ်း
တွေဆိုဒိထက်ပိုဆိုးတာမထူးဆန်းတော့ပါ၊ဝန်ထမ်းလေ့
ကျင့်ရေးသင်တန်းဖွင့်ထားတာအလကားပဲပေါ့
ဒီလိုလူတန်းစားမျိုးတွေရှင်းဖို့လိုအပ်နေပြီ အနာဂတ်ရဲ့
ဆူးငြောင့်ခလုတ်တွေရေ

Unknown said...

ဆေးရုံဆရာ/ဆရာမများ အထွေထွေလုပ်သားများအတော်ပင်ရိုင်းစိုင်းနေကြ
သည်ကို တွေ့ရပါသည်။ဆေးရုံဆောင်ပုဒ်က လူနာများကိုနွေးထွေစွာကြိုဆို
ပါ၏ လိုရေးထားပေမဲ့..လူက နာလာပါတယ်ဆိုမှ..တပူပေါ်နှစ်ပူဆင့်
ပြီး ငွေထွက်အောင်ညှစ်ကြပါသည်..။ကျားကြောက်လို့ရှင်ကြီးကိုး..ကျား
ထက်ပင်ဆိုး..စကားပုံလိုဖြစ်နေပါသည်။စိတ်ဓါတ်ရေးရာတွေ အများကြီးပြု
ပြင်ဘို့လိုနေပါသည်။စိတ်ကောင်း စေတနာကောင်းများရှိစေချင်ပါသည်။

Burma Python said...

ဆိုးဝါးလှချေလားဆရာဝန်ကြီးများရယ်
ဒေါက်တာဖေသက်ခင်(ဝန်ကြီး)ရယ်ဘာတွေများလုပ်နေပါသလဲ
ခင်ဗျားဆရာဝန်တွေခင်ဗျားကိုသောက်ဂရုမစိုက်လုပ်နေတာတွေ
များလှပြီ။ကိုယ့်ဖာသာအလိုက်တသိထွက်တော့။ပြည်သူတွေက
လုပ်နိုင်တဲ့သူကိုတာဝန်ပေးလိမ့်မယ်

ဖိုးဖိုးကြီး said...

တရားမျှတတဲ့နည်းလမ်းတစ်ခုကိုပြည်သူများနားလည်သိရှိစေရန်-ပထမပိုင်းလူနာဖက်မှတင်ပြရမည်ဆိုလျှင်-အထက်ဖေါ်ပြပါရောဂါသည်အူခေါက်သောရောဂါကိုခွဲစိပ်ကုသမှု့မခံယူခဲ့လျှင်၎င်းအူခေါက်သည့်နေရာမှာအလုပ်မလုပ်နိုင်ဘဲ၊စားသမျှအစာတွေခေါက်နေတဲ့အူမှာပိတ်နေလျှင်ကြာသည့်အခါ၎င်းလူနာသည်သေယုံမျှသာဖြစ်တော့မည်။ဒါကြောင့်အသက်တစ်ချောင်းဆက်ဖို့အတွက်လူနာသည်ဖခါက်နေသည့်အူကိုပြန်နဂိုအတိုင်းဖြစ်အောင်ခွဲစိတ်ကုသမှု့ဖြင့်အသက်ဆက်လက်ရှင်သန်နိုင်ပါ
မည်။ထို့ကြောင့်လူနာတစ်ယောက်ခွဲစိပ်ကုသတော့မည်ဆိုလျှင်လိုအပ်သော
ပစ္စည်းကိရိယာများလိုအပ်ပါသည်။ခွဲစိပ်ကိရီယာများ/ခွဲစိပ်ပြီးနေရာကိုအစဉ်
ပြေအောင်ပြုလုပ်သောပစ္စည်းများလိုအပ်ပါသည်။အထူးကုခွဲစိပါဆရာဝန်ကြီး
ရှိယုံနှင့်၎င်းလူနာအားမခွဲစိပ်နိုင်ပါ။ခွဲစိပ်မှု့နှင့်သက်ဆိုင်သောပစ္စည်းများရှိမှလူ
နာကိုအောင်မြင်စွာခွဲစိပ်ကုသနိုင်ပါမည်။ဒီတော့လူနာရှင်အနေနှင့်ရွေးချယ်စ
ရာ(၂)လမ်းရှိသည့်အနက်-မိမိလူနာအားအသက်လုကယ်မည်လား/မကုသ
ဘဲအသေခံမည်လား ဆိုတာကိုရွေးချယ်ရတော့မည်။ ငွေရှိသည်/မရှိသည်
ကိုမစဉ်းစားသေးဘဲ၊အရင်ရွေးချယ်ကြည့်ပါ။ကုသလို့ရနေသောရောဂါဆိုရင်
မည်သူမဆိုအသက်လုယူမည်။ကုသလို့မရသောရောဂါဆိုလျှင်မိမိ၏စည်း
စိမ်ကို ပုံအော် ပေးလျှင်တောင်အသက်ရှင်အောင်မည်သည့်ဆရာဝန်ကြီးမှ
စွမ်းဆောင်ကုသနိုင်လိမ့်မည်မဟုတ်ပါ။ဆိုလိုသည်မှာထိုက်သင့်သောရောဂါကို
ကုသရလျှင်ထိုက်သင့်သမျှတော့ကုန်ကျနိုင်ပါသည်။(လူမသေ/ငွေမရှားပါ)
မြန်မာနိုင်ငံမှာအလုပ်အကိုင်ပေါ်ပါသည်။အလုပ်မရှားပါ။ငွေမရှားပါ။လူတွေက
အပျင်းကြီးနေလို့သာငွေရှားနေခြင်းဖြစ်ပါသည်။ဒီတော့အထက်မှာဖေါ်ပြခဲ့
သည့် အူခေါက်လို့ခွဲစိပ်ကုသမည့်လူနာသည် ခရိုင်ဆေးရုံမို့လို့ဒီငွေအနည်း
ငယ်လောက်သာကုန်ကျပါသည်။အထက်တွင်ဖေါ်ပြထားသည့်သတင်းအရဆို
လျှင်ခွဲစိပ်ကုသသူဆရာဝန်ကြီးအားပေးရငွေဟုမသုံးနှုန်းသင့်ပါ။အသက်ကယ်
ပေးသောကျေးဇူးရှင်ဆရာဝန်ကြီးအားကန်တော့ကျေးဇူးဆပ်ခြင်းလို့သတ်
မှတ်သင့်ပါသည်။ကန်တော့ရငွေ(၁၃၀၀၀၀)နှင့်အကူဆရာမများအားကျေးဇူး
ဆပ်ကန်တော့ငွေ(၁၀၀၀၀)=ဒီအထိတော့လက်ခံနိုင်ပါသည်။သန့်ရှင်းရေး
ဝန်ထမ်းအတွက်ပေးရငွေ(၅၀၀၀၀)ဆိုသည်မှာအင်မတန်များပါသည်။အလွန်
ဆုံး(၅၀၀၀)ဆိုလျှင်တော်ပါသေးသည်။မတရားတောင်းခြင်းကိုတော့လက်မခံပါ။ကုန်သင့်ကုန်ထိုက်သည့်နေရာတွင်ကုန်ကျခြင်းအတွက်ကုန်ကျပါစေ။မကုန်
သင့်သည့်နေရာမှာကုန်ကျသဖြင့်လူနာများအတွက်နစ်နာပါသည်။၎င်းငွေများ
ဖြင့်ဆေးဝါးများသောက်သုံးရန်ဝယ်ရဦးမည်ဖြစ်ပါသည်။ဆင်းရသားများအ
တွက်ငွေကိုချိုးချန်ချွေတာပြီးသုံဆွဲရမည်ဖြစ်ပါသည်။၎င်းဆေးကုသရန်ငွေများ
ကိုအတိုးဖြင့်ချေးငှါးခြင်း/မိမိစုဆောင်းထားသောလက်ဝတ်လက်စားများကို
ရောင်းချခြင်း/ချွေးနည်းစာစုဆောင်းရရှိသောငွေများကိုအသုံပြုခြင်းစသည့်
နည်းလမ်းများကြောင့်ပြုလုပ်ရသည့်အတွက်စာနာသင့်ပါသည်။
ဒုတိယပိုင်းအနေနှင့်တင်ပြရလျှင်---
ဆရာဝန်ကြီးများသည်အထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်လာရန်နှစ်ပေါင်းများ
စွာအချိန်ထိကျိုးစားသင်ကြားရခြင်း/ကုန်ကျငွေပေါင်းမြောက်မြားစွာကုန်ကျ
ခဲ့ရခြင်း/အခက်အခဲပေါင်းမြောက်မြားစွာကိုကျိုးစားပြီးကျော်လွှားနိုင်ရန်ပြု
လုပ်ခဲ့ရခြင်းများရှိပါသည်။လူတိုင်းလူတိုင်းမှာငွေကြေးလိုအပ်ကြသူတွေပါဘဲ။
အထူးကုဆရာဝန်ကြီးများသည်လဲအစိုးရ၏ခရိုင်ဆရာဝန်ကြီးဟုဆိုရသော်
လည်းစားဝတ်နေရေးအတွက်ငွေကြေးထိုက်ထိုက်တန်တန်တော့လိုပါသည်။
နိုင်ငံတော်အစိုးရအနေနှင့်လည်းပညာရှင်ဆရာဝန်ကြီးများကိုနိုင်ငံခြားမှာလုပ်
နေကြသောဆရာဝန်ကြီးများကဲ့သို့များပြားလွန်းသောလစာငွေများကိုမပေး
နိုင်ပါ။ဥပမာအနေနှင့်ပြောပြရမည်ဆိုလျှင်-စင်္ကာပူနိုင်ငံတွင်နေထိုင်သောမိ
သားစုထဲမှအမျိုးသမီးတစ်ဦး၏ပြောပြချက်အရ..၄င်းတို့မိသားစုသည်၎င်း
နိုင်ငံတို့ရောက်ခါစအချိန်တွင်အလုပ်မရှိပါ။နောက်ပိုင်းမှရရစားစားအလုပ်တွေ
လုပ်ခဲ့ရကြောင်း၊ငွေများကိုချွေတာသုံးရကြောင်းနှင့်၎င်း၏ဖခင်ဖြစ်သူမှာရုတ်
တရက်နေထိုင်မကောင်းဖြစ်သဖြင့်ဆေးရုံသို့သွားရောက်ပြသရာ၊ဆေးရုံတက်
ရမည်ဟုပြောပါသည်။ဖြစ်ရသည့်ရောဂါမှာကျောက်ကပ်ဝေဒနာခံစားရသော
ကျောက်ကပ်ပျက်ဆီးခြင်းဖြစ်သည်။ဒါနှင့်ပထမအနေနှင့်ကျောက်ကပ်ကိုစက်
ဖြင့်ဆေးကြောသန့်စင်စေခြင်းဖြင့်အသက်ယာယီဆက်ခဲ့ပါသည်။ဆေးရုံသို့
(ရ)ရက်တက်ရောက်ကုသခြင်းအတွက်ကုန်ကျငွေများမှာစင်္ကာပူဒေါ်လာငွေ
(၃၀၀၀၀)ကျော်(မြန်မာငွေသိန်း=၂၁၀)ကုန်ကျပါသည်။ရောဂါမှာမပျောက်
သွားပါ။ယာယီကောင်းသွားယုံသာဖြစ်သည်။လုံးဝပျောက်ရန်ကျောက်ကပ်အ
စားထိုးခွဲစိပ်ကုသမှု့ပြုလုပ်ရမည်ဖြစ်သည်။ခွဲစပ်ကုသမှု့ခံယူလျှင်ကုန်ကျငွေ
မှာမြန်မာငွေသိန်း(၈၀၀နှင့်၁၀၀၀)ကြားကုန်ကျနိုင်သည်ဟုပြောပါသည်။
နောက်ဆုံးကျတော့ပထမပိုင်းသိန်း(၂၁၀)သာအကုန်ခံနိုင်ပြီး၊နောက်ပိုင်း
ကုန်ကျငွေများမှာများပြားလွန်းသည့်အတွက်မတတ်နိုင်သည့်အဆုံး၊ဖခင်ဖြစ်
သူမှသေဆုံးသွားခဲ့ရသည်။ငွေသာအကုန်ခံနိုင်လျှင်၎င်းဖခင်၏အသက်ကိုငွေ
နှင့်ဝယ်ယူနိုင်မည်မှာသေချာပါသည်။
အထက်ဖေါ်ပြပါအကြောင်းအရာများကိုဖတ်ရှု့ပြီး-စဉ်းစားသုံးသပ်ကြည့်ကြ
စေလိုပါသည်။

Unknown said...

တူသောအကျိုးပေးပါစေ

Unknown said...

စီစစ်အရေယူရန်လိုအပ်သည်

နေနတ်သား said...

သတင်းအနေနဲ့တင်ပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီသတင်းမျိုးကိုတော့ အထောက်အထား ခိုင်လုံမှ တင်စေချင်ပါတယ်။ တကယ်လို့ မဟုတ်ခဲ့ရင် တဖက်က ဆရာဝန် ဆရာမတွေ အတွက် နစ်နာလို့ပါ။ တကယ်လို့ ဟုတ်ခဲ့ရင်တောင် အခြားသော ဌာန အများစု မှာရော ဒီလိုကိစ္စတွေ ကင်းကြလို့လား။ အကြောက်တရား နဲ့ ပေးကြရတဲ့ ဌာနတွေကို မပြောရဲဘဲ အသက်ကယ်တဲ့ ဌာနကိုမှ ပြောမယ်ဆိုရင်ရော ဖြစ်သင့်ရဲ့လား စဉ်းစားပေးကြစေချင်ပါတယ်။

Unknown said...

မိုက်ရိုင်းလိုက်တဲ့လူတွေ မြန်မာပြည်သားလို့ မပြောနဲ့ 

rightman said...

ရိုင်းလိုက်တာ..ဆရာဝန်ကျင့်ဝတ်နဲ့မညီလို့အရေးယူပေးပါ

rightman said...

အခြားဆေးရုံတွေမှာလဲဒီလိုပါဘဲ..ပြည်သူတွေခံစားနေရပြီ.တာဝန်ရှိသူများ
မသိချင်ဟန်ဆောင်မနေပါနဲ့

Unknown said...

သတင်းအစစ်လား အတုလား

pewinag said...

AungMinn သေသေချာချာမသိဘဲမရေးသင့်ပါ။အဆိုပါဖြစ်စဉ်ကိုဌာနတွင်းစစ်ဆေးပြီးအခြေအမြစ်မရိုကြောင်းးတွေ.ရှိပြီး ဖြစ်ပါ
တယ်။
Friday at 5:49pm via mobile

shein7 said...

အထက်တွင်ဖော်ပြခဲသောသတင်းမှာလုံးဝလွဲမှားနေတာကိုတွေ့ရပါတယ်။မိမိတို့ကိုယ်တိုင်သေချာမစုံစမ်းမိလို့လင်မယားကြားမှာလက်ညှိုးအထိုးခံခဲ့ရတဲ့သာယာဝတီဆေးရုံနှင့်အသုံးချခံလိုက်ရတဲ့သံတော်ဆင့်သတင်းဌနလိုဘဲပြောချင်ပါတယ်။

Unknown said...

(သာယာဝတီ ခရိုင် ဆေးရုံကြီး၏ အဖြစ်ဆိုး) ဆိုတဲ့ မြန်မာသံတော်ဆင့် ဂျာနယ်က (5-10-12) ထုတ်သတင်းလေးပါ ။
ိ ၀မ်းနည်းစရာကောင်းတာက သတင်းမှန်ကိုမသိပဲနဲ့ ရေးထည့်လိုက်တဲ့ သတင်းတစ်ပုဒ်ကြောင့် သက်ဆိုင်ရာ ကာယကံရှင်ဆရာဝန်နှင့်တကွ ကျန်းမာရေးဌာန၀န်ထမ်းများ ၏ စေတနာနှင့်ကိုယ်ကျင့်တရားကို စော်ကားလိုက်တဲ့ အတွက် သတင်းမှန်ကို တင်ပြလိုက်ရပါတယ်။

တကယ်တော့ အဲဒီလူနာဟာ သာယာဝတီမြို
့ရှိ ပြင်ပဆေးရုံတွင် အူပိတ် သည့်ရောဂါဖြင့် လာရောက်ပြသပြီး ၄င်းဆေးရုံတွင် ခွဲစိတ်လိုပါသည်ဟု တောင်းဆိုခဲ့ပါသည်။ သို့သော် လူနာမှာ အသက် (၆၀)ရှိပြီး လွန်ခဲ့သော ၆ လက နှလုံးသွေးကြောပိတ်ရောဂါ ( NSTMI)ဖြင့် ရန်ကုန်မြို့ဂျပန်ဆေးရုံ ( NYGH) တွင် တက်ရောက်ကုသခဲ့ဖူးသဖြင့် အသက်အန္တရာယ်စိုးရိမ်ရသဖြင့် သာယာဝတီဆေးရုံသို့ တက်ရောက်စေပြီး ကုသခဲ့ပါသည်။ ၄င်းတို့သည် သီးသန့်လူနာခန်းတွင် နေပြီး conservative treatment နှစ်ရက်ခန့်ပေးသော်လည်း မသက်သာသဖြင့် ခွဲစိတ်ကုသရန် ခွင့်တောင်းရာ ( risk consent) လူနာ၏သားမှ ခွဲလိုက်လျှင်လူနာမှာစိတ်ချရပြီးလား၊ သေချာပြီးလား အာမခံလားဟု လူနာ၏အခြေအနေကို သိလျှက်နဲ့ ကတ်ဖဲ့ပြီးမေးခဲ့သည်။ လူနာမှာ ဂရုစိုက်ရမည်ဖြစ်ကြောင်း၊ ခွဲနေချိန်နှင့် ခွဲပြီးချိန်တွင်လည်း အန္တရာယ်ရှိကြောင်းရှင်းလင်းပြောပြပြီး ခွဲစိတ်ကုသပေးခဲ့ပါသည်။

လူနာမှာကောင်းမွန်ပြီး ဆေးရုံမှဆင်းသွားသော်လည်း လူနာရှင်မှ လိမ်လည်တိုင်ကြားခဲ့သဖြင့် ကျန်းမာရေးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ စစ်ဆေးပြီးစီးကာ လူနာရှင်၏ဇနီးကိုယ်တိုင် ဘေးပတ်ဝန်းကျင်မှ မြှောက်ပင့်ပေးမှုကြောင့်သာ မဟုတ်မမှန်တိုင်ကြားရခြင်း ဖြစ်ကြောင်း ၀န်ခံခဲ့ပြီးဖြစ်ပါသည်။
အခုတော့ဂျာနယ်ခေါင်းစဉ်အတိုင်း အဖြစ်ဆိုးသွားရတာကတော့ စေတနာနှင့်ကုသပေးနေတဲ့ ဆရာဝန် ဆရာမတွေနဲ့ ၄င်းတို့ကို အားကိုးနေတဲ့ ဘာမှမသိတဲ့ပြည်သူလူထုပဲ ဖြစ်ပါတော့တယ်။ ဒီသတင်းကိုဖတ်ပြီး ပြည်သူလူထုစိတ်ထဲမှာ အနည်းနှင့်အများ ကျန်းမာရေးဌာနအပေါ်ကိုတော့ အမြင်စောင်းသွားကြမှာ အမှန်ပါပဲ။ ဆရာဝန်တွေဘက်က ကြည့်တော့လည်း စေတနာနဲ့
ုအပင်ပန်းခံကုသပေးတဲ့ကြားက ဒီလိုမျိုးလုပ်ကြံပြောဆိုခံရတာ ၀မ်းနည်းကြေကွဲမိပါတယ်။ ပြီးတော့ဒီသတင်းဟာ ဇူလိုင်လပိုင်းကဖြစ်ခဲ့တဲ့ သတင်းဟောင်းကြီးပါ။ ဂျာနယ်ကောင်းတစ်ခုဆိုတာ သတင်းအမှန်ကို အချိန်နဲ့တပြေးညီ ပြည်သူလူထုထံကို တိကျစွာ သတင်းပေးသင့်ပါတယ်။ အခုတော့ နောက်လည်းကျသေး၊ မမှန်တာလည်းရေးတော့ ကာယကံရှင်ဆရာဝန်ဘက်က တော်တော်လေးနစ်နာတာပေါ့ဗျာ။ အသက်လည်း ကယ်ပေးရသေး၊ အစော်ကားလည်း ခံရသေး သိပ်ကောင်း တာပေါ့ဗျာ။ အခုတလော ဆရာဝန်တွေ ကပ်သင့်နေတဲ့ အတိုင်အတောထူ သတင်းတွေထဲ့က သတင်းတစ်ခုပေါ့ဗျာ။ ကဲ ဂျာနယ်လစ်မမလား ကိုကိုလား TTN ရေ.... အဖြစ်မှန်လေးသိရအောင် လက်ပံတန်းမြို့က လူနာရှင်ကိုသာ မေးကြည့်လိုက်ပါတော့ဗျာ။ နောက်နောင် ဒီလိုအမှားမျိုးတွေ မကြုံရလေအောင်.. ဂျာနယ်လစ်ပီသအောင်.... ဂျာနယ်ကောင်းတစ်ခုဖြစ်လာအောင် ကြိုးစားပေးပါလို့ တောင်းဆိုလိုက်ပါတယ်။

Unknown said...

(သာယာဝတီ ခရိုင် ဆေးရုံကြီး၏ အဖြစ်ဆိုး) ဆိုတဲ့ မြန်မာသံတော်ဆင့် ဂျာနယ်က (5-10-12) ထုတ် သတင်းလေးပါ ။

(သာယာဝတီ ခရိုင် ဆေးရုံကြီး၏ အဖြစ်ဆိုး) ဆိုတဲ့ မြန်မာသံတော်ဆင့် ဂျာနယ်က ဒီနေ့ထုတ် (5-10-12) သတင်းလေးပါ ။

ုအပင်ပန်းခံကုသပေးတဲ့ကြားက ဒီလိုမျိုးလုပ်ကြံပြောဆိုခံရတာ ၀မ်းနည်းကြေကွဲမိပါတယ်။ ပြီးတော့ဒီသတင်းဟာ ဇူလိုင်လပိုင်းကဖြစ်ခဲ့တဲ့ သတင်းဟောင်းကြီးပါ။ ဂျာနယ်ကောင်းတစ်ခုဆိုတာ သတင်းအမှန်ကို အချိန်နဲ့တပြေးညီ ပြည်သူလူထုထံကို တိကျစွာ သတင်းပေးသင့်ပါတယ်။ အခုတော့ နောက်လည်းကျသေး၊ မမှန်တာလည်းရေးတော့ ကာယကံရှင်ဆရာဝန်ဘက်က တော်တော်လေးနစ်နာတာပေါ့ဗျာ။ အသက်လည်း ကယ်ပေးရသေး၊ အစော်ကားလည်း ခံရသေး သိပ်ကောင်း တာပေါ့ဗျာ။ အခုတလော ဆရာဝန်တွေ ကပ်သင့်နေတဲ့ အတိုင်အတောထူ သတင်းတွေထဲ့က သတင်းတစ်ခုပေါ့ဗျာ။ ကဲ ဂျာနယ်လစ်မမလား ကိုကိုလား TTN ရေ.... အဖြစ်မှန်လေးသိရအောင် လက်ပံတန်းမြို့က လူနာရှင်မိသားစုကိုသာ မေးကြည့်လိုက်ပါတော့ဗျာ။ နောက်နောင် ဒီလိုအမှားမျိုးတွေ မကြုံရလေအောင်.. ဂျာနယ်လစ်ပီသအောင်.... ဂျာနယ်ကောင်းတစ်ခုဖြစ်လာအောင် ကြိုးစားပေးပါလို့ တောင်းဆိုလိုက်ပါတယ်။

Unknown said...

၁။ သတင်းမှား သတင်းဟောင်းကြီးပါဗျာ။
၂။ အဖြစ်မှန်ကို မသိပဲ comment ရေးရင် ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေတာပေါ့။
၃။ ခေါင်းစဉ်ကလည်း ဆိုးဝါးလွန်းတယ်။ လူနာဆုံးပါးသွားတာလည်း မဟုတ်ပဲ။ အသည်းအသန်လူနာကို အသက်ကယ်ပေးလိုက်တာကိုတော့ ကျေးဇူးမတင်ကြဘူး။ မသိတတ်ကြတော့ဘူးလား။ လူသားစိတ်ဓါတ်မရှိကြတော့ဘူး။

htetulink said...

သံတော်ဆင့်သတင်းဌာနက ကိုယ်တိုင်ကိုကျသွားရောက်မေးမြန်းပြီးသက်သေသာဓကတွေခိုင်လုံမှသာ ဒီသတင်းတွေကိုတင်သင့်တယ်လို့ထင်ပါတယ်။အလုပ်တကယ်လုပ်နေရတဲ့သူတွေအတွက် သတင်းမှားတစ်ခုကြောင့် စိတ်အနှောက်ယှက်ဖြစ်ရတဲ့အပြင် ဖတ်ရူရတဲ့သူတွေအတွက်စိတ်မသက်သာဖြစ်ရပါတယ်။ သတင်းအချက်အလတ်များကိုတိကျသေချာတဲ့ခိုင်လုံတဲ့အထောက်အထားများနဲ့တကွတင်သင့်တယ်လို့အကြံပေးချင်ပါတယ်။

htetulink said...

ပြောချင်တာသာပြောနေကြ သတင်းကမှန်လားမှားလားမသိ့ပဲစွပ်ပြောနေဝေဖန်နေကြပေါ့ သတင်းအမှားဖြစ်ခဲ့ရင်မင်းတို့ပြောတာတွေအားလုံးက ပေါကြောင်ကြောင်နိုင်မယ်ထင်တယ် အဓိကအကြောင်းအရင်းက ဖြစ်စဉ်နဲ့အတိအကျကိုသက်သေသာဓကမပါတဲ့သတင်းတစ်ပုဒ်ကိုဝိုင်းပြီးဝေဖန်ခိုင်းနေတာနဲ့တူနေတယ်...သတင်းတင်တဲ့လူကသက်သေသာဓကအထောက်အထားခိုင်လုံမှဒီသတင်းတွေကိုတင်သင့်တယ်လို့ထင်ပါတယ်။

komin said...

အထောက်အထားမခိုင်လုံဘဲနဲ့ဂျာနယ်မှာဖေါ်ပြတော့ကာယကံရှင်မှာလည်းနစ်နာမိမိဂျာနယ်လည်းနာမည်ပျက်၊အဖြစ်မှန်ကိုသိရှိသူတွေကလည်း မိမိဂျာနယ်ကိုမယုံကြည်ကျတော့ဘူးပေါ့။ နောင်ဆိုလျှင်ဂျာနယ်လစ်စည်းကမ်းကိုမသိသောဂျာနယ်သတင်းထောက်လုပ်စားနေသူများပေးပို့သောမမှန်ကန်သောသတင်းများကိုလုံးဝမဖေါ်ပြပါနဲ့။ရောက်ရှိလာသောသတင်းများကိုလည်းသေသေချာချာလေ့လာဆန်းစစ်ပြီးအ ထောက်အထားခိုင်လုံမှန်ကန်မှထည့်သွင်းဖေါ်ပြပါလို့ပြောချင်ပါတယ်။

shein7 said...

ဒီလိုသေချာမစုံစမ်းဘဲရေးနေမယ်ဆိုရင်စေတနာအရင်းခံထားတဲသူတွေပါ
မလုပ်ဘဲအပြောခံရမဲ့အတူလုပ်ပြီးအပြောခံတောမယ်ဆိုရင်အများကြီးနစ်နာ
ပါတယ်၊တကယ်လူနာကိုကယ်တင်နိင်တဲ့ဆရာဝန်တွေလစာမလုံလောက်
ဘဲနှစ်ပေါင်းများစွာလုပ်လာနိုင်တယ်ဆိုတာစေတနာနဲဝါသနာရှိမှဖြစ်တာပါ။
ဝါသနာမပါဘဲစာတော်လို့ဖြစ်လာတဲ့ဆရာဝန်တွေကတော့နှစ်ပြည့်အောင်
နေပြီးထွက်တာဘဲ၊အသပြာလိုချင်ရင်တော့နိုင်ငံခြားတိုင်းပြည်ကိုထွက်တာဘဲ
ဒီမိုကရေစီနိုင်ငံတွေမှာငွေပိုရတဲ့အပြင်တာဝန်ချိန်ပြီးတာနဲ့ဘာဘဲဖြစ်နေနေ
လှည့်မကြည်တော့ဘူး၊မြန်မာနိုင်ငံမှာအများအားဖြစ်ဆရာဝန်ကြီးတွေဆို
ရင်(၂၄)နာရီလုံးတာဝန်ယူရတာကိုတွေရတယ်တချို့အတော်တော့များပါ
တယ်ငွေနောက်လိုက်တဲ့ဆရာဝန်တွေရှိပါတယ်ဒါကတော့သေချာရင်ပြော
သင့်ပါတယ။်အားလုံးပါဘဲကွာလိုပြောရင်တော့မိမိကိုတိုင်ငွေမယူဘဲအများအ
ကြိုးဥပမာဦးကျော်သူတို့နာရေးကူညီမှုအသင်းတခြားနယ်မှာတနှစ်လောက်
လုပ်ကြည့်ပါသိလာပါမယ်။မကောင်းတဲလူရှိသလိုကောင်းတဲ့လူလဲရှိပါတယ်
သတင်းဆိုတာလဲမှန်တဲ့သတင်းသတင်းမှားဆိုတာရှိပါတယ်။သတင်းဋ္ဌနတွေ
အားလုံးကိုအကြံပေးချင်တာကကျန်းမာရေးဆိုဘယ်မြို့နယ်ကဆေးရုံက
ငွေကုန်သက်သာတယ်ဘယ်ဆေးရုံကငွေကုန်များတယ်စကားအပြောအဆို
စသည်ဖြစ်ခိုင်းနှိုင်းတင်ပြသွားမယ်ဆိုရင်အားနည်းချက်ကိုပြပေးသလိုလဲ
ရောက်ပါတယ်၊ဒီလိုမဟုတ်ဘဲကိုယ်တိုင်မစုံစမ်းဘဲရေးလို့မဟုတ်ခဲ့ရင၊်ကောင်း
တဲသူပါမထူးပါဘူးဆိုရင်တော့ဆွဲတင်ရာမရောက်ဘဲဖြစ်တက်ပါတယ်၊ကျေးဇူးတင်ပါတယ်။

Nga Yu said...

ဆေးရုံ ဆိုပြီး သိမ်း ကြုံး မ ရေးပါ နဲ့ ဆေးရုံထဲ ကိုယ် တိုင် လာ တက်ကြည့်ပြီး ဟုတ်မှ ရေးပါ မဟုတ် တာတွေ ရေးထား တာ တ ရားစွဲလို့ ရတယ်။

Nga Yu said...

ဆရာဝန် တိုင်းမှာ ဆရာဝန် စိတ်ဓါတ် အပြည့်ရှိတယ် ဆိုတာ ဆရာဝန်တိုင်း သိပေမဲ့ လူနာတွေနဲ့ အပြင် လူများက တော့ သိနိုင် မည် မဟုတ်သော် လည်း တကယ့် ကို အသည်း အသန် ဖြစ်ပြီး မှ ဆေးရုံရောက် ခဲ့ သူ အသက် ရှင် အောင် ဆရာဝန်ကြီး ကကုသ ပေး တာ ကို တကယ်ခံ ခဲ့ ကြရတဲ့ လူနာ တိုင်း ဆရာဝန် များ ရဲ့ စေတနာ မေတ္တာ အပင် ပန်းခံ ကိုယ့် ကျန်း မာရေး တောင် ဂရု မစိုက် နိုင် ပဲ လူနာ ရဲ့ အသက် ကို လု ပေးခဲ့ တာ တွေ ကို အဲ့ ဒီ လူနာ တွေ အသိဆုံး ပါပဲ။ အဖြစ် မှန် ကိုသိ လို လျှင် ကါယကံ ရှင် လူနာ ကို မေး ကြည့် ပိုရှင်းသွား ပါလိမ့် မယ်။
အသက် သခင် ကျေးဇူးရှင် ကို ကျေးဇူးကန်း တဲ့ စကားပြော ခြင်း ရေးသားခြင်းပြုက စူး တတ်သည်တဲ့။ ဗုဒ္ဓ ဘာသာ ဝင် မြန်မာ လူ မျိုး များဖြစ် ကပို နားလည် မည် ထင်ပါသည်။ ဤကဲ့သို့ ကျေးဇူး ကန်း သောကပြု အမူ ကိုလုပ် ခဲ့ သော် တသက်လုံး နလံ ထူတော့ မည် မဟုတ် ဆိုတာ ကိုယ်တိုင် ကြုံ တွေ့ ကြရမှ သိကြ ပေ လိမ့် မည်။
မဟုတ် မမှန် သတင်း ကို ရေးမှ ထမင်း ဝမယ် လို့ ဆုံးဖြတ် ထားတဲ့ သတင်းထောက် ကြီးနှင့် တကွ သူတပါး ကို စော် ကားတဲ့ စာတွေ ပုံ နှိပ်မှ ချမ်းသာ မည်ဟု ယူဆထားသော ဂျာနယ် ပိုင် ရှင် များနှင့် မဟုတ်မမှန် သတင်းကို ရေးခိုင်းသော စိတ် သ ဘော ထား ယုတ်ညံ့ သူများ ကို ဆု တောင်း မေတ္တာ ပို့ ပေး လိုက်ပါ တယ်။ အသက် လုပြီး ကယ် ပေးရ တဲ့ အသည်း အသန် ရောဂါ မဖြစ်ကြ ပါစေနဲ့ လို့။ ကိုယ့် အလည့် ကြုံတော့ မှ ဒီလို စိတ်ဓါတ် နှင့် လူ များ ဘုရား တောင် ဆင်း ကယ် နိုင်မည် မထင် ပါ။ ဘယ် လို ပင် ဆရာဝန် များမှ စေတနာ မပျက် ကုသ ပေးသော် လည်း ဆေး တိုး မည်မ ဟုတ် ပါ။ ဝတ်ဆို တာ လိုက် စမြဲ ပါ။ အနာ ဂါတ် ကို စောင့် ကြည့် ကြ ပေ တော့။ မိုး နတ် မင်း ကြီး ဒါဏ် ခတ် လိမ့် မယ်။့

Unknown said...

ဒီလိုမဟုတ်တဲ့ သတင်းတွေကို ဖြန့်နေမယ်ဆိုရင် သာယာဝတီမြို့သေးသေးမှာ တာဝန်ထမ်းဆောင်နေတဲ့ အထူးကုဆရာဝန်ကြီးတွေ လုပ်ငန်းဆောင်ရွက်ရာတွင် စေတနာ၊ ၀ါသနာတွေ နည်းသွားနိုင်ပါတယ်။

Powered by Blogger.