စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်အား ရာထူးမှပယ်ဖျက်ပေးရန် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင် ပြုမိန့် မရသေး

စစ်ကိုင်းတိုင်း-အောက်တိုဘာ၂၀

စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး အား လက်ရှိရာထူးမှ ပယ်ဖျက်ပေးရန်နှင့် ယခု ထီးချိုင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးအား နှုတ်ထွက်ပေးရန် အတွက် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ခွင့်ပြုချက်တောင်း ခံထားခြင်းကို ခွင့်ပြုမိန့် ပေးမထား သေးကြောင်း ကသာခရိုင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၂ရက်နေ့တွင် လူအင်အား ၁၀၀၀ ၀န်းကျင်ဖြင့် အထက်ပါ အကြောင်းအရာများ အတွက် စီတန်းလှည့်လည်ရန် ခွင့်ပြုမိန့်တင် ထားခြင်းဖြစ်ပြီး ဦးဆောင် ပြုလုပ်သူမှာ ဦးစိန်လှ ဖြစ်ကြောင်းသိရသည်။

“ပုံစံ(၈)ပါ စည်းကမ်းတွေနဲ့ မကိုက်ညီတာကြောင့် ခွင့်ပြုမိန့် ပေးမထားပါဘူး။ ပထမနှစ်ကြိမ် ပြတုန်းကလည်း အဲ့ဒီလိုပါပဲ။ ပထမတစ်ကြိမ် တင်တယ်မရဘူး၊ ဒုတိယတစ်ကြိမ် တင်တယ်မရဘူး။ နောက် သုံးကြိမ်မြောက်ကျ တော့ ရသွားတယ်။ အခုလည်း စာထပ်တင် မယ်ဆိုရင် ရနိုင်ပါတယ် “ဟု ကသာခရိုင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိက တယ်လီဖုန်းဖြင့် မေးမြန်းခြင်းကို ပြန်လည် ဖြေကြားသည်။

စစ်ကိုင်း ထီးချိုင့်မြို့နယ်၊ မောင်းတော ကျေးရွာတွင် ဆန္ဒထုတ်ဖော်မှု ယခင်က နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ပထမအ ကြိမ်တွင် ဂရိတ်ဝေါလ် သကြားစက်ရုံ မရွှေ့ပြောင်းရေး အတွက် မောင်းကုန်းရွာ သစ်တောရုံးရှေ့မှ ဦးကြည်တိုက်တန်းအထိ ဒေသခံတောင်သူများ အလုပ်သမားများစုစုပေါင်း ၃၀၀ခန့် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒုတိ ယအကြိမ်အဖြစ် သြဂုတ်လ ၂၁ရက်နေ့တွင် နီကယ်စက်ရုံနှင့် ဂရိတ်ဝေါလ် သကြားစက်ရုံများ ပြောင်းရွှေ့ရေးအ တွက် လူ ၁၀၀ ခန့်က ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဖိုးလပြည် - Popular Myanmar News Journal


စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်အား ရာထူးမှပယ်ဖျက်ပေးရန် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင် ပြုမိန့် မရသေး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်အား ရာထူးမှပယ်ဖျက်ပေးရန်  ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင် ပြုမိန့် မရသေး Reviewed by သစ်ထူးလွင် on 18:53 Rating: 5

11 comments:

Unknown said...

မ ကောင်းရင်စောစော စီးစီးထွက်တော့။ မ ကောင်းတဲ့ သူတို့တွက် သတ္တိရှိ ရမယ်။

Maymyochit said...

စစ်ကိုင်းတိုင်းဒေသကြီးဟုမ္မလင်းမြို့နယ်မှာလဲ
ဒေသဖွင့်ဖြိုးတိုးတက်ဖို့ဘာမှမလုပ်တဲ့အပြင်ပျော်ပွဲရွှင်ပွဲတွေလောက်သာအာရုံထားတဲ့
သာကူးရှမ်းရေးရာဝန်ကြီးကိုလည်းနှုတ်ထွတ်ခိုင်းသင့်တယ်
ရှမ်းရေးရာဝန်ကြီး(သာကူး)နှုတ်ထွတ်သင့်။

gold said...

ဂရိတ်ဝေါလ်ကုမ္ပဏီသည်စစ်ကိုင်းဒေသကြီးအတွင်းတွင်၎င်းအလိုကြလုပါကိုင်ခွင့်ရရှိရန်ဒေသကြီးဝန်ကြီးချုပ်နှင့်အ ခြားဌာနဆိုင်ရာနှင့်အငြိမ်းစားအရာရှိများကိုခန့်ထားလုပ်ဆောင်နေသောကုမ္ပဏီဖြစ်သည်။နောက်ဆုံးအဆင့်မည်သည့်အရည်အချင်းမျှမရှိပါစေအထက်ပိုင်းအာဏာပိုင်များနှင့်ဆွေမျိုးနီးစပ်တော်လျင်ပင်မန်နေဂျာရာထူးခန့်ထားပါသည်။သို့အတွက်မည်သည့်အခက်အခဲမျှကိုယ်တိုင်နားလည်ဖြေရှင်းစရာမလိုဘဲ၎င်းခန့်ထားသောဝန်ထမ်းများဖြစ်တဲ့တချိန်ကအရာရှိများတဖြစ်လဲသူများကတာဝန်ယူပြီးသားဖြစ်နေရသည်။လက်ရှိဝန်ကြီးချုပ်အတော်များများနှင့်နောင်ဖြစ်လာနိုင်သည့်အရာရှိတော်တော်များကိုလည်းဝေစုပေးခြင်းများဖြင့်မွေးမြူထားပေသည်။ထိုထဲတွင်စစ်ကိုင်းတိုင်းဒေသကြီးတွင်ရင်းနှီးမြှုတ်နှံမှုအများဆုံးဖြစ်သည်။ထို့ကြောင့်ဦးသာအေးရဲ့စီးပွားရေးလို့ပြောရလျင်လွန်တယ်လို့မထင်ပါနှင့်ခင်များ။

ဖိုးဖိုးကြီး said...

ဟာ့---တိုင်းဝန်ကြီးချုပ်တွေတော်တော်ခေတ်စားနေပါလား....ပြည်သူတွေကဒီလောက်ထိဖြုတ်ချချင်နေကြတာပြစ်မှု့တွေကျူးလွန်းနေကြလို့နဲ့တူတယ်။ဒါမှမဟုတ်၊မဟုတ်တယုတ်တွေလုပ်နေကြလို့လား?ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်၊ရန်ကုန်တိုင်ဝန်ကြီးချုပ်ဦးမြင့်ဆွေ/ယခုလည်းစစ်ကိုင်းတိုင်းဝန်
ကြီးချုပ်ဦးသာအေး၊နောက်ကောဘယ်တိုင်းဒေသကြီးကဝန်ကြီးချုပ်တွေကို
ထပ်ပြီးဖြုတ်ချင်လိုသေးလဲ--မြန်မြန်သမ္မတကြီးဆီကိုတင်ပြကြပါ။
ကြသေးသလဲ

aungkokoko8@gmail.com said...

သာအေးတို့သူငယ်ချင်းတစုတော့လူထုရဲ့မေတ္တာတွေရနေကြပြီကြိတ်မြိုသိပ်ထားခဲ့ရတာများနေခဲ့ကြတာထင်တယ်သာအေးကိုလွမ်းတယ်ဆိုတာသီချင်းထဲမှာပဲရှိတော့မယ်ထင်တယ်

Myanmar said...

ထောက်ခံပါတယ်။ သာအေးကို အလိုမ၇ှိပါ။ သာအေး အလိုမ၇ှိ။ သာအေး အလိုမ၇ှိ။ ။

Unknown said...

လုပ်ကြဟ. မြန်မြန်။

ju black said...

""သာအေး စာမရေး"" ဆိုပြီး တချိန်က မြို့နယ်မှုး ဘဝ

တုန်း က ဟင်္သာတမြို့ မှာသောင်းကြန်းသွားတာ။။

kspesoe said...

သြော် သာအေးရေ
ဝဋ်ဆိုတာ နောင်ဘဝထိ မနေဘူးဟေ့။

driver said...

ပါတီတိုင်း ပါတီခေါင်းဆောင်တွေအထူးသတိထားရမည့် ဖြစ်စဉ်တွေပါ
မလိုက်နိုင်လို့ မလိုက်တဲ့သူတွေမဟုတ်ဘူး..မသွားနိုင်အောင်နောက်ပြန်
ဆွဲနေတာ...ဖြုတ်ချထားခဲ့ပါ။

kspesoe said...

သြော် သာအေးရယ်
ဝဋ်ဆိုတာ နောင်ဘဝထိ မနေဘူး

Powered by Blogger.