ဒေါ်အောင်ဆန်းစုကြည်ကို ဆာကားအိမြို့ ငြိမ်းချမ်းရေးဆု ချီးမြှင့်

ဂျပန်နိုင်ငံ အိုဆာကားခရိုင် ဆာကားအိ (Sakai) မြို့ က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ထူးဆောင် ငြိမ်းချမ်းရေးဆု ချီးမြင့်လိုက်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဒီမိုကရေစီ အရေး ကြိုးပမ်း ဆောင်ရွက်မှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ပေးအပ်တာလို့ အာဆဟိ ရှင်ဘွန်း သတင်းစာက ရေးသားပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒေါ်အောင်ဆန်း စုကြည်ရဲ့  ဒီမိုကရေစီ အရေး ကြိုးပမ်း ဆောင်ရွက်မှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ဂျပန်နိုင်ငံ အိုဆာကားခရိုင် ဆာကားအိမြို့ ဂုဏ်ထူးဆောင် ငြိမ်းချမ်းရေးဆု ချီးမြင့်လိုက်ပါတယ်။ RFA

ဒေါ်အောင်ဆန်းစုကြည်ကို ဆာကားအိမြို့ ငြိမ်းချမ်းရေးဆု ချီးမြှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆာကားအိမြို့ ငြိမ်းချမ်းရေးဆု ချီးမြှင့် Reviewed by သစ်ထူးလွင် on 07:49 Rating: 5

4 comments:

pyilone said...

ဂုဏ်ယူပြီးရင်းဂုဏ်ယူရရင်းနဲ့ကိုဂုဏ်တွေကမဆုံးနိုင်တော့ပါဘူး။ဒါပေမဲ့ဂုဏ်တွေအားလုံးနဲ့ကလဲထိုက်တန်နေတယ်။တစ်ခုတော့သတိကြီးကြီးထားရမယ်။အဲဒါက တော့မ ကောင်းတဲ့သူတွေပါလာမှာကိုဘဲ။သူများကိုမြင် သာပေမဲ့ကိုယ့်အထဲမှာကျမြင် တွေ့ဘို့ခက်တယ်။ဗိုလ်ချုပ်ကိုလုပ်ကြံတာဟာလဲအနီးဆုံးလူဘဲ။ဆိုရှယ်လစ်စနစ်ကျဆုံးအောင် လုပ်တာလဲသူတို့လူတွေဘဲ။ ၈၈ အ ရေးအခင်းမဖြစ်ခင် ဆယ်နှစ်လောက်ကသူတို့ထဲကခေါင်းဆောင် တစ်ယောက်က"ငါတို့လူတွေငါတို့ထိန်းလို့မရ တော့ဘူး "လို့ပြောတယ်လို့ကြားဘူးပါတယ်။ထောက်လှမ်းရေးဦးခင် ညွှန့်ကျဆုံးတာလဲသူ့ရဲ့လူတွေကြောင့်ပါ။ကြံ့ခိုင်ရေးကိုအကြည်ညိုနည်းစေတာ လျော့ပါး စေတာလဲသူတို့လူ တွေပါ။ဒါကြောင့်မို့သတိအသိကြီးကြီးထားပါ။အခွင့်အ ရေးယူမဲ့သူတွေကအခုဆိုအထဲ ရောက်နေ ချင်နေမှာ။

Anonymous said...

အမေရေ ဆုတွေရတာများလိုက်တာနော်။ အများအကျိုး
ဆောင်ရွက်သူဆိုတော့ ဂုဏ်ပြုတဲ့သူတွေများပြီပေါ့။
ရေမြင်ရင် ကြာတင့်ပါတယ် အမေရေ........။

win htway said...

အောင်ဆန်းစုကြည်ငြိမ်းချမ်းရေးဆုရတာမနည်းတော့ဘူးဗျ ဒါပဲမေ့ သူဘာအတွက်ငြိမ်းချမ်းအောင်လုပ်ပေးနေတာလဲ အခုဆိုဖြစ်နေတဲ့ပြသနာမနည်းဘူး သူဘာကိုငြိမ်းချမ်းအောင်လုပ်နေတာလဲ

Unknown said...

နိုင်ငံတကာကပေးတဲ့ဆု ဆိုတာ အကြောင်းမဲ့ပေးတာမရှိ။မထိုက်တန်ဘဲပေးတာမရှိ။ဆုလက်ံခံရတဲ့ ပုဂ္ဂိုလ် ကလည်း လိမ်ညာပြီးလုပ်ယူလို့ရတာမဟုတ်။မုဒိတာအမြင်ကဲဖို့ လိုမည် ဟုဝေဖန်သူကိုပြောလိုပါသည်။တစ်ဖက်သက်အမြင် တိုက်ခိုက်ချင်တဲ့အမြင်ဆိုးဖြင့် လောက၏ငြိမ်းချမ်းရေး ကိုတည်ဆောက်၍ရမည် မဟုတ်။သူတပါးအတွက် ဂုဏ်ယူဝမ်းမြောက်မှုဟူသောစိတ်သည် ဗြဟ္မစိုရ် တရားလေးပါး ဖြင့်နေသော ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အတွက် ထူးထူးခြားခြားတည်ဆောက်ပွားများနေဖို့မလိုတဲ့မုဒိတာတရားပါ။လောကကိုယထာဘူတကျကျ ရှုမြင်နိုင်ပါစေ။

Powered by Blogger.